လန်ဒန် – နိုဝင်ဘာ(၁၀)
မျိုးဆက်ပေါင်းများစွာအတွက် နေတိုးမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ဆက်လက်ရပ်တည် သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်သစ် ဆွန်နက်က နေတိုးရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဂျန် စတော့တန်ဘာ့ နဲ့ မတွေ့ခင်မှာ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဆွန်ဆက်စတင်တာဝန်ယူပြီးနောက် နေတိုးအကြီးအကဲဟာ ဒေါင်းနင်းလမ်းမှာ သူနဲ့ ပထမဆုံးတွေ့ဆုံခဲ့တဲ့ နိုင်ငံတကာခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရုရှားကျူးကျော်စစ် စတင်ပြီး ယူကရိန်းနိုင်င့အတွက် ပံ့ပို့ကူညီ မှုနဲ့ မဟာမိတ်အဖွဲ့ရဲ့ အနာဂတ်ကို ဆွေးနွေးပွဲမှာ အဓိကထား လုပ်ဆောင်မှာဖြစ်တယ်လို့ ဝန်ကြီး ချုပ်ရုံးက ပြောပါတယ်။
“ယူကေဟာ နောင်လာမယ့် မျိုးဆက်တွေအတွက် နေတိုးရဲ့ အခြေခံအုတ်မြစ် ဖြစ်လာမယ်လို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်၊ ဒါပေမယ့် အနာဂတ်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် မဟာမိတ်အဖွဲ့အနေနဲ့ တွန်းလှန်ပြီး ရန်သူတွေရဲ့ ခြိမ်းခြောက်မှုတွေ ရှေ့မဆက်ဖို့ ဆက်လက်လုပ်ဆောင်ရပါမယ်” လို့ ဗြိတိန်ဝန်ကြီးချုပ် ဆွန်နက်က ပြောခဲ့ပါတယ်။
ဒါ့အပြင် ယူကရိန်းမှာ စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ငြိမ်းချမ်းရေး တန်ဖိုးကို မမေ့သင့်ဘူးလို့ ဆွန်နက်က ပြောပါသေးတယ်။
နေတိုးအကြီးအကဲနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့လည်း သီးခြားတွေ့ဆုံးမှာဖြစ်တယ်လို့ ပြောဆို ထားပြီး ဗြိတိန်စစ်တပ်က ယူကရိန်းတပ်တွေကို လေ့ကျင့်ပေးနေတဲ့ စစ်ဘက်ဆိုင်ရာ အဆောက် အအုံကို သွားရောက်ပြီးနောက် အကြီးအကဲဟာ ဆွန်နက်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
ဗြိတိန်ဟာ လက်လှမ်းမီမှု၊လက်နက်ကိုင်တွယ်မှု မြို့ပြကတုတ်ကျင်း စစ်ဆင်ရေးနဲ့ ရှေးဦးသူနာ ပြုစုတာတွေအပါအဝင် အရေးကြီးတဲ့ စစ်မြေပြင် ကျွမ်းကျင်မှုတွေအတွက် ယူကရိန်းတပ်သား သစ်(၁၉၀၀၀) ကိုလေ့ကျင့်ပေးဖို့ ကမ်းလှမ်းထားပါသေးတယ်။
ပြင်းထန်တဲ့ ဆောင်းရာသီကို ဖြတ်ကျော်နိုင်ဖို့ ယူကရိန်းစစ်သားတွေကို အပိုပစ္စည်းတွေ ပေးပို့ ထားတယ်လို့ ဆွန်နက်က ပြောဆိုထားပြီး အအေးလွန်ကဲတဲ့ ရာသီဥတုမှာ အဝတ်အထည်အစုံ (၂၅၀၀၀) ကျော်၊ အိပ်ယာခင်း(၁၂၀၀၀) နဲ့ အအေးခံ တဲ (၁၅၀) ကို ပေးပို့ထားတယ်လို့ ပြောပါ တယ်။
ဝန်ကြီးချုပ်သစ်ရဲ့ ပထမဆုံးဖုန်းခေါ်ဆိုမှုမှာ ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့တဲ့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးဖြစ်ပြီး ဆွန်နက်က ယူကရိန်းအတွက် ဗြိတိန် ရဲ့ ပံ့ပိုးကူညီမှုနဲ့ စည်းလုံးညီညွတ်မှုတွေဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကတိပြုထား ပါတယ်။
Ref: Bangkok Post