ဖနွမ်းပင် – နိုဝင်ဘာ(၂၅) 

စင်္ကာပူကာကွယ်ရေးဝန်ကြီး နန်အန့်ချ်ဟန်က ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ မှာ ကျင်းပတဲ့ (၉) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး  Asean Defence Ministers’ Meeting-Plus (ADMM-Plus) မှာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မြှင့်တင်ဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။ 

အွန်လိုင်းစနစ်နဲ့ (၂) နှစ်ကျော်ကြာ ကျင်းပပြီးနောက် ဒီ ADMM Plus အစည်းအဝေးကို ပထမ ဆုံးအကြိမ်လူတွေ့ကျင်းပခဲ့တာဖြစ်ပြီး ဒေါက်တာနန်နဲ့ သူ့ရဲ့ ဆွေးနွေးဘက်တွေဟာ ဒေသတွင်း နဲ့နိုင်ငံတကာလုံခြုံရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။ 

စင်္ကာပူကာကွယ်ရေးဝန်ကြီး ဒေါက်တာနန်က ပွင့်လင်းပြီး အားလုံးအကျုံးဝင်တဲ့ ဒေသတွင်း လုံခြုံရေးဗိသုကာတစ်ရပ် တည်ရှိတာရဲ့ အရေးပါမူနဲ့ ကာကွယ်ရေးစနစ်တည်ဆောက်မှုတွေ ကြားမှာ အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်ဖို့ ဖိအားပေးပြောခဲ့တယ်လို့ သိရပါတယ်။ 

အစည်းအဝေးမှာ ညီညွတ်တဲ့ လုံခြုံရေးအတွက် ခိုင်မာတဲ့ စုစည်းမှုဖြစ်စေဖို့ လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုရဲ့ သက်ဆိုင်တဲ့ ပူးတွဲကြေငြာချက်တစ်ရပ်ကို ADMM-Plus ကာကွယ်ရေး ဝန်ကြီးတွေက အတည်ပြုခဲ့ကြပါတယ်။ 

စင်္ကာပူကာကွယ်ရေးဝန်ကြီး ဒေါက်တာ နန်ဟာ ADMM-Plus အစည်းအဝေးနဲ့ တဆက်တည်း အိန္ဒိယကာကွယ်ရေးဝန်ကြီး၊ နယူးဇီလန်ကာကွယ်ရေးဝန်ကြီးတို့နဲ့တွေ့ဆုံပြီး စင်္ကာပူနဲ့ သက်ဆိုင် တဲ့လုံခြုံရေးကဏ္ဍဆက်ဆံရေးကို အားကောင်းခိုင်မာစေဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

(၉) ကြိမ်မြောက် ADMM Plus ကြေငြာချက်မှာ အဖွဲ့ဝင်နိုင်ငံတွေကြား တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ ပိုမိုနက်ရှိုင်းတဲ့ ဆက်ဆံရေးတွေနဲ့ အကျိုးရှိပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကတဆင့် ဒေသတွင်း ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနဲ့ သာယာဝပြော ရေးကို မြှင့်တင်ဖို့ သဘောတူခဲ့ကြတာပါ။ 

အစည်းအဝေးအပြီးမှာ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီး မစ္စတာ ဘန်းက ADMM ရဲ့ ဥက္ကဋ္ဌ တာဝန်ကို ၂၀၂၃ ခုနှစ်မှာ (၁၇) ကြိမ်ြောက် ADMM ဥက္ကဋ္ဌ အဖြစ်တာဝန်ယူမယ့် အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပါရာဘိုအိုဆူဘီယန်တို ဆီကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ 

အာဆီယံ (၁၀) နိုင်ငံပြင်ပ  “plus dialogue” မိတ်ဖက်တွေဟာ ဩစတြေးလျ၊တရုတ်၊အိန္ဒိယ၊ ဂျပန်၊နယူးဇီလန်၊တောင်ကိုရီးယား၊ရုရှားနဲ့ အမေရိကန် ပြည်ထောင်စုတို့ ဖြစ်ပါတယ်။ 

Ref: The Straitstimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.