ဆိုးလ်၊ နိုဝင်ဘာ (၁၀)

မကြာသေးမီက မြောက်ကိုရီးယားဘက်က နှစ်နိုင်ငံနယ်စပ်ကိုဖြတ်ပြီး ပစ်လွှတ်လိုက်တဲ့  ဒုံးကျည်ရဲ့ အပျက် အစီးတွေကို ပြန်လည်ဆယ်ယူပြီး ခွဲခြမ်းစိတ်ဖြာခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဒီနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ  ပြောကြားခဲ့ပါတယ်။

 နိုဝင်ဘာ ၂ ရက်နေ့က မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း အပါအဝင် ဒုံးကျည်အစင်း ၂၀ ကျော် ပစ်ခတ်ခဲ့ပြီး တောင်ကိုးရီးယားနိုင်ငံ ယူလန်ဒို Ulleungdo ကျွန်းရှိ နေထိုင်သူတွေကို ကတုတ် ကျင်း တွေမှာ  ခိုလှုံကြဖို့အထိ ရှားရှားပါးပါး သတိပေးချက်တစ်ရပ်ကို ဆိုးလ်အုပ်ချုပ်ရေးဘက်မှ ကြေငြာခဲ့ရပါတယ်။

၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲပြီးဆုံးချိန်ကစလို့  အခုဖြစ်ရပ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုးလ်စစ်တပ်က ပြောကြားခဲ့တာပါ။

တောင်ကိုရီးယားဟာ ရေပြင်အနက် မီတာ ၁,၅၀၀ မှ ၂,၀၀၀ အတွင်း နစ်မြုပ်သွားခဲ့တဲ့ ဒုံးကျည်ကို ရှာဖွေဖို့ ရေငုပ်သင်္ဘောတစ်စင်း စေလွှတ်ခဲ့တယ်လို့  ဆိုးလ်အခြေစိုက် NK News သတင်းမီဒီယာက ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယား SA-5 ဒုံးကျည်လို့  သတ်မှတ်ထားတဲ့အရှည် ၃ မီတာ၊ အနံ ၂ မီတာရှိတဲ့ အပျက်အစီးတွေကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။

“SA-5 ဟာ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ယူကရိန်းစစ်ပွဲမှာ အလားတူ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ကို ရုရှားက မကြာသေးမီက အသုံးပြုခဲ့ပါတယ်” လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲအတွက် မော်စကိုကို အမြောက်ကျည်တွေ လျှို့ဝှက်စွာ ပေးအပ်နေတတာ မဟုတ်ဘူးလို့  ငြင်းဆိုပြီး တစ်ရက်အကြာမှာပဲ အဲဒီ ကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ John Kirby က မြောက်ကိုရီးယားဟာ အရှေ့အ လယ်ပိုင်း သို့မဟုတ် အာဖရိကကို တင်ပို့ရောင်းချမှုအောက်မှာ ရုရှားနိုင်ငံကိုလည်း “ဒုံးအမြောက်အများ” ထောက်ပံ့ပေးနေကြောင်း ပြောကြားခဲ့ပြီး မော်စကို အနေနဲ့ လက်ခံခြင်းရှိမရှိ ရှင်းရှင်းလင်းလင်း မသိရ သေးဘူးလို့  ပြောကြားခဲ့ပါတယ်။

အခုလအစောပိုင်းက ဆိုးလ်နဲ့ ဝါရှင်တန်တို့ရဲ့ အကြီးဆုံးလေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန် တဲ့အ နေနဲ့ ပြုံယမ်းဟာ တိုက်ချင်းပစ်ဒုံးကျည်အပါအဝင် စံချိန်တင်ဒုံးကျည်ပစ်လွှတ်မှုတစ်ခုကို ပြုလုပ်ခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုတွေဟာ အခုလို ဒုံးကျည်ပစ်လွှတ်မှုမှ တဆင့် အဆုံးစွန်ထိ ဖြစ်နိုင် ကြောင်း  အမေရိကန်နဲ့ တောင်ကိုရီးယားတို့က သတိပေးထားပါတယ်။

Ref;CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.