မင်္ဂလာပါရှင်။

သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော် လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “PDF ရန်ကိုကြောက်လို့ အိမ်ပြောင်းရွေ့သည့် မိသားစုများအား PDFများမှ လမ်းကြောင်းတွင် စောင့်ဆိုင်းဓားပြတိုက်” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ Kyaw Swars တယ်လီဂရမ်ကနေ နိုဝင်ဘာလ (၁၅)ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

အဲဒီပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “PDF ရန်ကိုကြောက်လို့ အိမ်ပြောင်းရွေ့သည့် မိသားစုများအား PDFများမှ လမ်းကြောင်းတွင်စောင့်ဆိုင်းကာဓားပြတိုက် လို့ရေးသားထားပြီးရွှေ ၂၅ ကျပ်သားနှင့် ငွေသား သိန်း၇ဝ ခန့် ပါသွားကြောင်းနှင့် ယာဉ်မောင်းကိုလည်း သေနတ်ဒင်နှင့် ထုရိုက်သွားသည့် အတွက် ဦးခေါင်း ၅ ချက်ချုပ်၊ မျက်နှာဖူးယောင် ဒဏ်ရာ ရရှိခဲ့တယ်” ဆိုပြီး ဓာတ်ပုံတွေနဲ့အတူ ဖြန့်ဝေခဲ့ကြတာပါ။

စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုတွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

https://t.me/kyawswarks969/15088

ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ စကစတပ်ထောက်ခံသူတွေ အကောင့်တုတွေဖြန့်ဝေနေတဲ့ ဓာတ်ပုံကို Google Image Searchနဲ့ စစ်ဆေးကြည့်ရာမှာ ရွှေဘိုမြို့နယ်/ ခင်ဦးမြို့နယ် အစပ် ဖြတ်သန်းသွားလာနေသောယာဉ်တွေကိုခင်ဦးမြို့နယ်ပြောက်ကျားတပ်ဖွဲ့ Khin U Local Guerrilla Force (KUGF)အဖွဲ့နဲ့ နတ်ဆိုးပြောက်ကျား (ပ.က.ဖ)/ ၅/မဟူရာကျွဲရိုင်းတို့က စစ်ဆေးနေတဲ့ ဓာတ်ပုံဖြစ်နေတာကို သံလွင်တိုင်းမ်က စိစစ်တွေ့ရှိခဲ့ပါတယ်။

ခင်ဦးမြို့နယ်ကဒေသခံ PDF ပြောက်ကျားတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးအတွက်ရည်ရွယ်ကာ ယာဉ်တွေပေါ်မှာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းရှိ/မရှိကို စစ်ဆေးနေတဲ့ ဓာတ်ပုံတစ်ခုသာ ဖြစ်နေတာကို Khin U Local Guerrilla Force (KUGF)အဖွဲ့က မေလ ၁ရက်နေ့က သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

Khin U Local Guerrilla Force (KUGF)အဖွဲ့ရဲ့ မေလ၁ရက်နေ့ကထုတ်ပြန်ချက်လင့်

https://bit.ly/3i9FD5r

ပြည်တွင်းသတင့်းဌာနတွေရဲ့ သတင်းလင့်

https://bit.ly/3ADD95C

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “PDF ရန်ကိုကြောက်လို့ အိမ်ပြောင်းရွေ့သည့် မိသားစုများအား PDFများမှ လမ်းကြောင်းတွင် စောင့်ဆိုင်းကာဓားပြတိုက်” ဆိုတဲ့ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က စွပ်စွဲရေးသားထားတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.