မကွေးတိုင်းဒေသကြီးက အညာသူ၊အညာသားတွေဟာ အာဏာသိမ်း စစ်အုပ်စုကို ရရာလက်နက်တွေ စွဲကိုင်ပြီး ဆန့်ကျင်တော်လှန်နေတာ နှစ်နီးပါးကာလအတွင်းကို ရောက်ရှိလာပြီး ဖြစ်ပါတယ်။ စစ်အုပ်စုကတော့ မကွေးဒေသခံတွေကို အပြင်းအထန်ဆုံး ဖိနှိပ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေသလို နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ အစုအလိုက် အပြုံအလိုက် သတ်ဖြတ်မှုတွေကိုပါ ဆက်တိုက် ကျူးလွန်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ် အာဏာသိမ်းတဲ့ ၂၂ လတာကာလအတွင်း မကွေးတိုင်းဒေသကြီးမှာ ဘယ်လို အခြေအနေတွေ ဆက်လက်ရှိနေလဲ။ စစ်အုပ်စုဘက်က လူထုအပေါ် ဘယ်လိုပုံစံတွေနဲ့ ဆက်လက် ဖိနှိပ်လာသလဲ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မကွေးလူထုတိုက်ပွဲကော်မတီ တာဝန်ရှိသူ ကိုချစ်ဝင်းမောင်နဲ့ ဆက်သွယ်မေးမြန်းချက်။ အရင်ဆုံးအနေနဲ့ စစ်တပ် အာဏာသိမ်းပြီးနောက် မကွေးတိုင်းဒေသကြီးထဲမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ကျွန်တော်တို့မကွေးတိုင်းရဲ့လက်ရှိအခြေအနေကိုပြောရမယ်ဆိုရင် နိုင်ငံရေးအရပြောရမယ်ဆိုရင် ကျွန်တော်တို့မကွေးတိုင်းထဲမှာရှိတဲ့ပြည်သူလူထုတစ်ရပ်လုံးက တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေနည်းတူပါပဲ။နိုင်ငံရေးလွတ်လတ်ခွင့်၊အလုံးစုံဒါအမှောင်ကျနေတဲ့ အခြေအနေပဲဖြစ်ပါတယ်။ပြည်သူတွေရဲ့လွတ်လတ်စွာထုတ်ဖော်ပြောဆိုခွင့်၊လွတ်လတ်စွာဝေဖန်ပိုင်ခွင့်စသဖြင့် အဲ့လိုအခြေခံအခွင့်အရေးတွေဆိုတာလုံးဝစိတ်သုန်းနေတဲ့အခြေအနေပဲဖြစ်ပါတယ်။နောက်တစ်ခါ လူထုရဲ့စားဝတ်နေရေးကြပ်တည်းမှုတွေကလည်းပိုပြီးတော့မြင့်တက်နေတဲ့အခြေအနေမှာပဲရှိပါတယ်။

