အာဏာသိမ်း စစ်ကောင်စီဟာ အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်လိုက်ကြောင်း ပြီးခဲ့တဲ့ အောက်တို ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ အဲဒီဥပဒေမှာ စစ်ကောင်စီက “အခြေခံပညာအဆင့်တွင် မြန်မာဘာ သာစကားကို စာသင်ခန်းသုံး ဘာသာစကားအဖြစ် အသုံးပြုရမည်”ဆိုပြီး ပြန်လည် ပြင်ဆင်လိုက်တာပါ။

ဒါ့အပြင် အမျိုးသားပညာရေးကော်မရှင် ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး အစိုးရမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစု ကိုယ် စားပြုသူတွေ၊ ကျောင်းသားသမဂ္ဂ ကိုယ်စားပြုသူတွေနဲ့ ဆရာ၊ဆရာမ သမဂ္ဂ ကိုယ်စားပြုသူတွေကို ချန်လှပ် လိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီ ပြန်လည် ပြင်ဆင်လိုက်တဲ့ အမျိုးသားပညာရေးဥပဒေအပေါ် ဘယ်လိုမြင်ပါသလဲ။ ဒီဥပဒေကြောင့် တိုင်းရင်းသားဒေသက ကျောင်းတွေမှာ ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာနိုင်မလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မင်းသံစဉ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး စစ်ကောင်စီ ပြန်လည် ပြင်ဆင်လိုက်တဲ့ အမျိုးသားပညာရေးဥပဒေအပေါ် ဘယ်လိုမြင်ပါသလဲ။

အမျိုးသားပညာရေးဥပဒေမှာ အရင်ပါတဲ့ဟာက အမျိုးသားမူဝါဒ ကော်မရှင်ပေါ့။ အမျိုးသားမူဝါဒ ကော်မရှင် ဆို တာက ပြည်ထောင်စုလွှတ်တော်က အတည်ပြုတယ်။ နိုင်ငံတော်သမ္မတ လက်မှတ်ထိုးပြီးတော့ လွတ်လပ် သော ကော်မရှင်တစ်ရပ် အနေနဲ့ရှိတာပဲ။ ဒါအခုဆိုရင် စစ်ကောင်စီက ပြင်ဆင်ပြဌာန်းလိုက်တဲ့ အရာမျိုးမှာ ဆိုရင် ပြည်ထောင်စုဝန်ကြီးတွေ ပါတယ်။ ပညာရေးနယ်ပယ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူတို့ ပညာရေးဘက်က သူတွေ ပါတယ်။ နောက်တစ်ခုက ပုဒ်မ(၂၇)ဆိုလည်း ပါချုပ်များ ကော်မတီမှာဆိုလည်း အခု လက်ရှိ NUGရဲ့ ပြည်ထောင်စု ပညာရေးဝန်ကြီးဖြစ်နေတဲ့ ဒေါက်တာဇော်ဝေစိုးတို့ ကိုယ်တိုင် ပါချုပ်များ ကော်မ တီ ဥက္ကဌ ဖြစ်ခဲ့ပါတယ်။ ဒါအဆင့်မြင့် ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရန်ကုန် စိန်ရတုခန်းမမှာ ကျောင်းသား သမဂ္ဂတွေ အများကြီး သဘောကွဲလွဲခဲ့တာ ရှိခဲ့ပါတယ်။ သပိတ်မှောက် ကန့်ကွက်ခဲ့တာတွေ လည်းရှိတယ်။ အခုကျွန်တော်တို့ ပြောနေခြင်းဟာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ လက်ခံလို့လည်း မဟုတ် ဘူး။ အမျိုးသား ပညာရေးဥပဒေ လက်ခံလို့လည်း မဟုတ်ဘူး။ နောက်တစ်ခုကျတော့ ဒီလက်ထက်မှာ စစ် ကောင်စီကို ကန့်ကွက်ထားပြီးသား။ သူက ဘာပဲထုတ်ပြန်၊ ထုတ်ပြန် ဥပဒေက တရားဝင်မှာလည်း မဟုတ်ဘူး။ ဥပဒေတရားဝင်ခြင်းက ဥပဒေလမ်းကြောင်းကပဲ ပြည်သူတွေ ရွေးကောက်ထားတဲ့ လွှတ်တော်လမ်းကြောင်း ကပဲ ဒါမှမဟုတ် ပါလီမန်လမ်းကြောင်းကပဲ သွားရမယ်လို့ ယုံကြည်ထားတယ်။ အခုပြောနေရခြင်း အကြောင်း ရင်းက ပြည်သူတွေအနေနဲ့ အခုလက်ရှိ ကျောင်းတက်နေတဲ့သူတွေ တိုင်းရင်းသား လက်နက်ကိုင်တွေ စစ် ကောင်စီနဲ့ တွေ့တဲ့သူတွေအနေနဲ့ ဒါပြန်လည် သုံးသပ်ဖို့အတွက်ကို ကျွန်တော်တို့ ပြန်ပြီး ပြောရတာဖြစ်တယ်။

