ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် တိုက်ပွဲပေါင်း အကြိမ် ၄၀၀၀ နီးပါး ဖြစ်ပွားထားပါတယ်။ အဲဒီတိုက်ပွဲကြောင့် အရပ်သားပြည်သူ ၃ သိန်းခွဲကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသလို လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လျက်ရှိနေပါတယ်။

ဒါကြောင့် စစ်တပ် အာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်နယ်မြေထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ KNU ထဲ အလင်းဝင်လာတဲ့ ကိစ္စရပ်တွေ၊ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ရဲ့ တိုက်ခိုက်စွမ်းရည် ဘယ်လောက်ထိ ကျဆင်းလာတာလဲ။ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အပေါ် KNU က ဘယ်လိုတုံ့ပြန်လိုက်ပါသလဲ။ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ စစ်တပ် အာဏာသိမ်းပြီး KNU ထိန်းချုပ်နယ်မြေထဲမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲ အခြေ အနေ၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ဘယ်လိုတွေ ဆက်ရှိနေလဲ။ ပြီးတော့ တိုက်ပွဲတွေ များလာရခြင်း အကြောင်းရင်းက ဘယ်လိုကြောင့်လို့ ပြောလို့ရနိုင်မလဲ။ မြေပြင်မှာ စစ်ကောင်စီရဲ့ ထိုးစစ်ကဘယ်လိုရှိပါ သလဲ။

ကျဆုံးစာရင်း များလာတာတော့အမှန်ပဲ။ ၂၀၂၂ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ၁၀လပေါ့။ အခု ၂၀၂၂နှစ် ၁၀လပဲ။ အဲဒီ ၁၀လ က တိုက်ပွဲက ပိုပြီးများနေတယ်။ ဘယ်လောက်အထိများလဲ သေချာကြည့် တော့ တိုက်ပွဲပေါင်းက ၆၉၃ကြိမ် ပိုနေတယ်။ အဲဒါတောင် နှစ်လမပါသေးဘူး။ သိသာတာက ၂၀၂၁ ထက် ၂၀၂၂က ပိုပြင်းထန်တယ်ဆိုတာ သိရတယ်။ ဘာကြောင့် ပြင်းထန်လာလဲဆို အဲဒါကြည့်တဲ့အခါမှာ စစ်အာဏာသိမ်းတဲ့ နောက်ပိုင်းမှာ KNU ကရှင်းလင်းပြတ်သားတဲ့ မူဝါဒအရဆိုရင်တော့ စစ်အာဏာသိမ်းမှုကို လုံးဝ လက်မခံဘူး။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လူတွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုတဲ့ ကြေငြာချက်အပေါ်မှာ ပိုပြီးတော့အငြိုးထားတဲ့အပိုင်းတွေတွေ့ရတယ်။