ကျွန်တော်တို့စစ်ရေးအရပြောမယ်ဆိုရင် မကွေးတိုင်းအတွင်းမှာအခြားတိုင်းတွေပြည်နယ်တွေနဲ့ထိစပ်နေတဲ့စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ချင်းပြည်စတဲ့ အဲ့လိုဒေသတွေနဲ့ထိစပ်နေတဲ့နေရာတွေပေါ့၊ပခုက္ကခရိုင်ပေါ့၊ဂန့်ဂေါ်ခရိုင်တို့အဲ့အတွင်းမှာရှိတဲ့အဲ့အနီးအနားမှာရှိတဲ့ မြို့တွေရွာတွေဒေသတွေကတော့ဖြင့် စစ်ရေးအရပိုပြီးတော့တင်းမာမှု အရှိဆုံးဒေသတွေလို့ သုံးသပ်လို့ရပါတယ်။အဲ့ဒေသတွေမှာဆိုရင် စစ်အုပ်စုရဲ့ အကြမ်းဖက်တပ်တွေနဲ့ပြည်သူကာကွယ်ရေးတပ်တွေ မကြာခဏဆိုသလို ရင်ဆိုင်တိုက်ပွဲတွေ ထိတွေတိုက်ပွဲတွေဖြစ်တယ်။စစ်ရေးတင်းမာမှုတွေရှိတယ်လို့ကျွန်တော်တို့ သိရှိရပါတယ်။နောက်တစ်ခါစစ်အုပ်စုက ဒါဘာမဆိုင်ညာမဆိုင်ရွာတွေထဲဝင်ပြီးတော့ပြည်သူတွေရဲ့အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးတာ။နောက်တစ်ခါဖမ်းဆီးသတ်ဖြတ်တာ ။နောက်တစ်ခါရွာလုံးကျွတ်မီးရှို့တာတွေကိုလည်း တောက်လျောက်ကြားသိနေရတယ်။အခုဆိုရင်စိတ်အေးလက်အေးရိုးသားစွာနေထိုင်ကြတဲ့အညာသူအညာသားတို့ရဲ့ရင်ထဲမှာ စစ်အုပ်စုကမီးရှို့လို့ ပူတဲ့ အပူမျိုးစုံနဲ့ နေ့တိုင်းရင်ဆိုင်ဖြတ်သန်းနေကြလျက်ရှိပါတယ်။စစ်ရေးကိုပြောတဲ့အခါမှာခုနကကျွန်တော်ပြောသလိုပဲ  စစ်ရေးတင်းမာမှုတွေက အများဆုံးရှိပါတယ်။သို့သော်မကွေးတိုင်းထဲမှာရှိတဲ့အခြားမြို့တွေ အခြားနေရာတွေအခြားဒေသတွေမှာ စစ်ရေးကလုံးဝတိတ်ဆိတ်နေသလား။အဲ့လိုလည်းမဟုတ်ပါဘူး။တခြားဒေသတွေတခြားမြို့တွေမကွေးမြို့အ ပါအဝင်တခြားနေရာတွေမှာလည်း အခြေအနေပေါ်မူတည်ပြီး ကျွန်တော်တို့ရဲဘော်များဟာ အလျဉ်းသင့်သလို စစ်ရေးလှုပ်ရှားမှုတွေလုပ်တယ်။သတင်းများမှာလည်းဖတ်ရှုရပါတယ်။သိရှိရပါတယ်။မကွေးတိုင်းကစစ်အုပ်စုရဲ့ပင်မနေရာလို့ပြောလို့ရတယ်။နေပြည်တော်နဲ့လည်းနီးနီးကပ်ကပ်တည်ရှိနေတဲ့ဒေသလည်းဖြစ်တယ်။ကပစတွေအများဆုံးရှိတဲ့ဒေသလို့လည်းပြောလို့ရတယ်။နောက်တခါမကွေးတိုင်းမှာလေတပ်ကလည်းအထိုင်ရှိနေတယ်။ဆိုတော့ဒီလိုအခင်းအကျင်းတွေကြားမှာတော့ မကွေးတိုင်းမှာရှိတဲ့ ခုခံတော်လှန်စစ်မှာပါဝင်နေတဲ့ ရဲဘော်တွေရဲ့စစ်ရေးလှုပ်ရှားမှုမှာအင်မတန်ကိုပဲ ခက်ခဲကြပ်တည်းစွာ သတိကြီးကြီးထားပြီးတော့ ရင်ဆိုင်ရုန်းကန်နေရတဲ့အခြေအနေမှာရှိပါတယ်ခင်ဗျ။

အခုလို နှစ်ဖက်တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတဲ့ မကွေးတိုင်းဒေသကြီးမှာ စစ်ကောင်စီဘက်က ရွေးကောက်ပွဲ လုပ်ဖို့ ကြိုးပမ်းလာတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ၊ ဒီအပေါ်မှာ ဘယ်လို သဘောထားမှတ်ချက်ပေးလိုပါသလဲ။

