November 19, 2022

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးဖွင့်ပွဲပြုလုပ်

ဝါရှင်တန်ဒီစီ – နိုဝင်ဘာ(၁၉) အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဌာနရုံးဖွင့်ပွဲပြုလုပ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့မှာ ဖွင့်လှစ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး မိတ်ဆက်ပွဲကို နိုဝင်ဘာလ(၁၈) ရက်နေ့က ပြုလုပ်ခဲ့တာပါ။ ဝါရှင်တန်ဒီစီမြို့မှာ ဖွင့်လှစ်ထားတဲ့ ရုံးကို မြန်မာ Community နဲ့မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး…

စိတ်ကျန်းမာရေး ချို့တဲ့သူတွေကို ခွဲခြားဆက်ဆံမှုအပေါ် အမေရိကန် တရားရေးဌာန စုံစမ်းစစ်ဆေး

အိုကလာဟိုးမား၊ နိုဝင်ဘာ (၁၉) အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် အိုကလာဟိုးမားမြို့အုပ်ချုပ်ရေးဌာနနဲ့ မြို့နယ် ရဲဌာနဟာ စိတ်ကျန်းမာရေးချို့တဲ့နေသူတွေကို ခွဲခြားဆက်ဆံမှုတွေ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်တရားရေးဌာနက ပြောပါတယ်။ ဒီပြဿနာကို အမေရိကန်မသန်စွမ်းဥပဒေ(ADA) မှာအကျုံးဝင်တဲ့ အိုကလာဟိုးမား ဖက်ဒရယ် ဥပဒေအရ စုံစမ်းစစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။ အမေရိကန်တရားရေးဌာနမှ လက်ထောက်ရှေ့နေချုပ် Clarke ကတော့ ပြည်သူတွေကို လုပ်ဆောင် ပေးရမယ့် ရပ်ရွာအခြေပြု ဝန်ဆောင်မှုတွေဟာ…

APEC အစည်းအဝေးနဲ့ ဝန်ကြီးချုပ် ပရရွတ်ကိုရှုပ်ချသူတွေကို ထိုင်းရဲတပ်ဖွဲ့ ရာဘာကျည်သုံး ဖြိုခွင်း

APEC အစည်းအဝေးနဲ့ ဝန်ကြီးချုပ် ပရရွတ်ကိုရှုပ်ချသူတွေကို ထိုင်းရဲတပ်ဖွဲ့ ရာဘာကျည်သုံး ဖြိုခွင်း ဘန်ကောက် – နိုဝင်ဘာ(၁၉) အာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်မှု APEC အစည်းအဝေးကျင်းပနေတဲ့ ဘန်ကောက်မြို့ထဲမှာ အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှား သူတွေကို ရာဘာကျည်အသုံးပြုပြီး ဖြိုခွဲခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့ တာဝန်ယူကြီးကြပ်နေတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ တက်ကြွလှုပ်ရှားသူ အယောက် (၂၅၀) လောက်ဟာ APEC အဖွဲ့ဝင်ခေါင်းဆောင်တွ တွေ့ဆုံ…

ဝန်ထမ်းပေါင်းများစွာ နုတ်ထွက်ပြီးနောက် တွစ်တာ ရုံးတွေ လာမယ့် သီတင်း ပတ်အထိ ပိတ်ထား

ဝါရှင်တန်၊ နိုဝင်ဘာ(၁၉) ဝန်ထမ်းပေါင်းများစွာ နုတ်ထွက်သွားပြီးတဲ့နောက်မှာ သူဌေးကြီး အီလွန်မက်စ်ရဲ့ တွစ်တာ ကုမ္ပဏီဟာ နောက်တစ်ပတ်အထိ ရုံးတွေပိတ်ထားခဲ့ပါတယ်။ ဒီလိုရုံးတွေပိတ်ထားမှာဖြစ် ကြောင်း ဝန်ထမ်းတွေကို မက်ဆေ့ချ်ပို့ပြောကြားခဲ့တာ ဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၂၁ရက်နေ့မှာတော့ ရုံးတွေပြန်လည်ဖွင့်လှစ်မှာ ဖြစ်တယ်လို့ အကြောင်းကြားထားခဲ့တာပါ။ ဘာကြောင့်ဒီလိုပိတ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်ကိုတော့ ဖော်ပြထားခဲ့ခြင်း မရှိပါဘူး။ တွစ်တာရဲ့ ပိုင်ရှင် အသစ် အီလွန်မက်စ်ဟာ ဝန်ထမ်းဟောင်းတွေကို…

KNU ပြောခွင့်ရ ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် တိုက်ပွဲပေါင်း အကြိမ် ၄၀၀၀ နီးပါး ဖြစ်ပွားထားပါတယ်။ အဲဒီတိုက်ပွဲကြောင့် အရပ်သားပြည်သူ ၃ သိန်းခွဲကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသလို လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လျက်ရှိနေပါတယ်။ ဒါကြောင့် စစ်တပ် အာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်နယ်မြေထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ KNU ထဲ…

ဒီးမော့ဆိုမြို့နယ်ကို တပ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးဖို့ စစ်ကောင်စီ ပြင်ဆင်နေ

ဒီးမော့ဆို ၊ နိုဝင်ဘာ (၁၉) နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ကို အာဏာသိမ်း စစ်ကောင်စီက တပ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးဖို့ စစ်ကောင်စီ ပြင်ဆင်နေတယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဒီးမော့ဆိုမြို့နယ်ထဲကို စစ်ကြောင်းထိုးဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ လက်နက်ခဲယမ်းတွေပါဝင်တဲ့ စစ်ကားဆယ်စီးလောက်ဟာ လွိုင်ကော်ကနေ…

မော်လမြိုင်မှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဝန်ထမ်းတွေ မလိုအင်ရင် အပြင်မထွက်ဖို့ စစ်ကောင်စီ ညွန်ကြား

မော်လမြိုင်၊ နိုဝင်ဘာ(၁၉) မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် Non CDM ဝန်ထမ်းတွေအနေနဲ့ မလိုအပ်ရင် အပြင်မထွက်ဖို့ အာဏာသိမ်း စစ်ကောင်စီက ညွန်ကြားထားတယ်လို့ ရုံးတက်နေတဲ့ ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်န့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF) တို့ကြား နှစ်ဖက်…

စစ်အာဏာသိမ်း (၆၅၆) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၁၉ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၁၉) AAPP ရဲ့ နိုဝင်ဘာလ (၁၈) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၅၆)ရက်အတွင်း ပြည်သူ (၂၅၁၉)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၂၇၅ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၂၉၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မွန်ပြည်နယ်တဝန်းမှာ အာဏာသိမ်း ၂၂ လအတွင်း လျှပ်စစ်မီး ပိုမို ပြတ်တောက်လာ

မော်လမြိုင်၊ နိုဝင်ဘာ (၁၉) မွန်ပြည်နယ်တဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂၂လတာကာလအတွင်း လျှပ်စစ်မီး ပိုမို ပြတ်တောက်လာတဲ့အတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ဒေသခံပြည်သူတွေနဲ့ SME လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လျှပ်စစ်မီးဟာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်၊ကျေးရွာတွေအလိုက် ၃ နာရီခြား တခါအလှည့်ကျစနစ်နဲ့ ဖြန့်ဝေပေးရာကနေ လက်ရှိမှာတော့ လျှပ်စစ်မီးပေးချိန် မှန်ကန်မှု မရှိတော့သလို လျှပ်စစ်မီး…