အဲဒါနဲ့ ပတ်သက်ပြီး အထူးသဖြင့် KNUဘက်ကနေပြီး တိုက်ပွဲတေ ွပိုမကျယ်ပြန့်လာအောင် တတ်နိုင်သ လောက် ထိန်းသိမ်းတဲ့ အပိုင်းတွေရှိပါတယ်။ ၂၀၂၁ဒီဇင်ဘာလ လေးကေ့ကော်တိုက်ပွဲ မဖြစ်ခင်ဆိုရင် ဒီလို မဖြစ်လာအောင်ညှိနှိုင်းခဲ့တဲ့ အကြိမ်ပေါင်း ၈ကြိမ်အထိပေါ့။ ၈ကြိမ်ကျတော့ တိုက်ပွဲက ဘယ်လိုမှထိန်းမနိုင် သိမ်းမရဖြစ်သွားတာ။ အဲဒီမတိုင်ခင်တော်တော်လေးကို ထိန်းထိန်းသိမ်းသိမ်းလုပ်တယ်။ ပြင်းထန်တဲ့အရာတွေ လုပ်လာတဲ့အခါကျတော့ တိုက်ပွဲကလုံးဝထိန်းမရတော့ဘူး။ အထူးသဖြင့် ဒီတပ်မဟာ(၆)ပေါ့။ အဲဒီမှာ တိုက်ပွဲ အရမ်းများလာတယ်ဆိုတာ အရင်ကတော့ တပ်မဟာ၅တစ်ခုက ပိုပြီးတော့အများဆုံးဖြစ်တယ် ဆိုပေမယ့်လို့  ၂၀၂၂ ဝင်လာတဲ့အခါမှာ တပ်မဟာ(၅)နဲ့ တပ်မဟာ(၆)က ထိပ်မှာပြေးနေတယ်။ တိုက်ပွဲတွေ အရမ်းဖြစ်လာ တယ်။ စစ်အာဏာရှင်စနစ်ကိုလက်မခံပဲနဲ့ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတဲ့ အနေအထားတစ်ခုမှာတော့ အငြိုး တကြီးနဲ့တုံပြန်တာပဲဖြစ်တယ်။ သူ့ရဲလုပ်ဆောင်မှုအပိုင်းကတော့ ဘာမှထိရောက်မှုရှိတယ်လို့ ပြောလို့ မရဘူး။ သူရဲ့ထိုးစစ်အရှိန်ကတော့ ဆက်ပြီးတော့ အားထုတ်နေတုန်းပဲ။ အခုလက်ရှိ အခြေအနေအရဆိုရင် တော့ မိုးလင်းကတည်းက တပ်မ၃ခုနဲ့ အခြားအရန်BGFအပါအဝင် တပ်မဟာ(၆)ဘက်မှာ ထိုးစစ်ဆင်နေတာ အခုထိပြန်မဆုတ်သေးဘူး။ သူတို့ရဲ့လုပ်ဆောင်မှုတွေက ဘာမှအရာမထင်ဘူး။ အဲဒါကြောင့်မို့ တိုက်ပွဲသတင်း တွေရော၊ နောက်ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့စာရင်းတွေရော၊ သေကြေဒဏ်ရာရတဲ့စာရင်းတွေရော ပိုပိုပြီး များများလာတာ အဲဒါကိုပြောပြောနေတာဖြစ်တယ်။

-အာဏာသိမ်းပြီးနောက်ပိုင်း KNU ထံ အလင်းဝင်ရောက်ရှိ CDM ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရေ အတွက် ဘယ်လောက်အထိ ရှိပြီလဲ။ နောက်ပြီး စစ်သုံ့ပန်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ် ဆောင်ရွက် ပါသလဲ။

အဲဒီမှာလည်း အတိအကျ စာရင်းပြဖို့ခက်တယ်လေ။ တစ်ခုပဲ စာရင်းပြနေတာက ပိုပြီးတော့များလာတယ်။ လျော့မသွားဘူးဆိုတာက ပြောလို့ရတယ်။ ဆယ်ဂဏန်းကနေ ရာဂဏန်း။ အခုရာဂဏန်းဆိုတာလည်း ရာဂ ဏန်း များစွာလို့ ပြောလို့ရပြီ။ ထောင်ဂဏန်း အထိမရှိဘူးဆိုပေမယ့် လက်နက်ကိုင်CDM ဝင်လာသူတွေ ထွက်မသွားပါဘူး။ ဆက်ပြီးတော့ ရှိတုန်းပါပဲ။ အဲဒီအပြင် ဒီဟာနဲ့ဆက်နွယ်ပြီးတော့ လက်နက်ကိုင် CDM လုပ်လာတာအပြင် တိုက်ပွဲထဲမှာ ဖမ်းမိတဲ့စစ်သုံ့ပန်း အရေအတွက်ကလည်း မကြုံဖူးအောင်များတယ်။ အခု တော်တော်မြင်နေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက တိုက်ပွဲထဲမှာ လက်နက်ချအရှုံးပေးဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးလေ။ သူကြေကိုယ်ကြေတိုက်တဲ့ပွဲတွေကတော့ လူတိုင်းသိနေတဲ့ကိစ္စပဲ။ ဒါပေမယ့် ဒီဘက်ပိုင်းမှာတော့ ခဏတဖြုတ်နဲ့ပဲ တိုက်ပွဲတွေက မိနစ်ပိုင်းကြာတဲ့ဟာလည်းရှိသလို နောက်ပြီးတော့ရက်နဲ့ချီ ပြီးကြာတဲ့ဟာတွေ လည်းရှိတယ်။ သို့သော်လည်း အဲဒီဟာတွေက စခန်းသိမ်းတဲ့ဟာ။ ဘာသွားတွေ့လဲဆို စခန်းသိမ်းတာ နာရီဝက်ပဲ ကြာတယ်။ မိနစ်ပိုင်းပဲ ကြာတဲ့ဟာတွေရှိတယ်လေ။ ဘာသွားတွေ့ရလဲဆို စစ်သုံ့ ပန်းတွေ တအားများလာတယ်။ နောက်ဆုံးတော့(၁၅)ယောက်တို့၊ (၁၆)ယောက်တို့၊ (၂၀)တွေကအဲဒါတွေက ခဏခဏတွေ့လာရတာ။ ဒါတော်တော်လေးထူးခြားချက်ပဲလေ။

-ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၂)ဦး အထိ လက်နက်ချ အဖမ်း ခံခဲ့တာ တွေ့ရပါတယ်။ ဒီလောက်အရေအတွက်အထိ လက်နက်ချလာတာဟာ ဘယ်လိုကြောင့်လို့ သုံးသပ်လို့ ရနိုင်သလဲ။ တိုက်ပွဲတွေမှာ စိတ်ဓာတ်ကျနေတာလား၊ တိုက်ခိုက်ချင်စိတ် လျော့နည်းသွားတာလား။ ဘယ်လို မြင်ပါသလဲ။

အဲဒီအပိုင်းက ရိုးရိုးလေးမြင်မိတာက စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်တပ်ကအာဏာသိမ်းပြီး လူထုကို တုံပြန်တာက တော်တော်ဆိုးရွားတဲ့ဟာတွေ တွေ့လာရတယ်။ သူက တော်လှန်တိုက်ခိုက်နေတဲ့ သူတွေတင် မကဘဲနဲ့ လူထုကို အခန့်မသင်ရင် လုပ်ချင်သလိုလုပ်သွားတဲ့ လူထုကို ရန်သူလိုပဲမြင်နေတဲ့ အပိုင်းတွေတွေ့ လာရတဲ့အခါမှာ လူထုက တော်တော်နာကျည်းမှုရှိပြီးတော့  တစ်တိုင်းတစ်ပြည်လုံးက စစ်တပ်ကိုရွံရှာတယ်။ စစ်တပ်ပိုင်းမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေလည်း အဲဒါကိုသိတယ်။ တစ်တိုင်းပြည်လုံးက မုန်းတီးရွံရှာတဲ့ ဘဝကို ရောက် သွားတဲ့အခါ သူတို့ကလည်း နေရင်းထိုင်ရင်း(၅၀)ရာခိုင်နှုန်းက စိတ်ဓာတ်ကျနေပြီလေ။ ဒီလိုပဲဖြစ်မှာပဲ။ ဆိုတော့(၅၀)ရာခိုင်နှုန်းက မုန်းတီးပြီး ဒီလိုဖြစ်သွားပြီဆိုရင် ကျန်တဲ့အပိုင်းက ပံ့ပိုးမှုအပိုင်းတွေရော၊ ထောက်ပံ့ တဲ့အပိုင်းတွေက ရှေ့တန်းမှာ အရမ်းပြသာနာရှိတယ်။ သူတို့ထုတ်ဖော်ပြောနေကြ ဘာလဲဆိုတော့ သူတို့ကို အဓိက လက်နက်ခဲယမ်းကို စွပ်တင်ပေးတယ်။ လူတစ်ယောက်ကို မနိုင်ဝန်တွေထမ်းပြီးတော့ တောထဲတွေ လျှောက်သွား။မမြင်မကမ်းနဲ့ အဲဒီလိုဖြစ်လာတဲ့အခါမှာ စားစရာကလည်း သေချာကျွေးတာမဟုတ်ဘူး။ အဲဒီ လိုဖြစ်လာတဲ့အခါမှာ တပ်တွေက အရမ်းစိတ်ဓာတ်ကျပြီးတော့ တိုက်ပွဲထဲမှာလည်း သေဆုံးမှုတွေက အရမ်းမ ဖော်ပြနိုင်အောင်ဖြစ်နေတဲ့အခါကျတော့ တပ်ဖွဲ့ဝင်ရိုးရိုးတင်မကတော့ဘူး။ တပ်မှူးတွေကပါ အဲဒီလို ခဏခဏ ဖြစ်လာတာတွေကို တွေ့ရတယ်။ နောက်ဆုံးသူတို့မှာ စိတ်ဓာတ်ရေးရာ ပျက်ပြားပြီးတော့ တိုက်ပွဲဖြစ်ရင် ခဏ လေးနဲ့ လက်နက်ချတယ်။ အဲဒါအသိသာကြီးပဲ။