ဟုတ်ကဲ့ခင်ဗျာ။အခုကာလကတော့ကျွန်တော်တို့နိုင်ငံမှာ ဘေးဒုက္ခတွေအင်မတန်ရင်ဆိုင် နေရတဲ့ကာလပဲဖြစ်ပါတယ်။စစ်ရေးတင်းမာမှုတွေကလည်းနေရာတကာရှိနေတယ်။ရွေးကောက်ပွဲဆိုတာမျိုးက တတို်ငးပြည်လုံးမှာရှိတဲ့ပြည်သူအားလုံးက  တကယ့်ကိုပဲကိုယ်နှစ်သက်သဘောကျတဲ့ ကိုယ်လေးစားအားကိုးတဲ့ နိုင်ငံရေးပါတီများပုဂ္ဂိုလ်များကို ရွေးချယ်ပြီးတော့ကျွန်တော်တို့လူထုရဲ့တာဝန်များကို ပေးအပ်တဲ့ဒီမိုကရေစီလုပ်ထုံးလုပ်နည်းတစ်ခုပဲဖြစ်ပါတယ်။ဒီမိုကရေစီကိုချီတက်တဲ့လမ်းစတစ်ခုပဲဖြစ်ပါတယ်။သို့သော် ဒီဟာသည်ဒီမိုကရေစီကိုချီတက်တဲ့လမ်းစတစ်ခုဆိုသော်လည်း ဒီမိုကရေစီနဲ့ဆန့်ကျင်ဘက်မှာလုံးလုံးလျားလျားရှိနေတဲ့ ဒီစစ်အာဏာရှင်တွေကဖန်တီးတဲ့ရွေးကောက်ပွဲဆိုတာသည်ဒါလုံးဝဒီမိုကရေစီနဲ့မသက်ဆိုင်တဲ့ ဒီမိုကရေစီကိုအရောက်ချီတက်မယ့် ဒါဖြစ်စဉ်မဟုတ်နေပါဘူး။ဒါဟာစစ်အုပ်စုရဲ့လိမ်လည်လှည့်ဖျားမှုတစ်ခုပဲဖြစ်ပါတယ်။စစ်အုပ်စုကသူတို့ရဲ့အာဏာတည်မြဲရေး သူတို့ဆက်လက်ပြီးတော့ပြည်သူကိုစိတ်ကြိုက်ချုပ်ကိုင်နိုင်ရေး၊ချယ်လှယ်နိုင်ရေး၊ဖိနှိပ်ဖို့ဒီအတွက်သူတို့အကျိုးစီးပွားအတွက်ပဲ လုပ်တဲ့လှုပ်ရှားမှုတစ်ခုသာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ပြည်သူတွေကတော့စစ်အုပ်စုရဲ့ ဘယ်လှုပ်ရှားမှု၊ဘယ်လုပ်ရပ်ကိုမှလက်သင့်ခံမှာမဟုတ်ဘူး။ အာဏာစသိမ်းတဲ့အချိန်ကစပြီး အခုချိန်ထိပြတ်ပြတ်သားသား ကျွန်တော်တို့ဆန့်ကျင်တိုက်ပွဲဝင်နေဆဲ ရှိပါတယ်။ဒါကိုလည်းကျွန်တော်တို့ကမ္ဘာရောတိုင်းသိပြည်သိပြီးသားဖြစ်ပါတယ်။အခုလိုနိုင်ငံတကာအပါအဝင်ကျွန်တော်တို့ပြည်သူတွေကလည်း ဒီစစ်အာဏာရှင်စနစ်နဲ့စစ်အာဏာရှင်တွေကကျင်းပမယ့်ရွေးကောက်ပွဲကို လုံးဝလက်သင့်မခံဘူး။လုံးဝလက်သင့်ခံလို့မရဘူး။ပါဝင်လှုပ်ရှားမှုတွေထိတွေ့မှုတွေမလုပ်အပ်ဘူးဆိုတာကိုကျွန်တော်တို့သိစေချင်ပါတယ်။ကျွန်တော်တို့ဒီအတိုင်းပဲနွေဉီးတော်လှန်ရေးကြီးရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့စစ်အာဏာရှင်စနစ်ကင်းမဲ့တဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို မရောက်ရောက်အောင် ဆက်လက်ချီတက်ကြဖို့ပဲ ကျွန်တော်ကတိုက်တွန်းလိုပါတယ်။

နောက်တစ်ခုက မကွေးတိုင်းဒေသကြီးထဲမှာ စစ်အုပ်စုက လူထုအပေါ် ဘယ်လို အကြမ်းဖက်မှုတွေ ဆက်လက် ကျုးလွန်လာပါလဲ။ ဘယ်လိုပုံစံမျိုးတွေကို အဓိကတွေ့ရပါလဲ။

