Former President Donald Trump waves after announcing he is running for president for the third time at Mar-a-Lago in Palm Beach, Fla., Tuesday, Nov. 15, 2022. (AP Photo/Andrew Harnik)

ဝါရှင်တန်၊ နိုဝင်ဘာ (၁၇)

သမ္မတ ဒေါ်နယ်ထရန့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အလားအလာရှိတဲ့ ရီပတ်ဘလစ်ကန် ပြိုင်ဘက်တွေကို ဖယ်ထုတ်ပြီး၂၀၂၄ ခုနှစ်မှာ သမ္မတရာထူးပြန်လည်ရရှိဖို့ ရွေးကောက်ပွဲဝင်ပြိုင်မယ်လို့ နိုဝင်ဘာ (၁၅) ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်ရုပ်မြင်သံကြားကနေ တစ်နာရီကျော်ကြာ တိုက်ရိုက်ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ထောက်ခံသူတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

မိန့်ခွန်းပြောတဲ့ အခမ်းအနားအပြင်အဆင်ကိုလည်း မီးတွေထိန်ထိန်လင်းလင်း အလှဆင်ထားပြီး အမေရိကန် အလံ ဒါဇင်ပေါင်းများစွာ စီတန်းပြင်ဆင်ထားခဲ့တာပါ။

“အမေရိကကို တစ်ဖန်ပြန်လည်ပြီး ကောင်းမွန်လာစေဖို့အတွက် ဒီနေ့ညမှာ အမေရိကန်သမ္မတလောင်းအဖြစ် ဝင်ပြိုင်ဖို့ ကြေညာမှာပါ” လို့ မိသားစုဝင်တွေ၊ အလှူရှင်တွေနဲ့ ဝန်ထမ်းတွေ အပါအဝင် ထောက်ခံအားပေးနေတဲ့ လူအုပ်ကြီးကို ထရန့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ထောက်ခံသူတွေက “Donald J Trump for President 2024” လို့ အမည်ပေးထားတဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းဖို့ အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ စာရွက်စာတမ်းများ တင်ပြခဲ့ပါတယ်လို့ သိရပါတယ်။

“လွန်ခဲ့တဲ့ နှစ်နှစ်က ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့နိုင်ငံဖြစ်ခဲ့ပြီး မကြာခင်မှာ ကျွန်တော်တို့ဟာ တစ်ဖန် ပြန်ဖြစ်လာမှာပါ” လို့ သူကပြောပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို သေဒဏ်ပေးရေး၊ ဥပဒေပြုအမတ်တွေအတွက် သက်တမ်းကန့် သတ် ချက်တွေ ပြင်ဆင်ဖို့နဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးတဲ့အတွက် ထုတ်ပယ်ခံထားရတဲ့ တပ်မတော်သား တွေကို  ပြန်လည်ခန့်အပ်မှာ ဖြစ်တယ်လို့လည်း ထရန့်က ပြောခဲ့ပါသေးတယ်။

သူရဲ့ မဲဆွယ်စည်းရုံးမှုကို လက်ဝဲယိမ်းအုပ်စုတွေ၊ ဝါရှင်တန်အခြေစိုက် အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ က ဆန့်ကျင်လိမ့်မယ်လို့ ထရန့်က ခန့်မှန်းခဲ့ပေမယ့်လည်း ဇွဲရှိရှိနဲ့ ငါတို့ ရှေ့ဆက်ချီတက်ကြမယ်”လို့ ပါ ကြွေးကြော်ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ဒေါ်နယ်ထရန့်ရဲ့အဖွဲ့က ရွေးကောက်ပွဲကော်မရှင်ကို မဲဆွယ်စည်းရုံးရေးတွေ ပြုလုပ်ဖို့နဲ့ အသုံးစားရိတ်တွေရှင်းလင်းဖို့ မဲဆွယ်စည်းရုံးရေးကော်မတီတစ်ခုကို ဖွဲ့စည်း ခန့်အပ်ထားတဲ့အကြောင်းတွေ ကို စာရွက်စာတမ်းတွေ တင်သွင်းခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေါ်နယ်ထရန့်ဟာ ၂၀၂၀ ခုနှစ်မှာ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို ရှုံးနိမ့်ခဲ့ပြီး လေးနှစ်တာ သမ္မတသက်တမ်း တစ်ဆက်တည်းသာရှိခဲ့တာလည်း ဖြစ်ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.