မော်လမြိုင် – နိုဝင်ဘာ(၁၅)

မွန်ပြည်နယ် မော်လမြိုင်မြို့က ဇေယျာ-၃ နယ်မြေထဲမှာ နိုဝင်ဘာလ(၁၄) ရက်နေ့ ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးချိန်မှာ ရဲ (၁) ဦးနဲ့ အုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ SUMF ကသတင်းထုတ် ပြန် ထားပါတယ်။

မော်လမြိုင်မြို့အခြေစိုက် Special Underground Movement Force (အထူးမြေအောက်လှုပ် ရှားမှုအင်အားစု) အဖွဲ့ဝင် (၅) ဦးကို ဝင်ရောက်ဖမ်းဆီးချိန်မှာ ပစ်ခတ်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲ့ဒီနောက်စစ်ကောင်စီဟာ နိုဝင်ဘာလ(၁၄) ရက်နေ့ည(၇)နာရီခွဲ ဝန်းကျင်မှာတော့ အင်အား (၃၀၀) ဝန်းကျင်နဲ့ လက်နက်ကြီး၊လက်နက်ငယ်တွေအသုံးပြုပြီး ပိတ်ဆို့ ပစ်ခတ်ခံခဲ့ရတဲ့ အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(၅) ဦးဟာ လက်နက်ငယ်(၃) လက်နဲ့အတူ ဖမ်းဆီးခံ လိုက်ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စစ်ကောင်စီရဲ့ အင်အားသုံးဖမ်းဆီးခံလိုက်ရတာနဲ့ ပတ်သက်ပြီး မော်လမြိုင်ဒေသခံလူငယ်တွေဟာ ဝေဖန်မှုတွေလုပ်ဆောင်နေကြပါတယ်။

မော်လမြိုင်မြို့ပေါ်မှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်မံတိုးချဲ့လာသလို မြို့အဝင်အထွက်နေရာတွေကိုလည်း ပိတ်ဆို့ ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.