ဘာလီ – နိုဝင်ဘာ(၁၈)
G-20 ရဲ့ တံခါးပိတ်အစည်းအဝေးတစ်ခုအကြောင်း သတင်းပေါက်ကြားတယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ တရုတ်သမ္မတ ရှီကျင်ဖျင်ဟာ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုကို လူချင်းတွေ့ဆုံချိန်မှာ ထိပ်တိုက်တွေ့ပြီး ဝေဖန်ခဲ့တယ်လို့သိရပါတယ်။
ကနေဒါရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုမှာ ရှီက ထရူဒိုကို စကားပြန်ကတဆင့် အပြန်အလှန်ပြောဆိုနေတာကို ဖော်ပြထားတာပါ။
မတ်ဒရင်းတရုတ်ဘာသာစကား အသုံးပြုပြီးပြောနေတဲ့ ရှီရဲ့ ပြောဆိုချက်မှာ “ဒါက သင့်တော်တဲ့ အရာမဟုတ်သလို ကျွန်ုပ်တို့လည်း အဲ့ဒီနည်းလမ်းအတိုင်း ဆောင်ရွက်ခဲ့တာမရှိဘူး။ ရိုးသားမှု သာတကယ်ရှိ ကျွန်ုပ်တို့ အချင်းချင်း အပြန်အလှန်လေးစားမှုနဲ့ ဆက်သွယ်ပြောဆိုလို့ ရပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ရလဒ်က ကောင်းမှာမဟုတ်ဘူးလို့ အလွယ်လေး ပြောနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
မီဒီယာတွေက ဖော်ပြထားတဲ့ ကနေဒါရွေးကောက်ပွဲမှာ တရုတ်ဘက်က ဝင်ရောက်စွပ်ဖက်တယ် လို့စွပ်စွဲချက်ကတဆင့် တရုတ်ခေါင်းဆောင်ရဲ့ မကျေနပ်မှုထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ရှီကျင်ဖျင်ဟာ စကားပြန်က တဆင့် ထရူဒိုကို “ကျွန်ုပ်တို့ ဆွေးနွေးသမျှ အရာအားလုံးဟာ စာတတန် ပေတတန်နဲ့ သတင်းပေါက်ခဲ့တာပဲ ဒါက လုံးဝ မသင့်တော်ပါဘူး” လို့ ဆိုခဲ့ပါတယ်။
ထရူဒိုနဲ့ ရှီတို့ရဲ့ အပြန်အလှန်ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံပိုင် မီဒီယာတွေမှာဖော်ပြထားတာမရှိပေမယ့် အစည်းအဝေးကျင်းပချိန်မှာ ဖြစ်ပွား ခဲ့တဲ့ အခြေအနေဟာ (၁၀) မိနစ်လောက်ရှိခဲ့တယ်လို့ သိရပါတယ်။
“ကနေဒါမှာ ကျွန်တော်တို့ အတွက် လွတ်လပ်ပွင့်လင်းတဲ့ ဆွေးနွေးမှုကို ယုံကြည်တာမို့ အဲဒါက ဆက်ရှိနေမယ်၊ အပြုသဘောဆောင်တဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆက်လက်ကြိုးစားသွားမှာပါ၊ ဒါပေမယ့် ကျွန်တော်တို့ သဘောမတူတဲ့အရာတွေလည်း ရှိမှာပါ” လို့ ထရူဒိုက က ရှီ ဝေဖန်မှုကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ကနေဒါဟာ အစည်းအဝေးရဲံ ထုတ်ပြန်ချက်တွေကို ဖော်ပြထားတာမရှိပေမယ့် ထရူဒိုဟာ G-20 အစည်းအဝေးပြီးချိန် သတင်းစာရှင်းလင်းပွဲမှာ တရုတ်ခေါင်းဆောင်ကို ပြောဆိုခဲ့တဲ့ စကားဝိုင်းနဲ့ အချက်အလက်တွေကိုတော့ သတင်းမီဒီယာတါေကို အတည်ပြုထားပါတယ်။
“သတ်မှတ်ချက် စည်းကမ်းချက်တွေ ရှိရပါမယ်၊ သတ်မှတ်ချက်တွေ ထားရပါမယ်၊ အဆင်ပြေပါလား” လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောခဲ့ပါတယ်။
ထရူဒိုပြောခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှတ်တမ်းတစ်ခုအရ အစိုးရဆိုတဲ့ အမည်နာမအတိုင်း ကျွန်တော်တို့ ပြောသမျှဆိုသမျှ ကိစ္စတိုင်း အချက်အလက်တိုင်း နိုင်ငံသားတွေနဲ့အတူ ပြောဆိုတာသာဖြစ်တယ်လို့ ကနေဒါက ယုံကြည်နေပါတယ်။
Ref:Reuters