ဦးသိန်းစိန် အစိုးရလက်ထက်မှာ ၂၀၁၅ ဇွန်၂၅ ရက်မှာ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ဆိုပြီး ပြန်ထွက်လာတယ်။ ထွက်လာတယ်ဆိုတော့ အဲဒီမှာဆိုရင် ပုဒ်မ၄၃ ပုဒ်မခွဲ(ခ) မှာ ဆိုရင် အခြေခံပညာ အဆင့် တွင် တိုင်းရင်းသား ဘာသာကို မြန်မာဘာသာစကားနဲ့ အတူ စာသင်ခန်းသုံး ဘာသာစကားအဖြစ် တွဲဖက် အ သုံး ပြုနိုင်သည်တဲ့။ အဲဒီလို သူကရေးထားတယ်။ ဒါပေမယ့် စစ်ကောင်စီက တရားမဝင် ထုတ်ပြန်လိုက်တဲ့ အထဲမှာ ဒါပေမယ့် အရှေ့က ၂၀၁၅ဥပဒေက တရားဝင်တယ်လို့ ကျွန်တော်မဆိုလိုဘူး။ ကျွန်တော် စကားပြော ထားပြီးသား။ ကန့်ကွက်ထားပြီးသား။ ပြန်ချိန်ထိုးပြတာ။ အခြေခံပညာအဆင့်တွင် မြန်မာဘာသာစကားကို စာသင်ခန်းသုံး ဘာသာစကားအဖြစ် အသုံးပြုရမည်ဆိုတော့ ဒါကရိုးရှင်းတာပဲလေ။

ဒါကဗမာလူမျိုးကြီးဝါဒဆွဲထည့်ထားတဲ့ ကဏ္ဍကြီး ဖြစ်တယ်။ ဟိုတုန်းကဆိုရင်လည်း အမျိုးသားမူဝါဒ ကော်မ ရှင်မှာ ဆိုရင်လည်း ဒါကပါပြီးသား။ တိုင်းရင်းသားဘက်က ကျွမ်းကျင်တဲ့သူတွေ တိုင်းရင်းသား ဆိုတာက ဗမာ ကို ခြုံငုံပြီး ပြောတာပေါ့နော်။ ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊ရှမ်း အစရှိတဲ့ လူမျိုးကြီး အုပ်စုတွေ အပြင် အခြားသော တိုင်းရင်းသား ဂရုတွေ အများကြီး။ ကျွမ်းကျင်ပညာရှင်တွေ၊ တတ်သိပညာရှင်တွေ အများ ကြီး ပါဝင်ဖွဲ့စည်းထားတယ်။ အခုက အဲဒါတွေကို ထုတ်ပယ်ပြီးတော့ သူ့ပြည်ထောင်စုဝန်ကြီးတွေ အခြားသော လူတွေကို သူထည့်ခြင်းဟာ ဒါဗမာလူမျိုးကြီး တစ်ခုဖြစ်တယ်။ အခုဆိုရင် သိသိသာသာပုဒ်မမှာ မြန်မာဘာသာ စကားနဲ့ စာသင်ခန်းသုံး ဘာသာစကားအဖြစ် အခြားသော မိခင်တိုင်းရင်းသား ဘာသာစကားကို ထည့်သွင်းရ မယ်ဆိုတဲ့ အချက်ကို ဖြုတ်ပြီးတော့ သူက ဒီမြန်မာဘာသာစကားကိုပဲ ထားတယ်ဆိုတာက ဒါကလုံးဝဗမာလူမျိုး ကြီးဝါဒကို ပြောင်ပြောင်တင်းတင်း ပြောတာပါ။ ဒါဆိုလို့ရှိရင် ကျွန်တော်တို့ ထည့်သွင်းစဉ်းစားရမှာက လူမျိုး တစ်မျိုးရဲ့ စာပေ၊ ယဉ်ကျေးမှုဘာသာစကား တစ်ခုခုကိုတောင်မှ ကျောင်းမှာ သင်ကြားခွင့်မရဘူးဆိုလို့ ရှိရင် အခု စစ်ကောင်စီလက်အောက်မှာ ကျောင်းလွှတ်တဲ့ မိဘတွေအနေနဲ့ ပြန်ပြီးသုံးသပ်ရမှာပေါ့နော်။

