ရန်ကုန် – နိုဝင်ဘာ(၉)

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် သမိုင်းစျေးဘူတာရုံလမ်းမှာ YBS (၆၁) ကားပေါ်တက်ပြီး ခရီးသည် တွေကို သံတုတ်နဲ့ ရိုက်ကာ ဖုန်းလုယူခဲ့တဲ့အတွက်ကို ဒီနေ့ နိုဝင်ဘာလ(၉) ရက်နေ့က ဖမ်းဆီးရမိခဲ့ တယ်လို့ ရန်ကုန်တိုင်းဒေသကြီးမြို့ပြသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTA) က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၇) ရက်နေ့ ညနေပိုင်းက သံတုတ်တွေကိုင်ထားတဲ့ လူတစ်စုဟာ ခရီးသည်တင် ကားပေါ်တက်ပြီး ခရီးသည်တွေရဲ့ဖုန်းတွေကို ရိုက်နှက်လုယူခဲ့ကြတာပါ။

ခရီးသည်တင်ကားပေါ်တက်ပြီး လုယက်မှုကျူးလွန်ခဲ့သူတွေကို သူတို့ အသုံးပြုခဲ့တဲ့ ပရိုဘောက်စ် အမျိုးအစား အငှားကားနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပြီး သူတို့အဖွဲ့မှာ (၈) ဦးပါဝင် တယ်လို့ ဆိုပါတယ်။

လက်တလော ဖမ်းဆီးရမိသူတွေထဲမှာ မင်းသိန်းနိုင်(ခ)ကတုံး၊အောင်မျိုးသန့်(ခ)ရှီးဗားကမား၊လှိုင်ဖြိုး မောင်၊ဖြိုးမောင်၊မျိုးမင်းအောင်၊ထွန်းထွန်းဦး(ခ)ဖိုးသင်္ကြန်၊အောင်ကျော်ဆန်း(ခ)ဆီတုံးနဲ့ ဝင်းထူး (ခ) ဆံရှည်တို့ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

လုယက်ခံရချိန်မှာ သံတုတ်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတောကြောင့် ခရီးသည်အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သလိုတခြားခရီးသည်တစ်ဦးမှာလည်း သတိလစ်သွားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.