ဗမာ့လူငယ်ကွန်ရက်(ဗလက)ဟာ စစ်အာဏာရှင်ကျဆုံးရေးအတွက် လက်နက်ကိုင် လမ်းစဉ်အပြင် အကြမ်းမ ဖက်တဲ့ နည်းလမ်းတွေနဲ့လည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာ၊ တော်လှန်ရေးအတွင်း ပါဝင်သူတွေကို တတ် နိုင်တဲ့ဘက်ကနေ ရန်ပုံငွေတွေ ရှာဖွေပြီး ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဗမာ့ လူငယ်ကွန်ရက်(ဗလက) ထူထောင်ရတဲ့ အကြောင်းအရင်း၊ ရည်ရွယ်ချက်တွေ၊ လက်ရှိမှာရော တော်လှန်ရေး အတွက် ဘာတွေ လုပ်ဆောင်ပေးနေလဲ။ ဘယ်လို စိန်ခေါ်မှု အခက်အခဲတွေကို ရင်ဆိုင်နေရလဲ။ ဒီအခြေအနေ တွေနဲ့ ပတ်သက်ပြီး ဗမာ့လူငယ်ကွန်ရက်(ဗလက) ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုစန်းမင်းပိုင်နဲ့ ဆက်သွယ် မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ ဗမာ့လူငယ်ကွန်ရက် စတင်တည်ထောင်ဖြစ်တဲ့ အကြောင်းအရင်းနဲ့ ဘယ်လို ရည်ရွယ်ချက် တွေနဲ့  ဖွဲ့စည်းထားလဲဆိုတာ ရှင်းပြပေးပါဦး။

ကျွန်တော်တို့ ဗမာ့လူငယ်ကွန်ရက်က ရှင်းတယ်။ နာမည်နဲ့လိုက်အောင်ပဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေ၊ ကျွန်တော်တို့ တရားမျှတမှုကိုလိုလားတဲ့၊ မတရားမှုကိုဆန့်ကျင်မယ်ဆိုတဲ့ လူငယ်တွေ ဖွဲ့စည်း ထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုက သေနတ်ပြပြီးတော့ အာဏာသိမ်း တယ်။ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ အာဏာသိမ်းတယ်။ အာဏာသိမ်းကာလမှာ ကျွန်တော်တို့ သပိတ်တွေ ထွက်ကြတယ်။ အဲဒီအချိန်တွေမှာ စတင်ဖွဲ့စည်းတဲ့ အဖွဲ့တစ်ခုပဲ။ ကျွန်တော်တို့လည်း အကြမ်းမဖက်ပဲ ဆန့် ကျင်တယ်။ ကျွန်တော်တို့ ငြိမ်းချမ်းစွာဆန္ဒပြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူတွေကို ကြက်ကလေး၊ ငှက်ကလေးလို သတ်ဖြတ်ခံရတယ်။ ရွာလုံးကျွတ်မီးရှို့ခံရတယ်။ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကြုံရတဲ့အခါမျိုး မှာ ကျွန်တော်တို့က လက်နက်ကိုင်တော်လှန်ခြင်းမှလွဲပြီး တပါးမရှိတော့ဘူးဆိုတဲ့ ကျွန်တော်တို့ရဲ့ ခံယူချက်တွေ နဲ့ ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဘက်ကို ကူးပြောင်းလာတယ်။ လက်နက်ကိုင် တော်လှန် ရေး အားကောင်းလာတဲ့အခါ ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ရေးဘက်က လိုအပ်တဲ့ဟာတွေကိုထောက် ပို့ လုပ်ဖို့အတွက် ကျွန်တော်တို့ UGမစ်ရှင်တွေ၊ ပြောက်ကျားမစ်ရှင်တွေ လုပ်ဆောင်တယ်။

လက်ရှိအချိန်အထိ ပြောက်ကျားသပိတ်ကို လုပ်ဖို့အတွက် ကျွန်တော်တို့ရရာနေရာကနေ အကောင်းဆုံး လုပ် ဆောင်နေပါတယ်။ အဲဒီလိုလုပ်ဆောင်နေရင်းနဲ့မှ အထဲရောက်သွားတဲ့ ကျွန်တော်တို့ရဲဘော်တွေ ကျွန်တော်တို့ ဗမာ့လူငယ်ကွန်ရက်မှ ရဲဘော်မဟုတ်ဘူး တခြားစပ်မိစပ်ရာ ရဲဘော်တွေကို   တတ်နိုင်သလောက် ထောင်ဝင်စာ ပြန်ပို့နေတာမျိုးလည်း ရှိတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ပြည်သူလူ ထုကို ကြက်ကလေး၊ ငှက်ကလေးတစ်ကောင်လို့ သတ်ဖြတ်နေတဲ့ သေနတ်ရှိရင်၊ အာဏာရှိရင်၊ ငွေကြေးရှိရင် လုပ်ချင်တိုင်းလုပ်နေတဲ့ ဗိုလ်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို လုံးဝရှုတ်ချတယ်။