အခြေခံဖြစ်တဲ့ဘာသာစကား၊ယဉ်ကျေးမှုတစ်ခုခုကိုအသိအမှတ်မပြုဘဲနဲ့ စစ်အာဏာရှင်အနေနဲ့က အခုကမ်း လှမ်း နေတဲ့ဖယ်ဒရယ်ဒီမိုကရေစီဆိုတဲ့ နိုင်ငံရေး၊စီးပွားရေး၊အခြေခံကျတဲ့ပေါ်လစီတွေကို ဖြည့်သွင်း ဆောင် ရွက်ပေးမယ်ဆိုတာက ဒါကလက်ခံနိုင်စရာရှိလားပေါ့။ ဒါကတော့ ကျွန်တော်တို့အနေနဲ့ ဒါကလူမျိုးတစ်မျိုးရဲ့ စာပေ၊လူမျိုးတစ်မျိုးရဲ့ ဘာသာစကားကို ပိတ်ပင်ခြင်းဟာ လက်နက်ကိုင်ပြီး လူမျိုးတုံး မသတ်သော်လည်း ဒါတစ်ဖက်တစ်လမ်းနဲ့ လူမျိုးတစ်မျိုးကို ပြုန်းတီးအောင် လုပ်တယ်လို့ ကျွန်တော်တို့ကတော့ မှတ်ယူတယ်။ ဘာဖြစ်လို့ဆို ကျွန်တော်တို့ လူမျိုးတစ်မျိုးရဲ့ စာပေ၊ယဉ်ကျေးမှုမရှိရင် လူမျိုးသေတာပဲလေ။ ဒါကလူမျိုးတစ် မျိုးကို ပြုန်းတီးအောင် လုပ်တယ်လို့မြင်တယ်။ ဒါက အတင်းကြီးကို ဗမာလူမျိုးကြီးဝါဒ လုပ်တယ်လို့ ကျွန်တော် တို့က မြင်တယ်။ ပြန်ပြီးတော့ သုံးသပ်ရမှာက အခုအခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ် ရည်ရွယ်ချက်ကြီးကြီးမားမားဖြစ်တဲ့ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ အများကြီးပေါ့နော်။

