November 25, 2022

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကမုဒိမ်းမှု(၁၆)မှုထက်မနည်း ကျူးလွန်ထားတယ်လို့ WLB ထုတ်ပြန်

မော်လမြိုင် – နိုဝင်ဘာ(၂၅) မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ဒီနေ့ နိုဝင်ဘာလ(၂၅) ရက်နေ့အထိ အိမ်တွင်း အကြမ်းဖက်မှု(၁၁၁) မှု၊ စစ်တပ်ကကျူးလွန်ထားတဲ့ မုဒိမ်းမှု(၁၆) မှုနဲ့ အရပ်သားက ကျူးလွန်ထား တဲ့မုဒိမ်းမှု(၁၄) မှုထက်မနည်းရှိနေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) Women’s League of Burma (WLB) က ထုတ်ပြန်ထားပါတယ်။ ဒီနေ့ နိုဝင်ဘာလ(၂၅) ရက်နေ့မှာ ကျရောက်တဲ့…

အမေရိကန်ဘလော့ဂါတစ်ဦးကို သတ်ဖြတ်မှုအတွက် သေဒဏ်ချခံထားရတဲ့ တရားခံနှစ်ဦး ဘင်္ဂလားဒေ့ရှ် တရားရုံးတော်မှ ထွက်ပြေးလွတ်မြောက်

ဒါကာ၊ နိုဝင်ဘာ (၂၅) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘလော့ဂါတစ်ဦးကို သတ်ဖြတ်မှုအတွက် အမျိုးသားနှစ်ဦး သေဒဏ်ချမှတ်ခံထားရပြီး အဲဒီတရားခံနှစ်ဦးဟာ ဒါကာရှိ လူစည်ကားတဲ့တရားရုံးတစ်ခုကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား အမေရိကန်နိုင်ငံသား အာဗစ်ဂျီရွိုင်ဟာ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ ဒါကာ စာအုပ်ဈေး ရောင်းပွဲကနေ ဇနီးဖြစ်သူနဲ့အတူ အိမ်ပြန်လာစဉ်မှာ ဓားနဲ့ခုတ်သတ်ခံခဲ့ရတာပါ။ သူ့ရဲ့ ဇနီးသည်ကလည်း ဘလော့ဂါတစ်ဦးပင်ဖြစ်ပြီး အဲဒီတိုက်ခိုက်ခံရမှုမှာ ဦးခေါင်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိ…

ဒေသတွင်း လုံခြုံရေး မြှင့်တင်ဖို့ အာဆီယံကာကွယ်ရေးဝန်ကြီးတွေ သဘောတူ

ဖနွမ်းပင် – နိုဝင်ဘာ(၂၅) စင်္ကာပူကာကွယ်ရေးဝန်ကြီး နန်အန့်ချ်ဟန်က ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ မှာ ကျင်းပတဲ့ (၉) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး Asean Defence Ministers’ Meeting-Plus (ADMM-Plus) မှာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မြှင့်တင်ဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။ အွန်လိုင်းစနစ်နဲ့ (၂) နှစ်ကျော်ကြာ ကျင်းပပြီးနောက် ဒီ ADMM Plus…

မကွေးလူထုတိုက်ပွဲကော်မတီ တာဝန်ရှိသူ ကိုချစ်ဝင်းမောင်နဲ့ ဆက်သွယ်မေးမြန်းချက်

မကွေးတိုင်းဒေသကြီးက အညာသူ၊အညာသားတွေဟာ အာဏာသိမ်း စစ်အုပ်စုကို ရရာလက်နက်တွေ စွဲကိုင်ပြီး ဆန့်ကျင်တော်လှန်နေတာ ၂ နှစ်နီးပါးကာလအတွင်းကို ရောက်ရှိလာပြီး ဖြစ်ပါတယ်။ စစ်အုပ်စုကတော့ မကွေးဒေသခံတွေကို အပြင်းအထန်ဆုံး ဖိနှိပ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေသလို နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ အစုအလိုက် အပြုံအလိုက် သတ်ဖြတ်မှုတွေကိုပါ ဆက်တိုက် ကျူးလွန်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ် အာဏာသိမ်းတဲ့ ၂၂ လတာကာလအတွင်း…

