Radio Than Lwin Times(9/11)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
အာဏာသိမ်း စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်းကာလတွေမှာ ဖြစ်ပွားတဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း လေ ကြောင်း တိုက်ခိုက်မှုတွေ ပိုမို အသုံးပြုလာသလို လေယာဉ်နဲ့ ကင်းထောက်တာအပြင် တပ်အင်အား တိုးချဲ့မှု တွေကိုပါ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ပွင့်လင်းရာသီမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်လာနိုင်တဲ့ အခြေအနေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေအနေနဲ့ ဘာတွေ ပြင်ဆင်ထားဖို့ လိုအပ်ပါသလဲ။…
မော်လမြိုင်၊ နိုဝင်ဘာလ၊ (၁၀) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မှာ ဒီနေ့ နိုဝင်ဘာ ၄ရက် မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ(၄)ဦးသေဆုံးခဲ့ပြီး နေအိမ်(၈)လုံး ဆုံးရှုံးခဲ့တယ်လို့ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနက သံလွင်တိုင်းမ် ကိုပြောပါ တယ်။ ဖြစ်စဉ်မှာမနက် ၃ နာရီ မိနစ် ၅၀ ခန့်က ဇင်းကျိုက်မြို့ ဘုံကျောင်းလမ်းက မောင်လင်းထွန်း နေအိမ်…
ဆိုးလ်၊ နိုဝင်ဘာ (၁၀) မကြာသေးမီက မြောက်ကိုရီးယားဘက်က နှစ်နိုင်ငံနယ်စပ်ကိုဖြတ်ပြီး ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ရဲ့ အပျက် အစီးတွေကို ပြန်လည်ဆယ်ယူပြီး ခွဲခြမ်းစိတ်ဖြာခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဒီနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့က မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း အပါအဝင် ဒုံးကျည်အစင်း ၂၀ ကျော် ပစ်ခတ်ခဲ့ပြီး တောင်ကိုးရီးယားနိုင်ငံ…
လန်ဒန် – နိုဝင်ဘာ(၁၀) မျိုးဆက်ပေါင်းများစွာအတွက် နေတိုးမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ဆက်လက်ရပ်တည် သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်သစ် ဆွန်နက်က နေတိုးရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဂျန် စတော့တန်ဘာ့ နဲ့ မတွေ့ခင်မှာ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ဆွန်ဆက်စတင်တာဝန်ယူပြီးနောက် နေတိုးအကြီးအကဲဟာ ဒေါင်းနင်းလမ်းမှာ သူနဲ့ ပထမဆုံးတွေ့ဆုံခဲ့တဲ့ နိုင်ငံတကာခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရုရှားကျူးကျော်စစ် စတင်ပြီး ယူကရိန်းနိုင်င့အတွက် ပံ့ပို့ကူညီ…
ကိုလံဘို – နိုဝင်ဘာ(၁၀) သီရိလင်္ကာနိုင်ငံမှာ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေတဲ့ ပြည်သူ အရေအတွက်ဟာ ၃.၄ သန်းအထိနှစ်ဆ တိုးမြှင့်သွားခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် တောင်အာရှကျွန်းနိုင်ငံမှာ ပိုမိုဆိုးရွားတဲ့ အစာရေဆာကပ်ဘေးတစ်ရပ်ဖြစ်ပေါ်လာနိုင်တယ်လို့ ကုလသမဂ္ဂ က သတိပေးထားခဲ့တာပါ။ သီရိလင်္ကာနိုင်ငံအတွင်း လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုလအေဂျင်စီတွေဟာ အင်္ဂါနေ့ နိုဝင်ဘာ၈ ရက်နေ့ ပူးတွဲကြေငြာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ ဆင်းရဲမွဲတေတဲ့ လူဦးရေလို့ ပြောနိုင်တဲ့ အစာရေဆာ…
ထားဝယ်၊ နိုဝင်ဘာ (၁၀) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်နေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် ကိုအောင်ခိုင်ရဲ့ ဖခင်ဖြစ်သူ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၁ နာရီလောက်မှာ PDF ရဲဘော် ကိုအောင်ခိုင်ရဲ့ အသက် ၆၀ အရွယ် ဖခင်ဖြစ်သူ ဦးကြူလွင်ကို…
မော်လမြိုင်၊ နိုဝင်ဘာ (၁၀) AAPP ရဲ့ နိုဝင်ဘာလ (၉) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၄၇)ရက်အတွင်း ပြည်သူ (၂၄၂၈)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၁၂၉ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၈၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…
ရန်ကုန်၊ နိုဝင်ဘာ (၁၀) မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ လျှပ်စစ်မီး ပြတ်တောက်မှု ပိုမိုဆိုးဝါးလာတဲ့အတွက် အသေးစား၊ အလတ်စား SME လုပ်ငန်းအများစု ထပ်မံရပ်နားရမယ့် အခြေအနေနဲ့ ရင်ဆိုင်လာရတယ်လို့ SME လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရန်ကုန်မှာ အခုရက်ပိုင်းတွေအတွင်း လျှပ်စစ်မီးပြတ်တောက်မှုတွေ မကြာခဏ ဖြစ်ပေါ်လာသလို လျှပ်စစ်မီးပြတ် တစ်ခါပြတ်ရင်လည်း အချိန် ၄နာရီကနေ ၅နာရီအထိ…
ရန်ကုန်၊ နိုဝင်ဘာ (၁၀) လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အချက်အလက်တွေနဲ့မကိုက်ညီတဲ့ ဖုန်းဆင်းမ်ကဒ်တွေကို ပိတ်သိမ်းသွားမယ်လို့ အာဏာသိမ်း စစ်ကောင်စီက နိုဝင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ ဖုန်းဆင်းမ်ကဒ် အသုံးပြုသူတွေအနေနဲ့ မှတ်ပုံတင်ချိန်က ဖြည့်ထားတဲ့ သုံးစွဲသူနာမည်နဲ့ မှတ်ပုံတင်နံပါတ်တွေကို လဝကရဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး လွဲနေတဲ့ နံပါတ်တွေကို ပိတ်သိမ်းသွားမယ်လို့ ဆိုပါတယ်ဒါကြောင့် ဖုန်းဆင်းမ်ကဒ်သုံးစွဲသူတွေအနေနဲ့ လာမယ့် ၂၀၂၃…