ဟုတ်ကဲ့။မကွေးတို်ငးအတွင်းမှာ အကြမ်းဖက်မှုတွေရှိနေပါတယ်။ဘယ်လိုအကြမ်းဖက်မှုတွေရှိနေသလဲဆိုတော့ ဒါလူအများသိတဲ့ဖြစ်စဉ်တွေကို ကျွန်တော်တို့ဉပမာပေးပြီးပြောရမယ်ဆိုရင် မကွေးတို်ငးအတွင်းမှာ အသက်မပြည့်သေးတဲ့ကလေးငယ်တွေကိုတော်လှန်ရေးကိစ္စတွေလုပ်တယ်ဆိုပြီးစစ်အုပ်စုကဖမ်းဆီးပြီးတော့ နှိပ်စက်တာတွေဖြစ်တဲ့ ဖြစ်စဉ်တွေလည်းတောက်လျှောက်ရှိခဲ့တာရှိပါတယ်။ နောက်တစ်ခုကကျွန်တော်တို့အမျိုးသမီးတွေကိုမုဒိန်းကျင့်သတ်ဖြတ်တာတွေ သက်ကြီးရွယ်အိုတွေပါသတ်ဖြတ်တာတွေ ကလေးသူငယ်တွေပါမချန် သတ်ဖြတ်တာတွေဒီလိုမျိုးလူ့အခွင့်အရေးချိုးဖောက်တဲ့ဖြစ်စဉ်တွေကလည်းမြောက်များစွာရှိနေပါတယ်။တခါပြည်သူအိုးအိမ်တွေကို ဖျက်ဆီးတာနောက်တခါရွာလုံးကျွတ်မီးရှို့တဲ့ကိစ္စတွေဒါတွေကလည်းတောက်လျှောက် ရှိနေပါတယ်။အဲ့လိုမျိုးအကြမ်းဖက်မှုတွေကတော့ စဉ်ဆက်မပြတ်ရှိနေပါတယ်။

စစ်အုပ်စုရဲ့ လူထုအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး တုံ့ပြန်ချင်တာ ရှိမလဲ။

အကြမ်းဖက်မှုတွေကတော့လုံးဝလက်သင့်မခုံနိုင် လုံးဝမဖြစ်သင့်တဲ့ကိစ္စတွေပဲဖြစ်ပါတယ်ခင်မျာ။အခုဆိုရင်အညာပြည်သူတွေဟာ တကယ့်ကိုပဲဒေသရဲ့အပူနွေ စစ်အုပ်စုကပေးတဲ့အပူတွေ စသဖြင့်ပေါ့အပူတကာ့အပူတွေအားလုံးကိုရင်စည်းခံနေရတဲ့အချိန်ကာလတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်မို့လိုကျွန်တော်တို့အကြမ်းဖက်မှုတွေကို ရပ်တန့်ပစ်ဖို့လိုပါတယ်။အကြမ်းဖက်မှုတွေရပ်တန့်ဖို့ဆိုတာကလည်း ကျွန်တော်တို့နည်းလမ်းသုံးဖို့ တစ်ခုသာရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ ဒီအကြမ်းဖက်မှုတွေသည် စစ်အာဏာရှင်စနစ်ကနေမှ စတင်ဖြစ်ပေါ်လာတဲ့ကိစ္စရပ်တွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ စစ်အာဏာရှင်စနစ်ကိုရပ်တန့်နိုင်မှ ဒီအကြမ်းဖက်မှုတွေကရပ်တန့်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့စစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့နိုင်ငံတွင်းကနေ အကြွင်းမဲ့ပပျောက်သွားအောင် ရင်ဆိုင်တော်လှန်ရုံမှတပါးအခြားမရှိပါဘူး။ကျွန်တော်တို့တော်လှန်ရေးမှတပါးအခြားမရှိပါဘူး။တော်လှန်ရေးကိုပဲဆက်လက်ရင်ဆိုင်တိုက်ပွဲဝင်ကြဖို့ ကျွန်တော်တို့တိုက်တွန်းလိုပါတယ်။ကျွန်တော်တို့မျှော်မှန်းတဲ့နွေဉီးတော်လှန်ရေးရဲ့ပန်းတိုင်ကိုမရောက်ရောက်အောင်ချီတက်သွားကြဖို့ပဲ ဖြစ်ပါတယ်။တိုက်တွန်းချင်ပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်း လက်နက်ကိုင်လမ်းစဉ်မဟုတ်ဘဲနဲ့ လူထုအခြေပြုလှုပ်ရှားနေတာတွေ ရှိသေးလား၊ ဘယ်လိုပုံစံမျိုးတွေနဲ့လှုပ်ရှားနေကြပါသလဲ။