ဗြိတိန်က ယူကရိန်းကို ပထမဆုံးအကြိမ်အဖြစ် ရဟတ်ယာဉ်တွေပေးပို့မယ်

လန်ဒန် – နိုဝင်ဘာ(၂၅) ရုရှားကျူးကျော်မှုနောက်ပိုင်း ဗြိတိန်က ယူကရိန်းကို ရဟတ်ယာဉ်တွေ ပထမဆုံးအကြိမ်အဖြစ် ပေးပို့မှာဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ယူကရိန်းရဲ့ ဝန်ထမ်းနဲ့ အင်ဂျင်နီယာတပ်ဖွဲ့ဝင်(၁၀) ဦးကို ယူကေမှာ ခြောက်ပတ်ကြာလေ့ကျင့် ရေးအစီအစဉ်ကို ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ ဝန်ကြီးဌာနက အသိပေးထားပါတယ်။ ပထမဆုံးရောက်ရှိနေပြီဖြစ်တဲ့ ဗြိတိန်စစ်တပ်ရဲ့ Sea King ရဟတ်ယာဉ်သုံးစီးအပြင် နောက်ထပ် အမြာက်ကျည် (၁) သောင်းကိုလည်း…

ဗမာ့လူငယ်ကွန်ရက်(ဗလက) ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုစန်းမင်းပိုင်

ဗမာ့လူငယ်ကွန်ရက်(ဗလက)ဟာ စစ်အာဏာရှင်ကျဆုံးရေးအတွက် လက်နက်ကိုင် လမ်းစဉ်အပြင် အကြမ်းမ ဖက်တဲ့ နည်းလမ်းတွေနဲ့လည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာ၊ တော်လှန်ရေးအတွင်း ပါဝင်သူတွေကို တတ် နိုင်တဲ့ဘက်ကနေ ရန်ပုံငွေတွေ ရှာဖွေပြီး ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဗမာ့ လူငယ်ကွန်ရက်(ဗလက) ထူထောင်ရတဲ့ အကြောင်းအရင်း၊ ရည်ရွယ်ချက်တွေ၊ လက်ရှိမှာရော တော်လှန်ရေး အတွက် ဘာတွေ လုပ်ဆောင်ပေးနေလဲ။ ဘယ်လို စိန်ခေါ်မှု…

KNU သထုံခရိုင်ထံ စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်

သထုံ၊ နိုဝင်ဘာ (၂၅) မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံတပ်က စစ်ကောင်စီတပ်သား ၂ ဦးဟာ KNLA တပ်မဟာ(၁)ထံ ဝင်ရောက်ခိုလှုံလာတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီ စကစ (၈) လက်အောက်ခံ ခမရ (၄၀၅) တပ်ရင်း ရှေ့တန်းစခန်းက တပ်သား ၂…

စစ်အာဏာသိမ်း (၆၆၂) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၃၃ ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၂၅) AAPP ရဲ့ နိုဝင်ဘာလ (၂၄) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၆၂)ရက်အတွင်း ပြည်သူ (၂၅၃၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၄၂၆ ဦးအထိရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၁၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ခေါ်သွားတဲ့ အမျိုးသမီးလိင်လုပ်သားတချို့ သတင်းအစအန မရဘဲ ပျောက်ဆုံးနေ

မော်လမြိုင်၊ နိုဝင်ဘာ (၂၅)မွန်ပြည်နယ်အတွင်းရှိ တရားမဝင်အနှိပ်ခန်းနဲ့ လိင်ဝန်ဆောင်မှုပေးတဲ့ နေရာတွေမှာ လိင်ပိုင်းဆိုင်ရာ အသုံးချဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ခေါ်ဆောင်သွားတဲ့ အမျိုးသမီးလိင်လုပ်သားတချို့ဟာ သတင်းအစအန မရဘဲ ပျောက်ဆုံးတာတွေ ရှိလာတယ်လို့ အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခန္ဓာကိုယ်နဲ့ရင်းပြီး လုပ်ကိုင်စားသောက်နေရတဲ့ အမျိုးသမီး လိင်လုပ်သားတွေကို ဆိုင်ရှင်တွေနဲ့ ညှိနှိုင်းပြီး ခေါ်ဆောင်တာတွေရှိသလို လက်…