-ကော်သူးလေနယ်မြေအတွင်း စစ်ဘေးရှောင်ပြည်သူ(၃)သိန်းကျော်ထဲက (၁)သိန်းကျော်ဟာ အရေးပေါ် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ KNU က ထုတ်ပြန်ထားတာရှိပါတယ်။ စစ်ဘေး ရှောင် တွေရဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး KNU ရဲ့ ကူညီလုပ်ဆောင်မှုပိုင်းမှာ ဘယ်လိုရှိပါသလဲ။

KNU ရဲ့ သတင်းပြန်ကြားရေးဌာနကနေ ထုတ်ပြန်ချက်အရဆိုရင် သုံးသိန်းငါးသောင်းရှိတယ်လို့ ဒါကလည်း မှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စစ်ကောင်စီကနေပြီးတော့ တိုက်ပွဲမဖြစ်လည်း လက်နက်ကြီးနဲ့ရမ်းသမ်းပြီး တော့ ပစ်တာ။ လေယာဉ်ပျံနဲ့ ရဟတ်ယာဉ်နဲ့ ဗုံးကြဲပြီးတော့ပစ်တာ။ ပစ်ခတ်တာတို့ကျ တောက်လျှောက် လုပ်လာတဲ့အခါကျတော့ တိုက်ပွဲမဖြစ်တဲ့နေရာလည်းပစ်ခံရတာပဲ။ တိုက်ပွဲဖြစ်တာက အဲဒီနေရာ ကျဉ်းကျဉ်း လေးထဲမှာ။ ဒါပေမယ့် အဲဒီတခွင်မှာရှိတဲ့ လူထုမြို့နယ်တစ်မြို့နယ်လုံးစာက အကုန်ထွက်ပြေးနေရတာလေ။ နေလို့မှမရဘဲ။အဲဒီလိုသူလုပ်တဲ့အခါကျတော့ အဲ့တော့လူဦးရေက အဲဒီမှာဆို သူတို့ရဲ့ ထုတ်ပြန်ကြေငြာ ချက် အရဆို ရှစ်သောင်းနဲ့ကိုးသောင်းအထိရောက်တယ်။ ထိုနည်းပဲ။အဲဒီလိုဖြစ်လာတဲ့အခါကျတော့ သုံးသိန်းငါး သောင်းဆိုတာ ဒါကကျွန်တော်တို့ခရိုင်၇ခုလုံး ပေါင်းလိုက်တဲ့အခါမှာ အဲဒီလိုဖြစ်သွားတာပေါ့။ ဒါပေမယ့်ပေါ့ အဲဒီသုံးသိန်းငါးသောင်း နည်းနည်းငြိမ်သွားတဲ့အခါမှာ အိမ်ပြန်သွားတဲ့ဟာတွေရှိတယ်။ ကျွန်တော်တို့ သတင်း ပြန်ကြားရေးအဖွဲ့က တကယ်အရေးပေါ်လိုအပ်တဲ့သူတွေက တစ်သိန်းဆိုတာအဲဒါကိုပြတာ။ တစ်သိန်းက ဘယ်လိုမှပြန်လို့မရဘူး ပြေးနေရတာပဲ။ တစ်ရက်၊နှစ်ရက်ငြိမ်သွားရင် သူတို့ရွာပြန်သွားရတာ။ တော်တော်များ တယ်။ တစ်သိန်းလောက် ကျန်နေသေးတာ။အရေးပေါ်လိုအပ်တယ်ဆိုတာ အဲဒါကိုပြောတာ။ အဲဒီအပိုင်းက ဘယ်လိုကျွေးမွေးတယ်။ ဘယ်လိုစောင့်ရှောက်တယ်ဆိုတာကအစ ကျွန်တော်တို့မှာ တကယ်ကူညီကယ်ဆယ် ရေး အသင်းတွေက ဟိုးနှစ်၃၀တည်းက ဖွဲ့စည်းထားတာရှိတော့ ကျွန်တော်တို့ ကိုယ်တိုင်က အဲဒီမှာ အတွေ့ အကြုံအများကြီးရှိတဲ့အခါမှာ တတ်နိုင်သလောက်တော့ ကူညီတယ်လေ။ ဒါပေမယ့် ကျွန်တော်တို့သိရတဲ့ ကိန်း ဂဏန်းအရ အဲဒီလိုအရေးပေါ်လိုတဲ့ တစ်သိန်းထဲမှာတောင် ရောက်ရှိနေတဲ့ လူဦးရေက ရှစ်သောင်းပဲရှိသေး တယ်။ လူဦးရေရှစ်သောင်းတောင်မှပဲ လစဉ်ထောက်ပံ့နိုင်တာမဟုတ်ဘူး။ဥပမာ-ဒီတစ်လထောက်ပံ့ တယ် ဆိုရင် ကျန်တဲ့သုံးလကမရဘူး။ အဲဒီလို အနေအထားမျိုးမှာရှိနေတာ။ အခက်အခဲတွေနဲ့ ရုန်းကန်ပြီး ရပ်တည် နေကြတာလေ။ အဲဒီလို အနေအထားမျိုးမှာရှိတာကလည်း တကယ်အရေးပေါ် စားနပ်ရိက္ခာကိုပြောတာ။ တခြားလိုအပ်တဲ့ ဆေးဝါးတို့၊ အဝတ်အထည်လိုအပ်တဲ့ အရေးပေါ်။ ဒါတွေကလည်း လိုက်ပါလာတာပဲလေ။ နေစရာထိုင်စရာ အမိုးအကာ အဲဒါတွေက လိုက်ပါလာတာပဲနော်။

-ကရင်ပြည်နယ်နေ့မှာ စစ်အာဏာသိမ်းခေါင်းဆောင်က ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို လျှောက်လှမ်းဖို့ ထပ်မံပြောကြားခဲ့ပါတယ်။ NCA ကိုလည်း လေးစားဖို့လိုတယ်လို့ ပြောသွားတယ်။ အဲ့ဒီအပေါ် KNU ရဲ့ တုံ့ပြန်ချက်လေး ထပ်မံသိပါရစေ။

