ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံကို စစ်ကောင်စီ ထောင်ဒဏ်နှစ် (၂၀၀) ကျော်ချမှတ်
တောင်တွင်းကြီး – နိုဝင်ဘာ(၁၇) မကွေးတိုင်းအခြေစိုက် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းနဲ့ ပြန်ကြား ရေးတာဝန်ခံကို စစ်ကောင်စီလက်အောက်ခံမကွေးခရိုင်တရားရုံးက ထောင်ဒဏ်နှစ် (၂၀၃) နှစ်ချမှတ်ခဲ့တယ်လို့ မကွေးခရိုင်တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအောင်ခန့်(ခ) ပါလေးကို တောင်တွင်းကြီးမြို့နယ်တရားရုံးနဲ့ မကွေးခရိုင်တရားရုံးက အခုလို နှစ်ရှည်ထောင် ဒဏ်တွေချမှတ်ခဲ့တာပါ။ “မကွေးခရိုင်တရားရုံးက တစ်ရာကိုးဆယ်သုံးနှစ်နဲ့ တောင်တွင်းကြီးမြို့နယ်တရားရုံးက ဆယ်နှစ်ချလိုက်တာပါ။ လောလောဆယ် ဒေါင်းနေထောင်…