အာဏာသိမ်း စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်းကာလတွေမှာ ဖြစ်ပွားတဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း လေ ကြောင်း တိုက်ခိုက်မှုတွေ ပိုမို အသုံးပြုလာသလို လေယာဉ်နဲ့ ကင်းထောက်တာအပြင် တပ်အင်အား တိုးချဲ့မှု တွေကိုပါ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ပွင့်လင်းရာသီမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်လာနိုင်တဲ့ အခြေအနေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေအနေနဲ့ ဘာတွေ ပြင်ဆင်ထားဖို့ လိုအပ်ပါသလဲ။ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို တုံ့ပြန်ဖို့ ဘာတွေ ဆောင်ရွက်ထားသင့်လဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ လေကြောင်းရန်ကာကွယ်ရေး တပ်က CDM တပ်ကြပ်ကြီးဇေယျနဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံး စစ်ကောင်စီအနေနဲ့ ပွင့်လင်းရာသီမှာ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်လာနိုင်လား။ ဘယ်လိုနေရာတွေကို အဓိကထား တိုက်ခိုက်လာနိုင်ပါသလဲ။
ပွင့်လင်းရာသီလည်း ရောက်တော့မှာဆိုတော့ သူတို့ကျိန်းသေ လုပ်တော့မှာပေါ့။ လုပ်ရတဲ့ အကြောင်းအရင်းက တော့ သူတို့မှာက အားသာချက်က ဒီလေကြောင်းကနေ တိုက်ခိုက်တာ။ လေကြောင်းက အားသာချက် သူတို့ အတွက်ဖြစ်တာပေါ့။ မြေပြင်မှာ သူတို့အတွက်က စစ်ကိုင်းတိုင်းလို နေရာမျိုးတောင် ဝင်ချင်တိုင်းဝင်၊ သွားချင် တိုင်းသွားလို့ မရတော့ဘူး။ ဒီတော့ သူတို့အားသာချက်ဖြစ်တဲ့ လေကြောင်းကိုပဲ သူတို့လုပ်လိမ့်မယ်။ ဘယ်လို နေရာတွေ လုပ်လာနိုင်လဲ။ ဥပမာ-စစ်ကိုင်းကို သူတို့လုပ်ချင်နေတဲ့အတွက် စစ်ကိုင်းကို လက်နက်စီးဆင်းနေတဲ့ ကူညီနေတဲ့ ကေအိုင်အိုကို တောက်လျှောက်ကြဲတယ်။ သူတို့ရဲ့ စစ်တပ်ရဲ့ဝါဒဖြန့်တဲ့ တယ်လီဂရမ် ချန်နယ် တွေမှာအစ ဗုံးကြဲမယ်တို့၊ ဘာတို့ လမ်းကြောင်းတွေ ပေးတယ်ပေါ့။ နှပ်ကြောင်းလေးတွေ ပေးတယ်။ မလုပ်လာနိုင်ဘူး ပြောလို့မရဘူး။ သူတို့ပြောမှာ။ သူတို့ရန်သူလို့မြင်ရင် ပြည်သူတွေ၊အရပ်သားတွေ ဘာမှမခွဲခြား ဘူး။ အကုန်လုံးလုပ်မှာ။ အဲဒီအတွက် သူတို့က KNU,KIAတို့ တောင်ပိုင်းမှာဆို KNU က အဓိကဖြစ်တယ်။