မကွေးတိုင်းအတွင်းမှာလက်နက်ကိုင်လမ်းစဉ်ခုခံတော်လှန်စစ်နဲ့တိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေလည်းရှိပါတယ်။ဒီလိုပါပဲခုခံတော်လှန်စစ်မဟုတ်တဲ့ တော်လှန်စစ်အသွင်မဟုတ်တဲ့အခြားနည်းလမ်းတွေနဲ့ရုန်းကန်လှုပ်ရှားတိုက်ပွဲဝင်နေကြတဲ့ ကျွန်တော်တို့တော်လှန်ရေးအစုအဖွဲ့အင်အားစုတွေလည်းရှိပါတယ်။အဲ့တော့လူထုလှုပ်ရှားမှုတွေဉီးဆောင်တဲ့အဖွဲ့တွေလူထုလှုပ်ရှားမှုကိုဖော်ဆောင်နေတဲ့အဖွဲ့တွေကို ဒါပြောရမယ်ဆိုရင်ကျွန်တော်တို့ မကွေးလူထုတိုက်ပွဲကော်မတီတင်မဟုတ်ပါဘူး။တခြားလူထုအစုအဖွဲ့တွေရှိပါသေးတယ်။ဥပမာ-ပခုက္ကူလူထုတိုက်ပွဲကော်မတီရော ယောလူထုတိုက်ပွဲကော်မတီ၊အခြေခံပညာသပိတ်ကော်မတီမြိုင်မြို့နယ်ပေါ့။ဒီလိုမျိုးတွေလည်းရှိပါတယ်။ဆိုတော့ခုနကကျွန်တော်တို့ရဲဘော်တွေ လွှမ်းမိုးထားနိုင်တဲ့ဒေသတချို့မှာတော့ပိုပြီးတော့ လူထုလှုပ်ရှားမှုသပိတ်တွေကို တွေ့ရတာဖြစ်ပါတယ်။တွေ့လည်းတွေ့ကြရပါလိမ့်မယ်။သို့သော်အခြားနေရာတွေအခြားမြို့ရွာတွေမှာလည်း ကျွန်တော်တို့အခြေအနေပေါ်မူတည်ပြီးတော့ သပိတ်တွေချီတက်ပြီးတော့ဆောင်ရွက်နေတာတွေရှိပါတယ်။ပြည်သူကလည်းကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေမှာလည်း ပူးပေါင်းပါဝင်ဆောင်ရွက်တာတွေ့ရပါတယ်။အထူးသဖြင့်ပြောရမယ်ဆိုရင် ကျွန်တော်တို့တနိုင်ငံလုံးပါဝင်ဆောင်ရွက်ကြဖို့ခေါ်ထားတဲ့ သပိတ်တိုက်ပွဲတွေပေါ့။အထူးသဖြင့်အသံတိတ်သပိတ်တို့ ပြည်သူ့သစ္စာခံယူပွဲတို့အဲ့လို အခြေအနေမျိုးမှာမကွေးတိုင်းထဲကပြည်သူလူထုကတခဲနက်ပူးပေါင်းပါဝင်ကြတာကို ကျွန်တော်တို့အားတက်ဖွယ်တွေ့ရပါတယ်။ဒီအတွက်လည်း ပြည်သူတွေကိုအမြဲတမ်းကျေးဇူးတင်ဉီးညွတ်အလေးပြုရပါတယ်။ဆက်လက်ပြီးတော့ပြည်သူတွေရဲ့အားအင်တွေပြည်သူတွေရဲ့ထောက်ပံ့မှုတွေအများကြီးလိုအပ်နေပါသေးတယ်။တော်လှန်ရေးမှတပါးအခြားမရှိသလို

တော်လှန်ရေးရဲ့အဆုံးအဖြတ်ကလည်း ပြည်သူတွေကိုယ်တိုင်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ ပြည်သူတွေဟာတော်လှန်ရေးမှာဆက်လက် ပူးပေါင်းပါဝင်ကြဖို့ကူညီကြဖို့ ကျွန်တော်အနူးအညွတ်တောင်းဆိုလိုပါတယ်။

မကွေးတိုင်းဒေသကြီးမှာ စစ်အုပ်စုက နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ အစုအလိုက် အပြုံအလိုက် သတ်ဖြတ်မှုတွေကိုပါ ဆက်တိုက် ကျူးလွန်နေတာတွေ တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘယ်လို မှတ်ချက်ပေးလိုပါသလဲ။

