November 24, 2022

အာဏာရှင်တွေကို ရဲရဲဝံံ့ဝံ့ ဆန့်ကျင်တော်လှန်နေတဲ့ ရှမ်းတိုင်းရင်းသားတွေကို လေးစားဂုဏ်ယူတယ် လို့ CRPH သဝဏ်လွှာပေးပို့

တောင်ကြီး – နိုဝင်ဘာ(၂၄) ခေတ်အဆက်ဆက်က စပြီး နွေဦးတော်လှန်ရေးခရီးအထိ အာဏာရှင်တွေကို ရဲရဲဝံံ့ဝံံ့ဆန့်ကျင်တော် လှန်ရင်း တိုင်းပြည်ပြုပြင်ပြောင်းလဲမှုတွေမှာပါဝင်နေကြတဲ့ ရှမ်းတိုင်းရင်းသားတွေနဲ့ တိုင်းပြည် အတွက်အသက်ပေးခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေကို ဂုဏ်ယူလေးစားစွာ မှတ်တမ်းတင်တယ် လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ (၂၁၁၇) နှစ်မြောက် ရှမ်းနှစ်သစ်ကူးနေ့မှာ ရှမ်းတိုင်းရင်းသားတွေအားလုံးနဲ့အတူ နိုင်ငံသူ၊နိုင်ငံသား အားလုံး နှစ်သစ်မှာ ခွန်အားသစ်တွေ ပြည့်ဝကာ စစ်အာဏာရှင်စနစ်ဆိုးကို…

မျောက်ကျောက်ရောဂါ ကာကွယ်ဆေးက တစ်ကြိမ်တည်းနဲ့ ၇၈ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်လို့ ဗြိတိန်ပြော

လန်ဒန်၊ နိုဝင်ဘာ(၂၄) ကြောက်စရာကပ်ရောဂါတစ်မျိုးဖြစ်တဲ့ မျောက်ကျောက်ရောဂါအတွက် ကာကွယ်ဆေးဟာ တစ်ကြိမ်ထိုးနှံရုံနဲ့ ၇၈ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်လို့ ဗြိတိန်ပြည်သူ့ ကျန်းမာရေးအရာရှိတွေက ပြောကြားလိုက်ပါ တယ်။ ဗြိတိန်ကျန်းမာရေး လုံခြုံမှု အေဂျင်စီရဲ့ နောက်ဆုံးသုတေသနပြုချက်တွေအရ ကာကွယ်ဆေး ပထမတစ်လုံးထိုးပြီးရက်သတ္တနှစ်ပတ်နဲ့ အထက်ကြာမှသာ ဆေးရဲ့ အာနိသင်ပြမှာဖြစ်ပြီး ၇၈ရာခိုင်နှုန်းကာကွယ်ပေးနိုင်မှာ ဖြစ် တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါဟာ ဇူလိုင်ကနေ နိုဝင်ဘာလအထိ…

အန္တရာယ်ရှိတဲ့ ပြောဆိုမှုတွေကြောင့် နျူကလီးယားတင်းမာမှုတွေဖြစ်လာတာလို့ ဂူတာရက်စ်ဆို

ဝါရှင်တန် – နိုဝင်ဘာ(၂၄) နျူကလီးယားပိုင်ဆိုင်ထားတဲ့ သူတွေကြားမှာ အန္တရာယ်ရှိတဲ့ စကားစစ်ထိုးမှုတွေကြောင့် တင်းမာမှုတွေဖြစ်လာတာလို့ ကုလအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က သတိပေးခဲ့ ပါတယ်။ သဘောထားကွဲလွဲမှုတွေက ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး ပွတ်တိုက်မှု အသစ်တွေဖြစ်ပေါ်စေသလို ပဋိပက္ခဟောင်းတွေကို ဖြေရှင်းဖို့လည်း ပိုမို ခက်ခဲ စေတယ်လို့ ဆိုခဲ့တာပါ။ “အန္တရာယ်ရှိတဲ့ စကားလုံးတွေက နျူကလီးယား တင်းမာမှုတွေ…

