မော်လမြိုင်၊ နိုဝင်ဘာ (၁၈)

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ထမ်းဆောင်နေတဲ့ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးကို အာဏာသိမ်းစစ်ခေါင်းဆောင်က စည်သူဘွဲ့ပေးအပ်လိုက်တယ်လို့ နိုဝင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါက်တာ ဗညားအောင်မိုးအပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ကာကွယ်ရေးဝန်ကြီးဌာနက တပ်မ တော်အရာရှိတွေနဲ့ ကွယ်လွန်သွားပြီးဖြစ်တဲ့ စာရေးဆရာ၊သတင်းစာဆရာတွေကိုလည်း စည်သူဘွဲ့ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲမှာတော့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို မဟာသရေစည်သူဘွဲ့ ပေး အပ်ခဲ့ပြီး ဌာနဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီး ချုပ်တွေအပြင် ဘာသာရေးအသင်းတော်က ခေါင်းဆောင်တွေကိုတော့ သီရိပျံချီဘွဲ့ ပေးအပ်ခဲ့ပါတယ်။

ဒေါက်တာ ဗညားအောင်မိုးဟာ မွန်ညီညွတ်ရေးပါတီဝင်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက် ပွဲမှာ ရေးမြို့နယ်၊ မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူပါ။

မွန်ညီညွတ်ရေးပါတီဟာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ ကမ်းလှမ်းတဲ့အပေါ် မွန်လူထုတွေ ကန့်ကွက်နေတဲ့ကြားက ဒေါက်တာဗညားအောင်မိုးကို ကိုယ်စားလှယ်အဖြစ် စေလွှတ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မွန်ညီညွတ်ရေးပါတီရဲ့ ဗဟိုအလုပ်ဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ နိုင်လယိတမကလည်း မွန် ပြည်နယ် စစ်ကောင်စီမှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.