မော်လမြိုင်၊ နိုဝင်ဘာ (၁၆)

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် အာဏာသိမ်း စစ်ကောင်စီက တရားစွဲထားတဲ့ ရွေး ကောက်ပွဲ မလျော်သြဇာ သုံးမှုတွေအတွက် ချေဖျက်ပေးဖို့ ပြည်နယ်တရားလွှတ်တော်ကို အယူခံ လျှောက်တင်ခဲ့ပေမယ့် ပ လပ်ခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှု ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ဒီအမှုအတွက် ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရှေ့နေ့အဖွဲ့ အမှုတစ်ခုလုံးကို ချေဖျက်ပေးဖို့ လျှောက်တင်ထားပြီး နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ ချေဖျက်အယူခံကို မွန်ပြည်နယ် တရားလွှတ်တော်က ပလပ်ကြောင်း အမိန့်ချမှတ်လိုက်တာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရှေ့နေ့အဖွဲ့က စစ်ကောင်စီ တရားစွဲထားတဲ့ ဒီအမှုအရ ပြည်သူ့ဝန်ထမ်းတစ်ယောက် တာဝန်ထမ်းဆောင်စဉ် ကျုးလွန်းခဲ့တဲ့ ပြစ်မှုတွေအတွက် တရားစွဲဆိုမယ်ဆိုရင် သမ္မတခွင့်ပြုမိန့် ပါရှိဖို့ လိုတာကြောင့် အမှုတစ်ခုလုံးကို ချေဖျက်ပေးဖို့ လျှောက်တင်ခဲ့တာပါ။

ဒါပေမယ့် စစ်ကောင်စီက ပြည်နယ်တရားလွှတ်တော်က ချေဖျက်အယူခံကို ပလပ်လိုက်တဲ့အတွက် လာမယ့်ရုံးချိန်းတွေမှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ထပ်မံစစ်ဆေးသွားတော့မှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ဒီအမှုကိုတော့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်း ရေးမှူး ဦးထင်ကျော်က တရားလိုအဖြစ် ဆောင်ရွက်နေတာပါ။

လက်ရှိမှာ အသက် ၆၈ နှစ်အရွယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အမှု ၁၁ မှုအတွက် ထောင်ဒဏ် ၂၅ နှစ်အမိန့်ချမှတ်ပြီး ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.