ဒါကာ၊ နိုဝင်ဘာ (၂၅) 


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ  ဘလော့ဂါတစ်ဦးကို သတ်ဖြတ်မှုအတွက် အမျိုးသားနှစ်ဦး သေဒဏ်ချမှတ်ခံထားရပြီး အဲဒီတရားခံနှစ်ဦးဟာ  ဒါကာရှိ လူစည်ကားတဲ့တရားရုံးတစ်ခုကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နွယ်ဖွား အမေရိကန်နိုင်ငံသား အာဗစ်ဂျီရွိုင်ဟာ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ ဒါကာ စာအုပ်ဈေး ရောင်းပွဲကနေ ဇနီးဖြစ်သူနဲ့အတူ အိမ်ပြန်လာစဉ်မှာ ဓားနဲ့ခုတ်သတ်ခံခဲ့ရတာပါ။

သူ့ရဲ့ ဇနီးသည်ကလည်း ဘလော့ဂါတစ်ဦးပင်ဖြစ်ပြီး အဲဒီတိုက်ခိုက်ခံရမှုမှာ ဦးခေါင်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့ပြီး လက်မတစ်ချောင်း ဆုံးရှုံးခဲ့ရပါတယ်။

ဒီဖြစ်ရပ်အတွက် လက်နက်ကိုင် မွတ်ဆလင်အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်ငါးဦးကို ပြီးခဲ့တဲ့နှစ်က သေဒဏ်ချမှတ်ခဲ့ပြီး တစ်ဦးကိုတော့ ထောင်ဒဏ်တစ်သက်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

ဆိုင်ကယ်စီးလူတစ်စုဟာ ရဲတပ်ဖွဲ့ဝင်တွေကို ဓါတုဆေးတွေနဲ့ ဖြန်းခဲ့ပြီး တရားခံတွေကို ခေါ်ထုတ်သွားကြတာ ကြောင့် သေဒဏ်ချမှတ်ခံရသူတွေထဲက နှစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထွက်ပြေး လွတ်မြောက်သွား ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

“သူတို့ကိုရော သူတို့ကိုထွက်ပြေးနိုင်ဖို့  အကူအညီပေးတဲ့သူတွေကိုပါဖမ်းဖို့ ကြီးမားတဲ့ ရှာဖွေမှုတစ်ရပ်ကို စတင်လိုက်ပြီ” လို့ ပြည်ထဲရေးဝန်ကြီး က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတွင်းမှ ထွက်ပြေးနိုင်ချေရှိနေလို့ သူတို့ကို တားဆီးဖို့ နယ်စပ်လုံခြုံရေး အရာရှိတွေကို တပ်လှန့်ထားခဲ့ ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို ခြေရာခံဖို့အတွက် ဒေါ်လာနှစ်သောင်းနီးပါး အသုံးပြုသွားမယ်လို့လည်း ရဲတပ်ဖွဲ့က ကြေငြာခဲ့ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ အယ်လ်ကေးဒါးရဲ့ အားပေးအားမြှောက်ပြုထားတဲ့ အန်ဆာရူလာ ဘန်ဂလာ Ansarullah Bangla အဖွဲ့ဝင်တွေဖြစ်ပြီး အဲဒီအဖွဲ့ဟာ လောကီရေးရာ တက်ကြွလှုပ်ရှားသူတွေနဲ့ ဘလော့ဂါ တစ်ဒါဇင်ကျော်ကို သတ်ဖြတ်မှုနောက်ကွယ်မှာ ရှိနေတဲ့ သူတွေဖြစ်တယ်လို့  ရဲတွေက ပြောပါတယ်။

မွတ်ဆလင်အများစုနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ(ISIS) ၊အယ်လ်ကိုင်ဒါ မဟာမိတ်အဖွဲ့တွေဟာ ၂၀၁၃နဲ့ ၂၀၁၆ ခုနှစ်တွေအတွင်း ဘလော့ဂါတွေ၊ လောကီရေးရာ တက်ကြွလှုပ်ရှားသူတွေနဲ့  ဘာသာရေး လူနည်းစု တွေကို ဦးတည်တဲ့ လူအသေအပျောက်များတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Ref;Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.