ကျွန်တော်တို့ခေတ်မှာ ကျွန်တော်တို့ စစ်ကျွန်ပညာရေးစနစ်ကြုံတွေ့ခဲ့ရတယ်။ ကျွန်တော်တို့ လူငယ်ဘဝ လွတ် လတ်ခွင့်တွေ ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော်တို့ လူ့အခွင့်အရေးတွေများစွာ ချိုးဖောက်ခံခဲ့ရတယ်။ ဒါတွေကို ကျွန် တော်တို့ နောက်မျိုးဆက်ကလေးတွေကို လက်ဆင့်မကမ်းချင်ဘူး။ ဒါကို ကျွန်တော်တို့ ခေတ်မှာတင် အမြစ်က လှန်ရမယ်။ ကျွန်တော်တို့ သင်းသတ်ပြစ်ရမယ်။ အဲဒီလိုမျိုး ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့အဖွဲ့အစည်းကို ဦး ဆောင်ပြီးတော့ ဒီနေ့အချိန်အထိ လုပ်ဆောင်လာတာ တစ်နှစ်ကျော်၊ နှစ်နှစ်ကာလ အထိကို ရောက်ရှိလာခဲ့ပြီ။

ဒီနေ့အထိ ကျွန်တော်တို့နေရာပေါင်းစုံ ဖြန့်ကျက်ပြီးတော့ အကောင်းဆုံးလုပ်ဆောင်တဲ့အတွက် ကျွန်တော်တို့ ရဲဘော်တွေအတွက် ဂုဏ်ယူတယ်။ ကျွန်တော်တို့ရဲ့ ဗမာ့လူငယ်ကွန်ရက်ကို ဗမာတစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ် တိုင်းကပါဝင် ပူးပေါင်းပြီးတော့ လုပ်ဆောင်နိုင်တယ်။ ကျွန်တော်တို့ မူဝါဒက ရှင်းရှင်းလေးပဲ။ တရားမျှတမှုကို လိုလားတယ်။ မတရားမှုကို ဆန့်ကျင်တယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးဖို့အတွက် ကျွန်တော်တို့ အတူတကွ လုပ်ဆောင်လို့ရတယ်။ ကျွန်တော်တို့ဆီကို ပူးပေါင်းပါဝင်လာလို့ရတယ်။ အတွေးအခေါ် တော် လှန်ရေးတစ်ရပ်အနေနဲ့ သေနတ်ရှိရင်၊ အာဏာရှိရင်၊ ငွေကြေးရှိရင် လုပ်ချင်တာလုပ်လို့ရတယ်ဆိုတဲ့ စိတ် ဓာတ်လေးတွေ သင်းသတ်ပြစ်ဖို့လိုတယ်။ အဲဒီလို သင်းသတ်ထားတဲ့လူနဲ့မှ ကျွန်တော်တို့ ဗမာ့လူငယ်ကွန်ရက် က ရဲဘော်တွေနဲ့ ရေရှည်မှာအဆင်ပြေပြီးတော့ ကျွန်တော်တို့ တော်လှန်ရေးလုပ်ငန်းတွေ ကောင်းမွန်စွာ လုပ် ဆောင်နိုင်မယ်လို့တော့ ပြောကြားချင်ပါတယ်။

-ဗမာ့လူငယ်ကွန်ရက်အနေနဲ့ လက်ရှိမှာရော တော်လှန်ရေးအတွက် ဘယ်အရာတွေကို အဓိကထားပြီး လုပ်ဆောင်ဖြစ်နေလဲ။