အဲဒါက ထူးထူးဆန်းဆန်းမရှိပါဘူး။ ကျွန်တော်တို့လည်း အကြိမ်ကြိမ်ထုတ်ဖော်ပြောခဲ့ပြီးသားပါ။ စစ်အာဏာ သိမ်းတဲ့သူက တရားမဝင်တော့ဘူးလေ။ သဘောတူညီချက်အားလုံးကို ချိုးဖောက်လိုက်တဲ့အခါကျတော့ အဲဒါ ကျွန်တော်တို့ နိုင်ငံတကာရှေ့မှောက်မှာ သဘောတူညီချက်ရေးထိုးထားတဲ့အခါ ထုတ်ပြန်ပြီးတော့ ဖျက်လို့ဖျက် ဆီးလုပ်သွားတဲ့ အခါမှာကျတော့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် လိုအပ်တဲ့အရာအားလုံးမှန်သမျှက ချိုး ဖောက်လိုက်ပြီဆိုတော့ ဆွေးနွေးပွဲဘယ်လိုမှ သွားလို့မရတော့ဘူး။ထိုနည်းတူပဲ သဘောတူညီချက်ချုပ်ဆိုခဲ့တဲ့ စာချုပ်စာတမ်းတွေကလည်း ဒီအချိန်ဒီကာလမှာ ဘာမှမလုပ်ရတော့ဘူးဆိုတော့ ဒါအထူးပြောစရာမလို တော့ ဘူး။ ဒါပေမယ့် သူကတော့ ဒီဟာတွေက အသက်ရှိနေပါသေးတယ်။ ပုံမှန်အတိုင်းဆို အာဏာသိမ်းရင် အခြေခံ ဥပဒေကပျက်သွားတာပဲလေ။ ဒါတစ်ကမ္ဘာလုံးမှာ ဒီလိုပဲဖြစ်နေတာ။ မြန်မာပြည်မှာဆိုပြီးခဲ့တဲ့ ၁၉၄၇ဖွဲ့စည်းပုံ ရယ်၊ နောက်၁၉၇၄ဖွဲ့စည်းပုံရယ်၊  ၁၉၆၂မှာ အာဏာသိမ်းတာနဲ့ ပျက်တာပဲ။ ၁၉၈၈အာဏာသိမ်းတာ ၇၄က ပျက်သွားတာပဲ။ ဒါတွေက ဒီမှာရှိရဲ့သားနဲ့မသိသလို ဟန်ဆောင်ပြီးတော့ ၂၀၀၈ကရှိနေသလို ရှုးသလိုကြောင် သလိုနဲ့ အဲဒီလိုလုပ်နေတဲ့အပိုင်းက ဒါကကမ္ဘာကြီးကို ငါကတော်တော်အသုံးမကျတဲ့ လူပါလားဆိုတာ ထပြီး တော့ ဖော်ပြလိုက်တာပဲ။ အဲဒါကြောင့်မို့ ကျွန်တော်ပြောချင်တာ ထူးထူးခြားခြားပြောစရာမရှိဘူး။ ကိုယ့်ကို ကိုယ် ဖော်ပြလိုက်တာပဲ။ ကိုယ်ဘာဆိုတာ ဒီလိုပဲ မီးမောင်းထိုးပြလိုက်တာပဲ။တစ်ခါပြီးတစ်ခါ မရိုးနိုင်အောင် ထုတ်ပြလိုက်သလိုပဲ။ ကျွန်တော်တို့က ဘာမှထူးထူးခြားခြား ပြောစရာမရှိဘူး။ဘာမှအဓိပ္ပာယ်မရှိတဲ့ဟာက ဒါရှင်းနေတာပဲလေ။ ဒါကြောင့်မို့ ဘာမှပြောစရာမလိုတော့ပါဘူး။

-KNU အဖွဲ့အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့(၄)ဖွဲ့ ပြည်သူတွေနဲ့ တွေ့ဆုံတာတွေရှိနေပါတယ်၊ အဲ့ဒီအ ပေါ်မှာလည်း ရှင်းပြပြောပေးပါဦး။

