လန်ဒန်၊ နိုဝင်ဘာ(၂၄)

ကြောက်စရာကပ်ရောဂါတစ်မျိုးဖြစ်တဲ့ မျောက်ကျောက်ရောဂါအတွက် ကာကွယ်ဆေးဟာ တစ်ကြိမ်ထိုးနှံရုံနဲ့ ၇၈ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်လို့ ဗြိတိန်ပြည်သူ့ ကျန်းမာရေးအရာရှိတွေက ပြောကြားလိုက်ပါ တယ်။

ဗြိတိန်ကျန်းမာရေး လုံခြုံမှု အေဂျင်စီရဲ့ နောက်ဆုံးသုတေသနပြုချက်တွေအရ ကာကွယ်ဆေး ပထမတစ်လုံးထိုးပြီးရက်သတ္တနှစ်ပတ်နဲ့ အထက်ကြာမှသာ  ဆေးရဲ့ အာနိသင်ပြမှာဖြစ်ပြီး ၇၈ရာခိုင်နှုန်းကာကွယ်ပေးနိုင်မှာ ဖြစ် တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါဟာ ဇူလိုင်ကနေ နိုဝင်ဘာလအထိ ပြုလုပ်ခဲ့တဲ့ သုတေသန ၃၆၃ခုကို အခြေခံပြီးမှ ထုတ်ပြန်လိုက်တာလို့ လည်း သိရပါတယ်။

အဲဒီတွေ့ရှိချက်ဟာ မျောက်ကျောက်ရောဂါဆိုင်ရာ ဗြိတိန်ရဲ့အခိုင်မာဆုံးတွေ့ရှိမှု အထောက်အထား အဖြစ် ဖော်ပြခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံရှိ Bavarian Nordic ဓာတ်ခွဲခန်းဟာ MVA-BN လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါ အတွက် လိုင်စင်ရ ကာကွယ်ဆေးကို ထုတ်လုပ်တဲ့ တစ်ခုတည်းသော ဓာတ်ခွဲခန်းဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေကို ကာကွယ်ဆေးပမာဏ နှစ်သန်းအထိ ထောက်ပံ့ပေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က ဗြိတိန်က လက် မှတ်ရေးထိုးခဲ့တယ်လို့ လည်းသိရပါတယ်။

အင်္ဂလန်မှာ ကာကွယ်ဆေး ၅၅၀၀၀ ကျော်ကို ဖြန့်ချိဖို့ စီမံဆောင်ရွက်ထားကြောင်း အမျိုးသား ကာကွယ် ဆေးများနဲ့ စစ်ဆေးမှု (NHS)မှ ဒါရိုက်တာ စတိဗ်ရပ်ဆဲလ်က ပြောကြားခဲ့ပါတယ်။

“ကာကွယ်ဆေးက ဘယ်လောက်ထိ ထိရောက်တယ်ဆိုတာ အခု ကျွန်တော်တို့ သိထားပြီး တစ်ကြိမ်တည်းနဲ့ ဗိုင်းရပ်စ်ကို ၇၈ရာခိုင်နှုန်းအထိ အကာအကွယ်ပေးနိုင်တယ်”လို့လည်း သူကဆိုပါတယ်။

မျောက်ကျောက်ရောဂါဟာ ယခုနှစ်မေလဆန်းမှာ ကမ္ဘာတစ်ဝန်းစတင်ပျံ့နှံ့ခဲ့ပြီး ဇူလိုင်လမှာ ပျံ့နှံ့မှုအမြင့် ဆုံးဖြစ်ပွားခဲ့တာပါ။

ဗြိတိန်ကျန်းမာရေး လုံခြုံမှုအေဂျင်စီက သူတို့ရဲ့တွေ့ရှိချက်ဟာ အင်္ဂလန်မှာ ဇူလိုင်လမှ နိုဝင်ဘာလအတွင်း မျောက်ကျောက်ရောဂါဖြစ်ပွားမှု ၃၆၃ ခုကို ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံထားတာဖြစ်ပြီး ဖျားနာတာ၊ ကြွက် သားတွေ နာကျင်ကိုက်ခဲတာ၊ အပူလောင်နာလို အရေပြားအနာတွေဖြစ်တဲ့ မျောက်ကျောက်ရောဂါ ဖြစ်ပွားသူ ၃၅၇၀ အထိရှိခဲ့တယ်လို့ ဆိုထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.