ဝါရှင်တန် – နိုဝင်ဘာ(၂၄)
နျူကလီးယားပိုင်ဆိုင်ထားတဲ့ သူတွေကြားမှာ အန္တရာယ်ရှိတဲ့ စကားစစ်ထိုးမှုတွေကြောင့် တင်းမာမှုတွေဖြစ်လာတာလို့ ကုလအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က သတိပေးခဲ့ ပါတယ်။
သဘောထားကွဲလွဲမှုတွေက ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး ပွတ်တိုက်မှု အသစ်တွေဖြစ်ပေါ်စေသလို ပဋိပက္ခဟောင်းတွေကို ဖြေရှင်းဖို့လည်း ပိုမို ခက်ခဲ စေတယ်လို့ ဆိုခဲ့တာပါ။
“အန္တရာယ်ရှိတဲ့ စကားလုံးတွေက နျူကလီးယား တင်းမာမှုတွေ တိုးလာနေတယ်၊ တစ်ချိန်တည်း မှာပဲ ကျွန်ုပ်တို့ဟာ အမုန်းစကားနှင့် မဟုတ်မမှန်သတင်းများ ပြန့်ပွားနေချိန် အစွန်းနှစ်ဖက်ကြား နီးကပ်စွာ အန္တရာယ်ရှိနေပါတယ်” လို့ ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ပြောခဲ့ ပါတယ်။
ဒါ့အပြင် ယူကရိန်းမှာ ရုရှားရဲ့စစ်ပွဲအဆုံးမသတ်နိုင်ဘဲ ဆယ်လရှိလာပြီဖြစ်တဲ့အတွက် နျူကလီးယားကို ကြောက်ရွံ့မှုတွေအပြည့်နဲ့ ပြောနေတာဖြစ်တယ်လို သူက ပြောပါသေးတယ်။
ဂူတာရက်စ်ဟာ အာဖရိကမြေမှာ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး အစွန်းရောက်ဝါဒကို ဆန့်ကျင်တဲ့ နိုင်ငံတကာအရေးယူဆောင်ရွက်မှုကို အရှိန်မြှင့်ဖို့ ရည်ရွယ်တဲ့ ကုလသမဂ္ဂ ယဉ်ကျေးမှုဆိုင်ရာ မဟာမိတ်အဖွဲ့ရဲ့ အစည်းအဝေး မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
“ဒီပြဿနာတွေဖြစ်နေတဲ့ ကမ္ဘာကြီးမှာ တင်းမာမှုတွေကို ဖြေလျှော့ပေးရမယ်၊ ပေါင်းစည်းမှုနဲ့ စည်းလုံးညီညွတ်မှုကို မြှင့်တင်ပြီး ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတွေကို ဆောင်ကျဉ်းပေးရမယ်” လို့ သူကပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၂) ရက်နေ့ ညပိုင်းက အစည်းအဝေးမှာ အတည်ပြုလိုက်တဲ့ ကြေငြာချက် မှာတော့ ခွဲခြားဆက်ဆံမှု၊ရန်လိုမှု အကြမ်းဖက်မှုကို လှုံဆော်မှုဖြစ်စေတဲ့ အမုန်ပွားစေမယ့် အရာမှန်သမျှကို ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။
လူ့တန်ဖိုးတွေကို လေးစားမှု၊ အိမ်နီးချင်းကောင်း၊တန်းတူညီမျှမှု ခွဲခြားဆက်ဆံမှုကင်းရှင်းရေး နဲ့ အခြားသူတွေကို လေးစားမှုတွေ ဆန့်ကျင်တဲ့ ရည်ရွယ်မှုတွေအတွက် လူငယ်တွေကြား သတင်း အချက်အလက်နည်းပညာသစ်တွေ အသုံးပြုမှုအပေါ် နက်ရှိုင်းစွာ စိုးရိမ်ပူပန်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref: CN A