ဒီလောက် အခြေခံဖြစ်တဲ့ ဘာသာစကားတစ်ခုကိုတောင်မှ စာသင်ကျောင်းမှာ အခွင့်အရေး ပိတ်ထားတယ် ဆိုရင် သူတို့အနေနဲ့ကရော တကယ်အဲဒီလိုနေရာမျိုးမှာ ပေးမယ်လို့ ယုံကြည်လား။ ဒါက စစ်ကောင်စီက ပထမဆုံးသော အာဏာသိမ်းကာလမှာ ပထမဆုံးကိုင်တွယ်လိုက်တဲ့ ပညာရေးဥပဒေမှာ ပြဌာန်းလိုက်တဲ့ သူတို့ အာဘော်နဲ့ သူတို့ပေါ့။ ဒါဆို အများကြီး သိသာတယ်။ ကျွန်တော်တို့ စဉ်းစားရမှာက ဗမာကဗမာပဲ။ ဆိုလိုရင်း က ဒီမှာနေထိုင်တဲ့ သူတွေအားလုံးက ဘယ်လူမျိုးမှလည်း အပေါ်မှာ မရှိနေရသလို ဘယ်လူမျိုးမှလည်း အောက်ကျဖြစ်စရာမလိုဘူးပေါ့နော်။ အားလုံးကတန်းတူပဲ။ အဲဒီမှာ ဗမာလူမျိုးကြီးဝါဒတစ်ခုကို ဝါဒသွင်းတဲ့ အခါမှာ အခြားသော စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့သူတွေက ဒီလိုမျိုးဗမာလူမျိုး ကြီးဝါဒတစ်ခု ဖြစ်လာအောင်လို့ များ တွန်းပို့လေသလားပေါ့။ ဗမာလူမျိုးကြီးဝါဒက ဟိုးတုန်းကတည်းက ရှိတယ်။ အခုကကျတော့ သူဟာသူ နေနေတဲ့ လူတစ်စုကို စစ်ကောင်စီကို အခြားသောကမ်းလှမ်းနေတဲ့ ထောက်ခံတဲ့လူတွေက ဒီလိုမျိုးဗမာ လူမျိုး ကြီးဝါဒ ဖြစ်ဖို့အတွက် တွန်းပို့လိုက်လေသလားပေါ့။ ဒီလိုမျိုးဖြစ်ဖို့ တွန်းပို့လိုက်တဲ့ တရားခံများ ဖြစ်နေ သလား ပေါ့။သုံးသပ်ဖို့လိုတယ်။ပညာရေးတစ်ခုမှာတောင်မှ အခွင့်အရေးမပေးတဲ့ ပြည်သူက လက်မခံထား တဲ့ လူတစ် ခုအနေနဲ့က အခြားသောနေရာတွေမှာ တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေးပေးပါမယ်ဆိုတဲ့ မျှော် လင့် ချက်ကတော့ ဒါကတော့ ကလေးဆန်ပြီး ဟာသဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့ မြင်တယ်ပေါ့။

-ဒီဥပဒေက အာဏာရှင်ဆန်တဲ့ လုပ်ရပ်လို့ မြင်မိလား။သုံးသပ်ပေးပါ။

အရင် ပုဒ်မ၄၄မှာတော့ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်များတွင် တိုင်းရင်းသားစာပေနဲ့ ဘာသာစကား သင်ကြားမှုကို သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရရဲ့ အစီအစဉ်အဖြစ် အခြေခံပညာမူလ တန်း အဆင့်မှာတိုးချဲ့၍ အကောင်အထည်ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ ဆောင်ရွက်နိုင်တယ်တဲ့။ အခုသူတို့ ပြင်လိုက်တဲ့ အထဲမှာ ဘာပါလဲဆို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များတွင် တိုင်းရင်းသား စာပေနဲ့ ဘာသာစကား သင်ကြားသင်ယူမှုကို ပြည်နယ်သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အစိုးရအဖွဲ့ က အစီအစဉ်ဖြင့် အခြေခံမူလတန်းအဆင့်တွင် ဆောင်ရွက်နိုင်သည် ဆိုတော့ကာ ကျွန်တော်တို့ အများကြီး ရှိပါတယ်နော်။ ကျွန်တော်တို့ မွန်ပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်ဖြစ် မူလတန်းရှိတယ်။ အလယ်တန်းရှိတယ်။ အထက် တန်း ရှိတယ်။

