November 21, 2022

လွိုင်ကော်ဒေသခံ ဆွံ့အသူတစ်ဦးကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်ခဲ့

လွိုင်ကော် – နိုဝင်ဘာ(၂၁) ကယားပြည်နယ် လွိုင်ကော်မြို့မှာ ရိက္ခာသွားပို့တဲ့ စစ်ကောင်စီ တပ်ကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ အထိနာသွားတဲ့ စစ်ကောင်စီဟာ လွိုင်ကော် ဒေသခံ ဆွံ့အသူတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ရိုက်နှက်ခဲ့တယ်လို့ KNDF က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၃) ရက်နေ့က လွိုင်ကော်မြို့ လောပိတ ဘီလူးချောင်းအနီးမှာ ရိက္ခာပို့နေတဲ့ စစ်ကြောင်းကို…

ကျိုက်မရောမြို့နယ်က တောင်ကလေး ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ လေယာဉ်နဲ့ လာရောက်ပစ်ခတ်နေ

ကျိုက်မရော၊နိုဝင်ဘာ ၂၁ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံရဲစခန်းကို ဒီကနေ့ နိုဝင်ဘာ (၂၁) ရက်နေ့ မနက်အစောပိုင်းမှာ တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ နံနက်(၅)နာရီအချိန်မှာ တောင်ကလေး-ကျွန်းရွာ-မုဒုံ လမ်းမပေါ် တောင်ကလေးကျေးရွာထဲမှာရှိတဲ့ စစ်ကောင်စီရဲစခန်းကို KNLA ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး…

အင်းစိန်ထောင်ဝန်ထမ်း(၃၀) နီးပါးထွက်ပြေး

ရန်ကုန် – နိုဝင်ဘာ(၂၀) ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ အင်းစိန်အကျဉ်းထောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း (၃၀) နီးပါးဟာ နိုဝင်ဘာလ တတိယပတ်ထဲမှာ ထွက်ပြေးသွားကြတယ်လို့ အကျဉ်းထောင် ဝန်ထမ်း တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ သူတို့တွေဟာ ထွက်စာတင်ထားတဲ့သူတွေရှိသလို တချို့ကတော့ ကျောင်းတက်မယ်ဆိုပြီး အပြင် ထွက်သွားချိန်မှာ ပြန်မလာကြတော့တာဖြစ်တယ်လို့ သိရပါတယ်။ “ဝန်ထမ်းမိသားစုနဲ့ ရှေ့နေဝင်ထွက်အပေါက်ဘက်မှာ ထွက်ပြေးသွားသူတွေရဲ့ စာရင်းကပ်ထားတာ တွေ့တယ်။…