ဒီလိုဌာနတွေ သူတို့ရဲ့ အဓိက အရေးကြီးတဲ့ဌာနချုပ်တွေလို့ ယူဆရတဲ့နေရာတွေကို ကျိန်းသေပဲ။ ဒီကောင် တွေ ဗုံးကြဲလိမ့်မယ်။ ဗုံးကြဲဖို့ ကြိုးစားလိမ့်မယ်။ ဒီပွဲကို သူတို့က မြန်မြန်နိုင်ချင်တာကိုး။ PDF တွေ လက်နက် ကိုင်အဖွဲ့တွေရဲ့ အဓိကအရေးကြီးတဲ့ ဌာနချုပ်နေရာတွေကို သူတို့ ဗုံးကြဲလိမ့်မယ်ဆိုတာတော့ ကျွန်တော်တို့ အဲဒါ လုံးဝခန့်မှန်းလို့ ရပါတယ်ခင်ဗျ။
-စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို အရှိန်မြှင့်တင်လာနိုင်တဲ့အတွက် ပြည်သူတွေ၊ ကာကွယ်ရေး တပ် ဖွဲ့တွေနဲ့ EAOs တွေက ဘယ်လို ပြင်ဆင်မှုတွေကို လုပ်ဆောင်ထားသင့်ပါလဲ။ လေကြောင်းရန် ကာကွယ်ရေး နဲ့ ပတ်သက်ပြီး ဘာတွေ ထပ်မံဖြည့်စွက် ပြောကြားချင်တာ ရှိမလဲ။
ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့လည်း အဓိက ကတော့ ဗုံးကြဲလို့ရှိရင် တော်ရုံဗုံးဒဏ်ကို ခံနိုင်အောင်၊ တိုက် ရိုက်မကျရင်၊ တိုက်ရိုက်ကျရင် ခံနိုင်အောင် ဥပမာ-ဘန်ကာပေါ်ကို တိုက်ရိုက်ကျရင်တော့ မလွယ်ဘူးပေါ့ဗျာ။ ဘန်ကာကို ထူထူလေး သေချာစနစ်တကျ ဌာနချုပ်တွေအနေနဲ့ မဖြစ်မနေ လုပ်ကိုလုပ်သင့်တယ်။ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေ၊ PDF တွေဆိုလည်း အထိုင်ချမယ့်နေရာ ဖြစ်နိုင်ရင် ကျွန်တော်တို့က ရွာထဲတို့ PDF တွေဆိုလည်း ဘာလုပ်မလဲဆို ကိုယ်တွေအထိုင်ချမယ့် စခန်းချမယ့်နေရာက ရန်သူလေကြောင်းက ဝင်စီး လို့ရှိရင် အလွယ်တကူဝင်စီးလို့ရမယ့် နေရာမျိုးတွေကို ရွေးချယ်ပြီး စခန်းချသင့်တယ်။ ပြီးတော့ စခန်းချပြီဆို တာနဲ့ ကျွန်တော်တို့က အကုန်ပြင်ရမှာ။ ဆက်သွယ်ရေးမြောင်း၊ ကတုတ်ကျင်း ဒါမျိုးတွေက မဖြစ်မနေ လုပ်ရ မယ့် အလုပ်။ ကင်းကို ကင်းတို၊ကင်းရှည်။ ဒါတွေက မဖြစ်မနေကို ချရတယ်။ နောက်လေကြောင်း စောင့်ကြည့် ရေး။ လေကြောင်း သတိပေးတာတေ ွစောင့်ကြည့်ဖို့လိုတယ်။ ဒါမျိုးတာဝန်ချရမယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေဆိုလည်း ဒီလိုပဲ သူတို့နေရာတွေမှာ ခံတပ်တွေ၊ ဘန်ကာတွေ အခိုင်အမာ တည်ဆောက်ထားရမယ်။ နောက် ပြည်သူတွေအနေနဲ့ကတော့ ကျွန်တော်တို့က ဖြစ်နိုင်ရင် တိုက်ပွဲနယ်မြေနဲ့ ထိစပ်တဲ့နေရာမှာ ဗုံးခိုကျင်းတွေ တူးကိုတူးရမယ်လို့ ကျွန်တော်မြင်တယ်။ ဥပမာ-ကော့ကရိတ်ဖြစ်စဉ်လို ဝင် တိုက်တာတို့ ဘာတို့ဆို ကျိန်းသေတယ်။ အဲဒီနေ့က ကော့ကရိတ်ဖြစ်စဉ်က ကျွန်တော်တို့ဒီဘက်က သိမ်းမယ် တို့ မလုပ်လိုက်လို့ပေါ့။ အကယ်၍ လုပ်လိုက်မယ်ဆိုရင် ဒီကောင်တွေက သူတို့လက်လွှတ်ရပြီဆိုရင် အဲဒီမြို့ ကို ဗုံးကြဲမှာ ကျိန်းသေတယ်။ အဲဒီအတွက် တိုက်ပွဲက ဒီအတိုင်းလည်း ပြီးလာမှာ မဟုတ်တဲ့အတွက် ပိုဆိုး လာမှာ။ ပိုဆိုးမှလည်း ဒီပွဲကပြီးမှာဖြစ်တဲ့ အတွက်ကြောင့် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ မဖြစ်မနေ တူး ထားရမယ်။ နောက်ပြီးတော့ ဖြစ်နိုင်ရင် ပြည်သူတွေရော၊ လက်နက်ကိုင် PDF တွေရော အင်တာနက်ရတဲ့ အချိန်မှာ လိုင်းကိုဖွင့်ပြီး ကိုယ်သွားမယ့် ဒေသတွေ အကုန်လုံးကို ကြည့်ထားရမယ်။ အဲဒါဆိုရင် လိုင်းမရ၊ လိုင်းပြတ်သွားတဲ့ အချိန်မှာ အဲဒါကို ပြန်ဖွင့်ကြည့်ပြီး မြေပုံကိုကြည့်ရမယ်။ မြေပုံက ပြေးလမ်းစုံမယ် စသဖြင့် ပေါ့။ ဒါမျိုးတွေ ပြင်ဆင်ထားရမယ်။
ကျွန်တော်တို့ လုပ်ရမယ့်အလုပ်က လေယာဉ် ဗုံးလာကြဲပြီဆိုရင် နားထဲတွေကို ဂွမ်းတွေဆို့ထားရမယ်။ မြေပြင် မှာဝပ်တဲ့အချိန်မှာ ရင်ဘတ်နဲ့မြေကြီး ဖြစ်နိုင်ရင် မထိတာအကောင်းဆုံး။ မသိမသာခွာ။ အဲဒီလိုဆိုရင် ဗုံးကြဲမှု ကြောင့် တုန်ခါမှုက နှလုံးကိုမရိုက်ခတ်တော့ဘူး။ အကယ်၍ မြေပြင်နဲ့ပြားပြားဝပ် ရင်ဘတ်နဲ့အပ်ပြီး နေမယ် ဆိုရင် ဗုံးမှန်လို့မသေဘဲနဲ့ အားနည်းတဲ့သူဆိုရင် တုန်ခါမှုကြောင့် နှလုံးကိုထိနိုင်တယ်။ ဒါကျွန်တော်က တိုင်းရင်းသားလက်နက်ကိုင်တွေရော၊ PDF တွေတင်မဟုတ်ဘူး။ ပြည်သူတွေလည်း အဲဒီအတိုင်းလိုက်နာရမယ်။ ဂွမ်းတွေ ဆောင်ထားသင့်တယ်။ ဗုံးကြဲရင် ဒါမှနားစည်ကို ထိခိုက်မှုသက်သာမှာ။
-လက်ရှိ တိုက်ပွဲတွေမှာ စစ်ကောင်စီသုံးနေတဲ့ လေယာဉ် အမျိုးအစား၊အစီးရေနဲ့ ဗုံးတွေရဲ့ ပြင်းအားတွေကို ပြောပြပေးပါဦး။ EAOs အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လေကြောင်းရန်ကို ပြန်လည် တိုက်ခိုက်ဖို့ ဘာတွေ လုပ်ဆောင်နိုင်မလဲ။