ကျွန်တော်တို့ ကရင်အမျိုးသားအစည်းအရုံးမှာ  ဒါကဒီလိုရှိရမယ်ဆိုတာ တောက်လျှောက်ပဲ ကျွန်တော်တို့ ကြိုး စားခဲ့တာပဲလေ။ ဒါ ထူးထူးဆန်းဆန်းအရာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဘယ်လိုပြောရမလဲ ကိုယ်တို့ မျှော်မှန်း ထားတဲ့အတိုင်းက ဖြစ်မလာဘူးဆိုတာ ဒါကငြင်းလို့မရတဲ့အချက်ပဲ။ ဒါပေမယ့်တစ်ခုပဲရှိတာ ကျွန်တော်တို့က ဆက်ပြီးတော့ ကြိုးစားသွားရမှာပဲလေ။ ကိုယ့်အမျိုးသားအချင်းချင်းပဲ ညီညွတ်မှုရှိအောင် အရင်ကြိုးစားရမှာ ဒါပထမဆုံးအချက်ပဲ။ ဒါမလုပ်ဆောင်နိုင်သေးဘူးဆိုရင် ကျွန်တော်တို့ကြီးကြီးကျယ်ကျယ် လျှောက်ပြောနေ တာလည်း နည်းနည်းတော့ ပြောစရာတော့ဖြစ်နေတာပေါ့။ ဒါပေမယ့် ကျွန်တော်က ဘယ်လောက်ပဲ အခက် အခဲရှိနေပါစေ။ ဆက်ကြိုးစားရမှာပဲလေ။ ကျွန်တော်တို့အထဲမှာရှိတဲ့ မတူညီမှုကလည်း ဒါကတော့ အသိအ မှတ် ပြုရမယ်။ ဒီအချိန်မှာလည်း မတူညီတဲ့အနေအထားကနေပြီးတော့ ဒီထက်ပိုပြီးတော့ ကျွန်တော်တို့ အချင်း ချင်းကြားမှာ နားလည်မှုလွဲတဲ့ဟာတွေ ပိုပြီးတော့မကြီးထွားအောင် ဆက်ပြီးတော့ကြိုးစားရမှာလေ။ ကျွန်တော် တို့ ခေါင်းဆောင်ပိုင်းမှာလည်း ကြိုးစားနေတာပဲ။ ကျွန်တော်တို့ ညီအစ်ကိုအချင်းချင်းမှာလည်း ကြိုးစားနေမှာပဲ။ ဒါတွေကတော့ လက်ကမ်းကြိုဆိုရမယ့်အချက်ပါပဲ။ ဘယ်အလုပ်ပဲလုပ်လုပ် စိန်ခေါ်ချက်တွေ နေရာတိုင်းမှာရှိ မှာပဲ။ ဒါပေမယ့် သိပ်ပြီးတော့လည်း အကောင်းမြင်လို့မရဘူး။ သို့သော်လည်း ကျွန်တော်တို့ ဒီအထဲကပဲ ဆက် ပြီး ကြိုးစားသွားရမှာပဲလေ။ ဒါဖြစ်နိုင်စရာ အကြောင်းရှိတာကတော့ လက်ရှိရင်ဆိုင်နေရတ ပြသာနာတွေ အထူးသဖြင့်ပေါ့လေ။ စစ်ကောင်စီပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ လက်ရှိ မူဝါဒသဘောထားတွေကတော့ အနည်းဆုံး ဖြစ်မြောက်နေတယ်လေ။ ထိုနည်းလည်းကောင်းပဲ လူထုတွေလက်ရှိကြုံတွေ့နေရတာတွေက ကွျှန်တေတာ်တို့ကြောင့် မဟုတ်ဘူး။ ဒါစစ်ကောင်စီက လုပ်နေတာတွေက တလွဲတွေ။ ဒါတွေက ထောက်ပြရ မှာပဲလေ။ ဒီအကြောင်းအရာတွေက တဖက်ကနေ ကိုယ့်ကိုတောက်လျောက်ပဲ ပြစ်တင်စွပ်စွဲတဲ့အနေအထားမှာ ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေးမလိုချင်ဘူး။ အပစ်ခတ်ရပ်စဲရေးမလုပ်ချင်ဘူး။ အဲဒါတွေကတောက်လျှောက်ပဲ ဖော်ပြလာတဲ့အခါမှာ ထိုက်သင့်သလိုအချိန်ကာလအားဖြင့် အခါအားလျော်စွာပဲ ကျွန်တော်တို့တ့ုံပြန်ရတယ်။ ရှင်းလင်းပွဲလုပ်ရတယ်။ ဒါကတော့ဒီလိုရှိနေပါတယ်။ ဒါကြောင့်မို့ပြောချင်တာက ဒီလိုဒုက္ခတွေကရှိနေတာပဲ လေ။ ဒုက္ခတွေက ကျွန်တော်တို့ပြောရမယ်ဆိုရင် ကျွန်တော်တို့ ကရင်အသိုင်းအဝိုင်းထဲမှာတောင် တစ်ပြည်လုံး မှာ အနှံအပြားနဲ့ လူဉီးရေကတသန်းခွဲ၊ တသိန်းအထက်မှာရှိနေပြီ။ ဒါကြောင့်မို့ ကျွန်တော်တို့တဖွဲ့တည်းနဲ့ ဖြေ ရှင်းလို့မရဘူး။ တခြားအဖွဲ့အစည်းတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေနဲ့ ကျွန်တော်လက်တွဲပြီး ဒီလူသားချင်းစာနာ ထောက်ထားမှုကူညီမှုတွေကို ကျွန်တော်တို့ ကိုယ့်နည်းကိုယ်ဟန်လုပ်တာအပြင်  နိုင်ငံတ ကာကလည်း တတ်နိုင်သ၍ ဒီအခင်းအကျင်းကို သတိထားပြီးတော့ ဒီထက်ပူးပေါင်းပါဝင်လာဖို့အတွက် ကျွန် တော် တို့ဆက်ကြိုးစားနေတာပဲ။ ဘာလို့ဆိုကိုယ့်တစ်ယောက်တည်းနဲ့ ရုန်းလို့မရဘူးလေ။ ဒီအခက်အခဲပြဿ နာတွေက။ ဒီအချက်တွေကိုလည်း လူထုတွေကိုလည်း ရှင်းလင်းပြတဲ့ အခွင့်အရေးတစ်ရပ်လို့ ကျွန်တော်တို့ ယူဆပါတယ်။

-နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားချင်တာ ရှိမလဲ။ ပြောကြားပေးပါဦး။

ထူးထူးခြားခြားတော့ မရှိတော့ပါဘူး။ ဒီအချိန်ဒီကာလ စစ်ကောင်စီက သူ့လုပ်ရပ်တွေကတော့ ပိုပြီးတော့ လူသားမဆန်တော့ဘူးပေါ့။ ကျွန်တော်တို့က ဒီအချိန်မှာတော်လှန်ရေးကာလ ဖြစ်တဲ့အတွက် တော်လှန်ရေး ဝီရိယတွေ အမြဲတမ်းရှိရမယ်။ ဟိုပေါ့ပေါ့နေပေါ့ပေါ့စား သွားလိုတဲ့စိတ်နဲ့ ပေါ်ပေါ်တင်တင် မဟုတ်တမ်းတရား တွေ လျှောက်ပြီး ပုံကြီးချဲ့ပြီးလုပ်တဲ့ဟာတွေမလုပ်မိဖို့ သိပ်အရေးကြီးတယ်။ ကိုယ့်ကိုကိုယ် တော်လှန်ရေးသ မားလို့ ခံယူပြီးတော့ ဘာလို့ကျွန်တော်ပြောရလဲဆို လူထုကို အစိုးရက  ရန်သူလို့ သတ်မှတ်တဲ့အခါမှာ ကိုယ့်ကို ကိုယ်အကောင်းဆုံး တော်လှန်ရေးသမားလို့ ယူဆရတော့မယ်လေ။ ခံယူရတော့မယ်လေ။ အဲ့ဒါကြောင့် သတိ ဝီရိယအမြဲတမ်းရှိပါ။ ရှောင်စေရှားစေနဲ့ပဲ လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်ပါလို့ပဲ တိုက်တွန်းပါရစေ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.