ဟုတ်ကဲ့။ ကျွန်တော်တို့ ဗမာ့လူငယ်ကွန်ရက်က လက်ရှိမှာ တော်လှန်ရေးမှာ ဘာကိုအဓိကထားပြီး လုပ် ဆောင်နေလဲဆိုရင် ကျွန်တော်တို့ အကြောင်းရင်းတစ်ခုတည်းတော့ မရှိပါဘူး။ ရရာနေရာကနေ ကျရာတာဝန် တွေ ထမ်းဆောင်ရင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးဖို့အတွက် ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က တွန်းလှန်၊တော်လှန်တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့် ကျွန်တော် အဲဒီလိုပြောရလဲဆိုရင် ကျွန်တော်တို့ လက်ရှိဗမာ့လူငယ်ကွန်ရက်မှာ ကျွန်တော်တို့ရဲဘော်တွေက နိုင်ငံရေးအင်အားစုဘက်က ရဲဘော်တွေလည်း ရှိတယ်။ စစ်မြေပြင်မှာ၊ တောတောင်တွေမှာ၊ တပ်မဟာတွေထဲမှာ လက်နက်ကိုင်လမ်းစဉ်နဲ့ စစ်အာဏာရှင်စ နစ်ကို တော်လှန်နေတဲ့ ရဲဘော်တွေလည်းရှိတယ်။ လက်ရှိအချိန်အထိ မြေပြင်မှာ သပိတ်ထွက်နေတဲ့ ရဲဘော် တွေလည်းရှိတယ်။ ပြောက်ကျားလမ်းကို ရွေးချယ်ပြီး မြို့ပြတွေမှာ မစ်ရှင်တွေလုပ်နေတဲ့ ရဲဘော်တွေလည်း ရှိတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ ထောင်ဝင်စာလုပ်ငန်းတွေ လုပ်ဆောင်နေတာရှိတယ်။ နှင်းဆီလက် ဆောင်Rose giftပေါ့။

အဲဒီကရတဲ့ ငွေတွေကို စာရင်းတိကျစွာ တကယ်လိုအပ်နေတဲ့ မြန်မာတစ်နိုင်ငံလုံးမှာ စစ်အာဏာရှင် အမြစ်ဖြတ် ကျဆုံးဖို့အတွက် လုပ်ဆောင်နေတဲ့ ကျွန်တော်တို့ မဟာမိတ်တွေ၊ တပ်တော်တွေကို ကျွန်တော်တို့ စီးဝင်နေတာ မျိုးတွေရှိတယ်။ ဆိုတော့ ကျွန်တော်တို့က စစ်အာဏာရှင်အမြစ်ပြတ် ကျဆုံးဖို့အတွက် ရရာနေရာကနေ လုပ် ဆောင်နေတာမျိုးဆိုရင် ပိုမှန်ပါလိမ့်မယ်ခင်ဗျ။

-ဗမာ့လူငယ်ကွန်ရက်အနေနဲ့ ဖမ်းဆီးခံရတဲ့သူတွေအပြင် တော်လှန်ရေးမှာ ဘယ်လို ကူညီထောက်ပံ့တာတွေ လုပ်ဆောင်ပေးနေလဲ။

ကျွန်တော်တို့ သံတိုင်နောက်ရောက်နေတဲ့ ရဲဘော်တွေကို ထောင်ဝင်စာပို့နေတာမျိုးတွေ လုပ်ဆောင်နေတယ်။ လက်နက်ကိုင် အင်အားစုတွေကို လိုအပ်တဲ့ အလှူငွေတွေကို နှင်းဆီလက်ဆောင်Rose giftကရှာပြီးတော့ လုပ်ဆောင်ပေးနေပါတယ်။ မြို့ပြတွေမှာ သပိတ်တွေဆက်ထွက်နိုင်ဖို့အတွက် မြေပြင်သပိတ်ကော်မတီမှာ ပူးပေါင်းပါဝင်တာမျိုးတွေ လုပ်ဆောင်နေတာတွေရှိတယ်။ ကျွန်တော်တို့ ပြောက်ကျားမစ်ရှင်တွေ ရှိတယ်။

ခုနက ကျွန်တော်ပြောသွားသလိုပဲ အဓိကဆိုတာမျိုးတော့ မရှိဘူး။ ကျွန်တော်တို့ ရရာနေရာကနေ ကျရာတာ ဝန်ကို ထမ်းဆောင်ပြီးတော့ ကျွန်တော်တို့လုပ်လို့ရသမျှအကုန် ကြိုးစားလုပ်ဆောင်နေတယ် ဆိုပိုမှန်ပါလိမ့်မယ် ခင်ဗျ။

-ဆိုတော့ ကိုစန်းမင်းပိုင်က အရင်က လူငယ် Rapper တစ်ယောက်လို့ သိရပါတယ်။ ဘာကြောင့် ထောက်ပို့ တပ်သား ဘဝကို ပြောင်းလဲခဲ့တာလဲ။ ပြီးတော့ လက်ရှိမှာရော ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်နေရလဲ။