မကွေးတို်ငးအတွင်းကိုတော့ဒီစစ်အုပ်စုက မီးရှို့တာတွေဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်လုပ်လာတာဖြစ်ပါတယ်။ဒီရက်ပိုင်းတင်ကို စစ်ရှောင်ရတဲ့ဒေသတွေစစ်ရှောင်ရတဲ့ကျေးရွာတွေအများကြီးရှိပါတယ်။မီးဘေးရှောင်ရတဲ့ဒေသတွေလည်းအများကြီးရှိပါတယ်။စစ်အုပ်စုဟာသူတို့အင်အားချို့နဲ့အောင်လုပ်တဲ့ အင်အားစုတွေ သူတို့အုပ်ချုပ်မှုလက်မခံတဲ့နေရာတွေဆိုရင်  လက်မခံကြောင်းကိုပြတ်ပြတ်သားသားဆန့်ကျင်တော်လှန်ပြတဲ့နေရာတွေဆိုရင် ပိုပြီးတော့သည်းကြီးမည်းကြီးနဲ့ ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့ သဘာဝကိုကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့ တော်လှန်ရေးအင်အားစုတွေကိုမီးရှို့တယ်ဆိုတဲ့ ပြည်သူပြညသားတွေကိုဖမ်းဆီးသတ်ဖြတ်တယ်ဆိုတဲ့အလုပ်တွေကိုလုပ်နေတာကိုကျွန်တော်တို့တောက်လျှောက် တွေ့နေရတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာကျွန်တော်တို့ကိုဖိလေလေပိုမာလေလေပဲဒီတော်လှန်ရေးကိုဆက်လက်ရုန်းကန်ရှင်သန်နေရမှာပဲဖြစ်ပါတယ်။စစ်အုပ်စုကကျွန်တော်တို့ကိုဖမ်းဆီးသတ်ဖြတ်မီးရှို့တာတွေလုပ်လာလေလေ ကျွန်တော်တို့ကလည်းပိုမာလာလေလေ၊ကျွန်တော်တို့ရဲ့တော်လှန်ရေးခံယူချက်ကလည်း ပိုပြီးပြင်းထန်လာလေပါပဲ။အဲ့ဒါကြောင့် ကျွန်တော်တို့ကတော့ ကျွန်တော်တို့ပြည်သူတွေနဲ့အတူတူပဲ။

ကျွန်တော်တို့တော်လှန်ရေးကြီးရဲ့အဆုံးသတ်ပန်းတိုင်ကိုပဲ မရောက်ရောက်အောင်ချီတက်သွားကြပါမယ်။

နောက်ဆုံးအနေနဲ့ မကွေးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။

မကွေးအခြေအနေနဲ့ပက်သက်ပြီးတော့ ကျွန်တော်တို့မကွေးတိုင်းအတွင်းမှာ စစ်အုပ်စုကိုခုခံတော်လှန်ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်များ၊တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကို ကျွန်တော်ကလေးစားဉီးညွတ်ကြောင်း ပြောလိုပါတယ်။ကျွန်တော်တို့မကွေးတို်ငးကတခြားတိုင်းဒေသပြည်နယ်များနည်းတူ ကျွန််တော်တို့ရင်ဆိုင်တိုက်ပွဲဝင်ဖို့ ဆက်လက်ပြီးအများကြီးကြိုးပမ်းဆောင်ရွက်ကြဉီးမှာဖြစ်ပါတယ်။ရဲဘော်တို့အနေနဲ့လည်းအချင်းချင်းစုဖွဲ့မှုတွေ လက်တွဲဆောင်ရွက်မှုတွေကိုပိုမိုပြီး ခိုင်ခိုင်မြဲမြဲဖြစ်အောင် ဆောင်ရွက်စေချင်ပါတယ်။ကျွန်တော်တို့လည်း ဆောင်ရွက်ဖို့အတွက်ကြိုးပမ်းနေပါတယ်ပေါ့။ဒီလိုပါပဲမကွေးတို်ငးကပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့တော်လှန်ရေးအင်အားစုများရဲ့ လှုပ်ရှားမှုတွေမှာပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြဖို့ အားပေးကူညီကြဖို့ကျွန်တော်တို့ပြောချင်ပါတယ်။ကျွန်တော်တို့ဒီလိုဆောင်ရွက်တာက မကွေးတိုင်းထဲကပြည်သူတော်လှန်ရေးအဖွဲ့များရဲ့တော်လှန်ရေးဟာ မကွေးတိုင်းပြည်သူများအတွက်တင်မကဘူး။တစ်နိုင်ငံလုံးရဲ့ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက်ကို ရည်စူးတော်လှန်နေတာဖြစ်တဲ့အတွက်ကြောင့် ပိုပြီးပါဝင်ဆောင်ရွက်ကြဖို့ အညာကရဲဘော်တွေ မကွေးတို်ငးထဲကရဲဘော်တွေကိုကူကြလှူကြထောက်ပံ့ကြဖို့အတွက် ကျွန်တော်ပြောလိုပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.