ပါတီအသစ်ပြောင်းရွှေ့မယ်ကိစ္စ စဉ်းစားနေတုန်းပဲလို့ ထိုင်းဝန်ကြီးချုပ် ပြော

ဘန်ကောက် – နိုဝင်ဘာ(၂၄) ထိုင်းဝန်ကြီးချုပ်က ရူရမ်ထိုင်းဆန်ချာတ်ပါတီ ကို ပါတီဝင်အသစ်အဖြစ် ဝင်ရောက်နိုင်တယ် ဆိုတဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာနဲ့ RTSC ပါတီ ခေါင်းဆောင်တို့က ငြင်းဆိုခဲ့ကြပါတယ်။ နိုဝင်ဘာလ(၂၂) ရက်နေ့က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေနဲ့ ပတ်သပ်ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို ပရာယွတ်က စဉ်းစားနေတုန်းပါပဲ လို့ ပြောဆိုခဲ့တာပါ။ ရူရမ်ထိုင်းဆန်ချာတ်ပါတီ ရဲ့အဓိပ္ပါယ်မှာ ညီညွတ်သော…

လောင်းလုံးမြို့နယ်ပညာရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံရ

လောင်းလုံး၊ နိုဝင်ဘာ (၂၄) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပျဉ်စသီမော်ကျေးရွာနဲ့ပြင်ကြီးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၆ နာရီလောက်က စစ်ကောင်စီ မြို့နယ်ပညာရေးမှူး ဦးဇော်ဇော်စိုး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လောင်းလုံးကနေ ဆိုင်ကယ်နဲ့လာတဲ့ မြို့နယ်ပညာရေးမှူး ဦးဇော်ဇော်စိုးကို ပျဉ်စသီမော်ကျေးရွာသချိုင်းအနီးမှာ အမည်မသိ သေနတ်သမား ၂ ဦးက…

စစ်အာဏာသိမ်း (၆၆၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၃၃ ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၂၄) AAPP ရဲ့ နိုဝင်ဘာလ (၂၃) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၆၁)ရက်အတွင်း ပြည်သူ (၂၅၃၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၄၀၃ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၀၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

အထိနာနေတဲ့ စစ်ကောင်စီတပ် KNU ညောင်လေးပင်ခရိုင်ကို အပြင်းအထန် စစ်ကြောင်းထိုးဖို့ ပြင်ဆင်လာ

ညောင်လေးပင်၊ နိုဝင်ဘာ (၂၄) နှစ်ဖက်တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ထဲက KNLA တပ်ဖွဲ့ရှိရာ နေရာတွေကို အပြင်းအထန် စစ်ကြောင်းထိုးဖို့ စုဖွဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်လာတယ်လို့ KNU က နိုဝင်ဘာ (၂၃)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေအတွင်းရှိတဲ့ စစ်ကောင်စီရဲ့ ဘောကထာ၊ သံဆိပ်နဲ့ တုံးတံတား တပ်စခန်းတွေကို ပြီးခဲ့တဲ့…

နိုင်ငံတဝန်းမှာ အာဏာသိမ်း ၂၂ လအတွင်း တိုက်ပွဲပေါင်း ၇၈၀၀ ကျော် ဖြစ်ပွားခဲ့

ရန်ကုန်၊ နိုဝင်ဘာ (၂၄) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့အထိ လက်နက်ကိုင် တိုက်ပွဲပေါင်း ၇၈၅၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ ISP-Myanmar က နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်နဲ့…

စစ်ကောင်စီက နျူကလီးယားစွမ်းအင်သုံး လက်နက်ခဲယမ်းတွေကို ထုတ်လုပ်လာနိုင်

ရန်ကုန်၊ နိုဝင်ဘာ (၂၄) အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုရဲ့အားကိုးရာ တစ်ခုတည်းသော ရုရှားနိုင်ငံရဲ့ နည်းပညာကို အ သုံးပြုပြီး စစ်ကောင်စီအနေနဲ့ နျူကလီးယားစွမ်းအင်သုံး လက်နက်ခဲယမ်းတွေကို ထုတ်လုပ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေနဲ့ CDM ဗိုလ်ကြီးတွေက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ရှရုားနိုင်ငံ၊Sochi မြို့မှာပြုလုပ်တဲ့ ၁၂ ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံတဲ့ ဆန်းသစ်တီထွင်မှုဖိုရမ်ကို စစ်ကောင်စီလက်အောက်ခံ…