ကျွန်တော်က အရင်တုန်းကဆိုရင် လွတ်လပ်မှု၊ လွတ်လပ်တဲ့ စတိုင်ကိုကြိုက်လို့ အဲဒီဘက်အပိုင်းကို သွား တာ။ လွတ်လတ်ခွင့်ကို မြတ်နိုးတယ်။ လူငယ်ဘဝလွတ်လပ်ခွင့်ကို မြတ်နိုးတယ်။ ပေါ့ပေါ့ပါးပါး စတိုင်ပဲနေတယ်။ အဲဒီလို နေလာတဲ့ သက်တမ်းတလျှောက်မှာ ဖေဖော်ဝါရီလ၁ရက်နေ့မှာ စစ်အုပ်စုက အာဏာသိမ်းတယ်။ စစ် အုပ်ချုပ်ရေးအသွင်သဏ္ဏာန် ပြောင်းတယ်။ ဒါကို မတရားဘူးလို့ ကျွန်တော့်စိတ်က သိတယ်။ ကျွန်တော်တို့ သမိုင်းမှာလည်း ကြုံခဲ့ရတာမျိုးတွေရှိတယ်။ ပြီးတော့ ကျွန်တော်တို့ ပြည်သူတွေ ခုနကပြောသွားသလိုပဲ ပစ်ခတ် သတ်ဖြတ်ခံရတယ်။ လက်နက်မပါ၊ အပ်တိုတစ်ချောင်းတောင် ပါမလာတဲ့ ကျွန်တော်တို့ ပြည်သူတွေကို သေ နတ်တွေနဲ့ပစ်တယ်။ ဒီလိုပစ်ခတ်သတ်ဖြတ်တာမျိုးတွေ ကျွန်တော်တို့ရှုတ်ချတယ်။ ကျွန်တော်တို့တော်လှန်မှ ရမယ်။ ကျွန်တော်တို့ သမိုင်းမှာဆိုးခဲ့တဲ့ စစ်အုပ်ချုပ်ရေးဆိုတာကြီး၊ စစ်ကျွန်ပညာရေးစနစ်ကို ကျွန်တော်တို့ အများကြီးကြုံရတော့ ဒါကိုနောက်မျိုးဆက်ကို လက်ဆင့်မကမ်းချင်ဘူး။ ကျွန်တော်တို့ ပါဝင်လာတယ်။ ပါဝင် လာရင်းနဲ့ပဲ ကျွန်တော်တို့ ဘေးနားကရဲဘော်တွေ ကျွန်တော်တို့တောတောင်တွေမှာ စစ်ပညာသင်တယ်။ ကျွန်တော်တို့ မစ်ရှင်တွေလုပ်ဆောင်တယ်။ ဖမ်းဆီးခံရတယ်။ အထဲရောက်သွားတယ်။ အထဲမှာ ဒီလိုမျိုးဆိုး ဝါးလှတဲ့ဖိနှိပ်မှုတွေ ခံစားခဲ့ရတယ်။ ဒါကို ကျွန်တော်တို့ပြန်လုပ်မယ်၊ ပြန်ပါဝင်လို့ရသေးတယ်ဆိုပြီး အပြင်ကို ပြန်ထွက်လာတယ်။ ပြန်ထွက်လာတဲ့အချိန်မှာလည်း လက်ရှိအချိန်အထိ တော်လှန်ရေးအင်အားစုမှာရော၊ နိုင်ငံရေးအင်အားစုမှာရော ကျွန်တော်ရှိနေဦးမှာ။ ကျွန်တော်လုပ်နိုင်တဲ့ဟာထက်ကို ပိုပြီးတော့ လုပ်ဆောင် နေတဲ့ အခန်းကဏ္ဍတွေကို ပါဝင်နေဦးမှာပါ။

-နောက်ဆုံးအနေနဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဘာတွေများ ပြောချင်တာရှိမလဲ။

