November 20, 2022

KNLA ပူးပေါင်းတပ်ဖွဲ့ သူတို့တပ်စခန်း လာပစ်ရင် လွတ်ရှမ်းရွာကို မီးရှိုးဖျက်ဆီးမယ်လို့ စစ်ကောင်စီတပ် ခြိမ်းခြောက်

ကြာအင်းဆိပ်ကြီး၊ နိုဝင်ဘာ (၂၀) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေအတွင်းမှာရှိတဲ့ လွတ်ရှမ်းကျေးရွာထဲက စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ နောက်ထပ်တစ်ကြိမ် ထပ်မံလာရောက်တိုက်ခိုက်ပါက ကျေးရွာကို မီးရှို့ဖျက်ဆီးမယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်ရှိ လွတ်ရှမ်းကျေးရွာမှာ ခြေကုတ်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၅)ရက်နေ့ မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခြေမှုန်းခဲ့ရာ…

ထားဝယ်အရှေ့တော တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး သေဆုံ

းထားဝယ်၊ နိုဝင်ဘာ (၂၀) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်၊ ဝကုန်းကျေးရွာနဲ့သင်္ကန်တုန်းကျေးရွာအကြား ဘဲမတပ်တောင်အနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာ (၁၉) ရက်နေ့ မနက် (၉) နာရီလောက်မှာ ထားဝယ်ကနေ ကား (၄) စီးနဲ့ဝင်လာတဲ့ တပ်အင်အား (၈၀)…

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ တတိယအကြိမ်ခရီးစဉ်ကလည်း မြန်မာ့အရေး ထူးခြားဖို့ မရှိနိုင်

ရန်ကုန်၊ နိုဝင်ဘာ (၂၀) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဝန်ကြီးပရက်ဆော့ခွန်းရဲ့ တတိယအကြိမ်ခရီးစဉ်ကလည်း မြန်မာ့အရေးအတွက် ထူးခြားတဲ့ ပြောင်းလဲမှုတွေ ရှိလာမှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လည်း ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးပရက်ဆော့ခွန်းဟာ သူရဲ့ တတိယအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်တဲ့ မြန်မာပြည်ခရီးစဉ်ကို လာရောက်ဖို့ ရှိနေတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၇) ရက်နေ့မှာ…

EAOs တပ်ဖွဲ့ဝင် (၄၀) ကျော်ကို စစ်ကောင်စီ ပြန်လွှတ်ပေးတာဟာ ကျဆင်းနေတဲ့ နိုင်ငံရေးသိက္ခာ အဖတ်ဆယ်ဖို့သာ ဖြစ်

ရန်ကုန်၊ နိုဝင်ဘာ (၂၀) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲက တပ်ဖွဲ့ဝင် (၄၀) ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးတာဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားနဲ့အတူ ကျဆင်းနေတဲ့ နိုင်ငံရေးသိက္ခာ အဖတ်ဆယ်ဖို့သာ ဖြစ်တယ်လို့ ဝါရင့်နိုင်ငံရေးသမားတွေနဲ့ EOAs တွေက ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၇) ရက်နေ့က ကျရောက်ခဲ့တဲ့ အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့…

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့် ဘောလုံးကွင်း (၈) ကွင်းလုံးမှာ အရက်ရောင်းချခွင့် ပိတ်ပင်ပြန်

ကာတာ၊ နိုဝင်ဘာ (၂၀) ကမ္ဘာ့ဖလားပြိုင်ပွဲမစခင် ၂ ရက်အကြာမှာ ဖီဖာက မူဝါဒတွေကို ပြောင်းလဲလိုက်ပြီးနောက် ကာတာရှိ အားက စားရုံ ၈ ခုကို လာရောက်မယ့် ပွဲကြည့်ပရိတ်သတ်တွေအတွက် အရက်ရောင်းချခွင့်ကို တားမြစ်လိုက်ပိတ်ပင် လိုက်ပါတယ်။ ကာတာမှာ အရက်အရောင်းချခွင့်ကို ပြင်းပြင်းထန်ထန်ကန့်သတ်ထားပေမယ့်လည်း အားကစားရုံတွေမှာအရက် သောက်သုံးနိုင်မယ့် နေရာတွေကို သတ်မှတ်ထားခဲ့ပြီး ဆက်စပ်ဧရိယာ အတွင်းမှာရှိတဲ့ နေရာတချို့မှာ အရက်…

အစ္စလာမ္မစ်သမ္မတနိုင်ငံ တည်ထောင်သူ အရာတိုလာရိုဟိုလာ ခိုမီနီရဲ့ ဘိုးဘွားပိုင်အိမ် မီးရှို့ခံရ

တီဟီရန် – နိုဝင်ဘာ(၂၀) အစ္စလာမ္မစ်သမ္မတနိုင်ငံတည်ထောင်သူ အရာတိုလာရိုဟိုလာခိုမီနီရဲ့ အီရန်မှာရှိတဲ့ ဘိုးဘွားပိုင် အိမ်ကို ဆန္ဒပြသူတွေက မီးရှို့ခဲ့ကြတယ်လို့ BBC မှာ ဖော်ပြထားပါတယ်။ ခမောက်မြို့မှာ တည်ရှိတဲ့ အဲဒီအဆောက်အအုံ မီးလောင်နေတဲ့ပုံတွေကို နိုင်ငံတကာသတင်း တွေမှာဖော်ပြထားသလို ဒေသတွင်းမီဒီယာတွေကလည်း မီးရှို့ခံရတဲ့ အိမ်ရဲ့ တည်နေရာကို အတည်ပြုထားပေမယ့် အာဏာပိုင်တွေကတော့ မီးရှို့မှုဖြစ်ပွားတာမရှိဘူးလို့ ငြင်းဆိုထား ပါတယ်။ အရာတိုလာရို ဟိုလာ…

အမေရိကန်ထိရောက်ရှိနိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ကို မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်

ပြုံယမ်း – နိုဝင်ဘာ(၂၀) မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်နိုင်ငံထိရောက်ရှိနိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည်အသစ်ကိုစမ်းသပ်ပစ်ခတ်မှုကို အတည်ပြုမထားနိုင်တဲ့ သူ့ရဲ့ သမီးငယ်နဲ့အတူ ကြည့်ရှု ခဲ့တယ်လို့ KCNA က ဖော်ပြထားပါတယ်။ နိုင်ငံပိုင်မီဒီယာ KCNA မှာ ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေမှာ ကင်မ်ဟာ သမီးငယ်လက်ကိုတွဲပြီး တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်တဲ့ လျှောက်လမ်းနားမှာ ရှိနေတယ်လို့ ဆိုထားတာပါ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်တို့ သားဖနှစ်ဦး…

လောင်းလုံးမြို့ပေါ်က ဆန္ဒပြလူငယ်တွေ သေနတ်နဲ့ ပစ်ခတ်ခံရ

လောင်းလုံး၊ နိုဝင်ဘာ (၂၀) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှေ့မှာ နိုဝင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်တွေ သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ မနက် ၈ နာရီလောက်မှာ ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီနဲ့ လောင်းလုံးမြို့နယ် အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီဝင်တွေက “မတရားမှုကို…