ဘန်ကောက် – နိုဝင်ဘာ(၂၄) 

ထိုင်းဝန်ကြီးချုပ်က ရူရမ်ထိုင်းဆန်ချာတ်ပါတီ ကို ပါတီဝင်အသစ်အဖြစ် ဝင်ရောက်နိုင်တယ် ဆိုတဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာနဲ့ RTSC ပါတီ ခေါင်းဆောင်တို့က ငြင်းဆိုခဲ့ကြပါတယ်။ 

နိုဝင်ဘာလ(၂၂) ရက်နေ့က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေနဲ့ ပတ်သပ်ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို ပရာယွတ်က စဉ်းစားနေတုန်းပါပဲ လို့ ပြောဆိုခဲ့တာပါ။ 

ရူရမ်ထိုင်းဆန်ချာတ်ပါတီ ရဲ့အဓိပ္ပါယ်မှာ ညီညွတ်သော ထိုင်းနိုင်ငံသားများပါတီ (United Thai National Party) ဖြစ်ပြီး ပါတီခေါင်းဆောင်ဖြစ်သူ ပရီပန်က ဒီသတင်းတွေဟာ ကောလဟာလ ဖြစ်တယ်လို့ သာငြင်းဆိုထားပါတယ်။ 

မစ္စတာ ပရာယွတ်ဟာ သူ့ရဲ့ နိုင်ငံရေးအနာဂတ်နဲ့ ရူရမ်ထိုင်းဆန်ချာတ်ပါတီဝင်ဖြစ်မှုနဲ့ ပတ်သက် ပြီး သတင်းထွက်ပေါ်နေတာတွေကို ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါသေးတယ်။ 

မီဒီယာတွေက ပါတီအသစ်ကို လျှောက်ထားမှုနဲ့ ပတ်သက်ပြီး ဆက်တိုက်မေးမြန်းချိန်မှာ “စဉ်းစားနေတုန်းပါ” လို့ ပြောဆိုပြီး ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်ပရာယွတ်ဟာ ပါတီအသစ်ကို ဝင်ရောက်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၁) ရက်နေ့တည်း က လျှောက်ထားခဲ့တာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံအစိုးအဖွဲ့ အပတ်စဉ်ဝန်ကြီးများ အစည်းအဝေးမှာ ပရာယွတ်က လာမယ့်နှစ် မတ်လ သက်တမ်းကုန်ဆုံးချိန်မတိုင်ခင်အထိ ပြည်သူတွေအတွက် ဖြစ်နိုင်သလောက် အလုပ်ဆက်လုပ် သွားမယ်လို့ အစိုးရအဖွဲ့ဝင်တွေကို ပြောခဲ့ပါတယ်။ 

 ဒါ့အပြင် ဝန်ကြီးချုပ်က နိုင်ငံရေးပဋိပက္ခဖန်တီးစေတဲ့ အပြောမျိုးတွေ နည်းနိုင်သမျှ နည်း အောင်လျှော့ချမှာဖြစ်ပြီး နိုင်ငံအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရရှိဖို့ အစွမ်းကုန်ကြိုးပမ်း သွားမှာဖြစ်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၀) ရက်နေ့ကလည်း ပရာယွတ်ဟာ ဘန်ကောက်မြို့က အမှတ်(၁) ခြေလျင် တပ်ရင်း(၁) ခရိုင်ရှိ သစ်တောများ ထိန်းသိမ်းရေးဖောင်ဒေးရှင်းရုံးမှာ ဖလန်ဖရာချာရတ်ပါတီ (PPRP) က ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရဝတ်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတွေ့ဆုံမှုမှာ ပရာယွတ်ဟာ ညီညွတ်သော ထိုင်းနိုင်ငံသားများပါတီ ရူရမ်ထိုင်းဆန်ချာတ် ပါတီ ကိုဝင်ရောက်ဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပရဝတ်ကို အသိပေးဖို့ ရောက်ရှိနောဖြစ်ပြီး PPRP ပါလီမန်အမတ်တွေကလည်း ပါတီအသစ်မှာ ပါဝင်ချိန်မှာ သူ့နောက်ကိုလိုက်ကြမှာဖြစ်တယ်ဆို တဲ့ ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်နေပါတယ်။

Ref: Nation Thailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.