လက်ရှိကျွန်တော်တို့က နွေဦးတော်လှန်ရေး၊ စစ်အာဏာရှင်ကျဆုံးရေးတိုက်ပွဲမှာ နေရာတွေ၊ ဒေသတွေ မတူ ဘူး။ လူမျိုးတွေမတူဘူး။ မူဝါဒတွေမတူဘဲ ကျွန်တော်တို့က ဒီမှာဘုံမူဝါဒနဲ့ စစ်အာဏာရှင်ကို တော်လှန်နေကြ တယ်။ တော်လှန်နေကြတဲ့အပေါ်မှာ ဘာကြောင့်တော်လှန်တာလဲဆို သေနတ်ပြောင်းဝတေ့ပြီးတော့ ဖိနှိပ်ခံ နေရတဲ့ လူထုကို ကယ်တင်ဖို့ ကျွန်တော်တို့ လူထုအကျိုးလုပ်နေတာပဲ။ ကျွန်တော်တို့ ရဲဘော်တွေအကုန်လုံးက ကျွန်တော်အပါအဝင် ဗမာ့လူငယ်ကွန်ရက်က ခံယူထားတဲ့အပိုင်းဆို ကျွန်တော်တို့ပါတီဖြစ်စေ၊ ကျောင်းသား သမဂ္ဂ ဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ၊ အစိုးရဖြစ်စေ၊ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်စေ ကျွန်တော်တို့ အကုန်လုံး က ပြည်သူလူထုကို အကျိုးပြုပါမယ်ဆိုပြီး ဖွဲ့စည်းထားတဲ့အတွက်ကြောင့် ကျွန်တော်တို့အဖွဲ့အစည်း သမဂ္ဂ တွေ အားလုံးရဲ့ ပင်မကျောရိုးက လူထုပဲ။

ဥပမာပြောရရင် CDMလုပ်တဲ့ဝန်ထမ်းတွေကို စစ်ကောင်စီကတိုက်ခိုက်တယ်။ Non CDM သမားတွေကို ကျွန် တော်တို့ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်နေတာမျိုးတွေ SOCIAL PUNISHMENT လုပ်နေတာမျိုးတွေ မှာ ကျွန်တော်တို့ ပြည်သူလူထုကို ပြန်ပြီးတော့ဒုက္ခပေးတာနဲ့ တူတယ်လို့ ကျွန်တော်တို့ကသုံးသပ်တယ်။ ပြီး တော့လက်ရှိ ကျွန်တော်တို့တော်လှန်ရေးမှာ ကျွန်တော်တို့ရဲ့ နိုင်ငံရေးအင်အားစုတွေ ဘက်မှာပေါ့။ ကျွန်တော် တို့ ခေါင်းဆောင်ပိုင်းတွေက နိုင်ငံရေး ရိုးသားမှုမရှိတာတွေ၊ ပြည်သူလူထုကို အတွေးအခေါ်ပိုင်းဆိုင်ရာ ချုပ် ကိုင်ထားတာတွေကြောင့် အခက်အခဲတွေအများကြီး ကြုံတွေ့နေရတယ်။ ပြီးတော့ အဖွဲ့အစည်းများစွာတွေ ထဲမှာမှ တစ်ဦးနဲ့တစ်ဦးခံယူချက်မတူတာ၊ မူဝါဒမတူတာတွေနဲ့ အမုန်းတရားတွေနဲ့ ရှင်သန်နေတဲ့အတွက် ကြောင့် ကျွန်တော်တို့တော်လှန်ရေးက ရေရှည်ရှေ့ကို ခရီးရောက်ဖို့လည်း တော်တော်ကြီးကို ကြန့်ကြာ နေသေး တယ်။ တကယ်လို့ ကျွန်တော်တို့သာ လက်ရှိတပ်ပေါင်းစုတစ်ခုအနေနဲ့ စည်းလုံးညီညွတ်စွာ စုပေါင်းနိုင်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေး လက်ရှိတော်လှန်ရေးက အရှိန်အဟုန်ကောင်း စွာနဲ့ ရှေ့ကိုဆက်ပြီး ချီတက်နိုင်မှာပဲလေ။ ဖြစ်နိုင်လို့ရှိရင် အကုန်လုံးက တပ်ပေါင်းစုတစ်ခုအနေနဲ့ ရပ်တည် သင့်တယ်။ ခက်ခဲတယ်ဆိုတာတော့ ရှိမယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်မှာလည်း ခေါင်းဆောင်ပိုင်းတွေ၊ ကျွန်တော်တို့ စီနီယာတွေ ကိုယ်တိုင်ကလည်း မဟာမိတ်ပေါင်းစည်းရေးအတွက် ကြိုးစားလုပ်ဆောင်နေပါတယ် လို့။ ပြည်သူလူထုအနေနဲ့ရော၊ တော်လှန်ရေးအနေနဲ့ရော ဒါက လူထုလွတ်မြောက်ရေးအတွက် ကျွန်တော်တို့ အားလုံးအတူတူ ရုန်းကန်ရမယ့် တော်လှန်ရေးပဲဖြစ်တာကြောင့် လူထုအားလုံးပါဝင်မှ အမြန်ဆုံး ကျွန်တော်တို့ ခရီးရောက်ပါလိမ့်မယ်။ကျွန်တော် ဒီလောက်ပဲပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.