စစ်တပ်ကအဓိကသုံးနေတဲ့ ဥပမာ-YAK-130, MIG-29 တို့ဆို နှစ်မျိုးပေါင်းအစီး (၅၀) နီးပါးလောက်ရှိတယ်။ ဒါပေမယ့် (၅၀)နီးပါးမှာ အစီး(၂၀)နီးပါးလောက်က သူတို့သုံးမရတဲ့ဟာတွေ သုံးလို့မရဘူး။ ယိုယွင်းပျက်စီး သုံးမရဘူးပေါ့ဗျာ ပြောမယ်ဆိုရင်။ သူတို့ ပျက်စီးယိုယွင်းတာဆိုရင် ဥပမာ-အရန်ထားတဲ့ လေယာဉ်တွေကနေ ဖြုတ်၊တပ်ကြတာ။ အဲဒီအတွက် ခုနအစီး၂၀ ဝန်းကျင်လောက်က သုံးမရဘူး။ MIG-29က ပိုဆိုးတာပေါ့။ MIG-29တွေက မြန်မာပြည်ရောက်တာလည်း ကြာပြီဆိုတော့ ဥပမာဗျာ တောင်ငူမှာ ၉စင်းရှိတယ်။ ၆စီးလောက်က ကောင်းတယ်။ အဲဒီလိုသဘောမျိုးပေါ့။ မကောင်းတဲ့ဟာတွေ တော်တော်များများရှိပါတယ်။
နောက်ပြီးတော့ ဗုံးကြဲလေယာဉ်တွေဆိုလည်း အစီး၃၀ကျော်လောက်ရှိတယ်။ အဲ့ကောင်တွေကျတော့ တရုတ် ထုတ်ကိုမှ မြန်မာမှာလာထုတ်တာ။ အရည်အသွေးမပြည့်မီဘူး အဲဒီလောက်အထိ။ အရင်တုန်းက နောက်ပိုင်း စစ်ပွဲတို့၊ဘာတို့မှာသုံးတာ။ အခုလည်း အနည်းနဲ့အများတော့သုံးတယ်။ တွင်တွင်ကျယ်ကျယ်တော့ မသုံးနိင် ဘူး။ အဲဒီကောင်လေးဆိုရင်လည်း အစီး၃၀ ကျော်လောက်ရှိတယ်။ ဒီကောင်တွေမှာလည်း အစုတ်အပြတ်တွေ များတယ်။ အဆင်မပြေဘူးပေါ့။ ခုနက YAK-130, G-29 ကတော့ လက်ရှိသူတို့ အဲဒါတွေ သုံးတာပေါ့နော်။
-EAOs အပါအဝင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ လေကြောင်းရန်ကို ပြန်လည်တိုက်ခိုက်ဖို့ ဘာတွေ လုပ်ဆောင်နိုင်မလဲ။
အဓိကကကျွန်တော်တို့က ပထဝီမြေအနေအထားအရ လေကြောင်းဝင်စီးနင်းလို့မရတဲ့ နေရာတွေမှာ နေရာ ယူထားသင့်တယ်။ PDF တွေအနေနဲ့က စစ်ကိုင်းတိုင်းက အဓိကပေါ့လေ။ လုပ်သင့်တယ်။ လေယာဉ်ပစ် လက်နက်တွေက ရဖို့ကခက်ခဲတယ်။ ရလာရင်လည်း ပစ်ချဖို့က ကျွမ်းကျင်ဖို့လိုတယ်။ ဟိုမှာယူကရိန်းက စစ်သားတွေ ပစ်နေတာပဲကြည့်ဗျာ။ သူတို့က အမြဲလေ့ကျင့်နေတာတောင် အခက်အခဲရှိတယ်။ ပစ်တိုင်း ထိတာမဟုတ်ဘူး။ ကျွန်တော်တို့မှာ ဘတ်ဂျတ်မရှိဘူး။အလှူခံရတဲ့ပိုက်ဆံနဲ့ပဲ တိုက်ပွဲဝင်နေရတာ ဖြစ်တဲ့ အတွက် ကျွန်တော်ကတော့ လက်တွေ့ကျတဲ့ လေယာဉ်ပစ်သေနတ် စက်သေနတ်တွေရှိတယ်။ ဒီလို ဟာမျိုး တွေ ဝယ်သင့်တယ်။ ဒီလိုမျိုးတွေဝယ်ပြီး ဘာမဟုတ်တဲ့ ဖိုက်တာတွေကို လိုက်ပစ်နေရင် ဆီကုန်မယ်။
ကျွန်တော်တို့နေရာကို သိတယ်။ နောက်ဆုံး လေယာဉ်ပစ် သေနတ်မရှိရင်တောင် စက်သေနတ်လိုဟာ မျိုးရှိ နေရင် ဒီကောင်တွေမခံနိုင်ဘူး။ ဥပမာ-စစ်ကိုင်းတိုင်းကို လာစီးမယ်ဆိုရင် MI-35နှစ်စီးက အပေါ်မှာပျံပြီး လာ ပစ်တယ်ပေါ့။စ MI-35 ကိုသေနတ်နဲ့ခြောက် လှန့်ပြီးပစ်နိုင်မယ်ဆိုရင် ချက်ချင်း လူလာချနေတဲ့ နောက်ထပ် လေယာဉ်တွေပါ ပစ်ချလို့ရတယ်။ အကယ်၍ မဟုတ်ရင် သူတို့လူချပြီးအောင်စောင့်။ ကြောက်လန့်ပြီး ပြေးတာ လွှားတာထက် ပိုအန္တရာယ်များတယ်။ သူတို့လာရင် ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်မလဲဆိုပြီး ခံပစ်ဖို့ပေါ့နော်။ ကတုတ်ကျင်းလို သေချာစနစ်တကျဆောက်ပြီး စောင့်ဆိုင်းပြီးတော့ ကိုယ့်ဂွင်ထဲဝင်လာရင် ပြန်ဆော်တာလည်း ကျွန်တော်တို့အတွက်ပိုပြီး အကျိုးရှိတယ်။ ထိရောက်မှုနည်းတယ်ပေါ့နော်။ ဒီအတိုင်းကြောက်လန့် တကြား သူ တို့ လိုက်ပစ်ရင် အဲဒီလိုသေမယ့်အတူတူ သူသေ၊ကိုယ်သေ ပြန်ချရင် ကျွန်တော်တို့အတွက် အကျိုးရှိမယ်ထင် တယ်။ အဲဒီအတွက် ကျွန်တော်တို့က စက်သေနတ်ကောင်းကောင်းတွေ ရအောင်ကြိုးစားရမယ်။
-နောက်ဆုံးအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဘာတွေ ထပ်မံဖြည့်စွက် ပြောကြားချင်တာ ရှိမလဲ။
အဓိကက နောက်တစ်ချက်က လေကြောင်းသတိပေးချန်နယ်တွေကို ချိတ်ထားရမယ်။ စောင့်ကြည့်ရမယ်။ ရှင်း ရှင်းပြောရရင် အခုစစ်ကိုင်းတိုင်းကို ပစ်နေတယ်။ ဗုံးကြဲတယ်။ ရဟက်ယာဉ်နဲ့ပစ်တယ်။ ခုနက ပြောသလို စက် သေနတ်တွေ ကောင်းကောင်းရှိမယ်ဆိုရင် နောက်ပြီးတော့PDF တွေအနေနဲ့က အဖွဲ့ငယ်လေးတွေ ကွဲနေတာ ရန်သူကို အားသာသွားစေတယ်။ အဲဒီတော့ ကျွန်တော်တို့က လေကြောင်းကိုတန်ပြန်နိုင်ဖို့ ဗုံးကြဲတာတွေ၊ လေကြောင်းစီးနင်းတာတွေ ကာကွယ်နိုင်ဖို့ဆို ကျွန်တော်တို့အဖွဲ့တွေ အကုန်လုံးက စုစည်းရမယ်။ လုံးဝ သူ့လက်အောက်၊ ကိုယ့်လက်အောက် မဝင်ရင်တောင်မှ လုံးဝမဟာမိတ်အနေနဲ့ သူ့ဆီကိုလာတိုက်ရင် ငါတို့ ဘယ်လိုကူပေးရမယ် ဆိုတာမျိုးရှိရမယ်။ ဥပမာ-ကာကွယ်ရေးဝန်ကြီးကပဲ စစ်ဦးစီးချုပ်ပုံစံမျိုး လုပ်မယ်ဆိုရင် ဘယ်သူမှ လက်ခံမှာမဟုတ်ဘူး။ ဥပမာ-စစ်ဦးစီးချုပ်ဆိုတာထက် စစ်ကော်မတီတို့ စစ်ကော်မရှင်တို့ ဒါမျိုးဖွဲ့ ပြီးတော့ လက်နက်ကိုင်တပ်တွေက စစ်ရေးအရ ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တွေ အကြီးဆုံးတာဝန်ရှိတဲ့ ပုဂ္ဂိုလ် တွေကနေပြီးတော့ ပါဝင်ပြီးတော့ သေချာစနစ်တကျ ချိတ်လုပ်နိုင်ရင် လေကြောင်းကို ကာကွယ်နိုင်မှာပေါ့။ အခုလိုမျိုး သူတလူ၊ ငါတမင်း ကွဲပြားနေမယ်ဆိုရင်တော့ စစ်ကောင်စီရဲ့အကွက်ထဲဝင်ပြီး တစ်ဖွဲ့ချင်းကို ဝင်ပြီး သူက ချေမှုန်းသွားပါလိမ့်မယ်။