တက္ကသိုလ် အဆင့်တွေရှိတယ်။ ဒါကတော့ပြောင်ပြောင်တင်းတင်းကြီးကို ဗမာလူမျိုးကြီးဝါဒ လုပ်လိုက်တာ။ သူငယ်တန်း၊၂တန်း၊၃တန်း အဆင့်လောက်ပဲ သင်ရမယ်။ အဲဒါကလည်း ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီး အစိုးရခွင့်ပြုချက်အရ။ နောက်တစ်ခု ကျွန်တော် ထပ်ပြောချင်တာက အခုအရင်ဥပဒေနဲ့ အခုဥပဒေလို့ ပြောနေ တာဟာ အခုစစ်ကောင်စီဥပဒေကို အရေးတယူလုပ်ပြီးတော့ ပြောနေတာလည်း မဟုတ်သလို အရင်၂၀၁၅ အမျိုးသားပညာရေး ဥပဒေကို လက်ခံလို့ ပြောနေတာလည်း မဟုတ်ဘူး။ ထို့အတူပဲ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံလို့လည်း ပြောနေတာမဟုတ်ဘူး။ ဒီ၃ခုလုံးက ဘယ်တော့မှလည်း လက်ခံလို့ ပြောနေတာ မ ဟုတ်ဘူး။ စစ်ကောင်စီလည်း ဘယ်သောအခါမှ လက်မခံခဲ့ဘူး။ အခုပြောနေတာက လက်တော့ လက်မခံဘူး။

ဒါပေမယ့် ဒါပြန်ချိန် ထိုးပြတာပေါ့။ ရွှေရည်စိမ်လက်မခံတဲ့ ၂၀၁၅ဥပဒေတောင်မှ ဒီလောက်ဖြစ်နေတယ်။ လက် မခံသော်လည်း အများပြည်သူ သိရှိအောင် ကျွန်တော်တို့က ပြန်ပြီး သုံးသပ်စေချင်တဲ့ သဘောနဲ့ ကျွန်တော်တို့ က ပြောတာပေါ့နော်။ အဲဒါတွေက သဘောတရားတစ်ခုကတော့ တိုင်းရင်းသားဆိုတဲ့ အရာတစ်ခုကို မလိုဘူး။ အခုတောင် ကျွန်တော်တို့ အမြဲတမ်းရိုက်သွင်းခံရတဲ့ တစ်ပြည်တောင်စနစ်တို့ ဘာတို့ ဒါမျိုးတွေပြန်ပြီး ဖြစ်လာ တာပေါ့။ ဒါတွေက ပြန်ပြီးသုံးသပ်ရမယ့် အထဲမှာပါတယ်။ စစ်ကောင်စီက ပြန်ပြီးအစားထိုးလိုက်တဲ့ ပုဒ်မတွေ က ဗမာလူမျိုးကြီးဝါဒကတော့ တကယ်ပဲလေ။ ဗမာလူမျိုးကြီးဝါဒကို သွပ်သွင်းနေတာပဲ။ ကျွန်တော်တို့က တိုင်း ရင်းသားပေါင်းစုံ အားလုံး ဟိုးအဆက်ဆက်တည်းက အတူယှဉ်တွဲ နေလာတယ်။ ပြဿနာတွေလည်း အများ ကြီး ဖြစ်ခဲ့တယ်။ ဒီလို တယူသန်တွေ၊ အစွဲတွေ လုပ်ခဲ့တဲ့အတွက် ဒါတွေကို တိုက်ချွတ်နေတဲ့ ကာလဖြစ်တယ်။ မဟာလူမျိုးကြီးဝါဒကို ကိုင်စွဲထားတဲ့အပြင် အခြားသော တိုင်းရင်းသားတွေရဲ့ လွတ်လပ်ပိုင်ခွင့်ကို ပိတ်ပင် တယ်ဆိုတာ ဒါကတော့ ခုဏကျွန်တော်ပြောသလိုပဲ လက်နက်နဲ့ မဟုတ်သော်လည်း ပညာရေးနည်းနဲ့ အခြား သော လူမျိုးစုတွေအပေါ် လူမျိုးတုန်းအောင် လုပ်တယ်လို့ ကျွန်တော်တို့ကခံယူထားတယ်။ ဟုတ်ကဲ့။

-ဆိုတော့ စစ်ကောင်စီ ပြင်ဆင်အစားထိုးလိုက်တဲ့ ဒီပုဒ်မတွေဟာ ဗမာလူမျိုးကြီးဝါဒကို ပြသတဲ့ သဘောမျိုး သက်ရောက်နေမလား။ ဘယ်လိုမြင်မိလဲ။ နောက်ဆုံးအနေနဲ့ ပြန်လည် ပြင်ဆင်လိုက်တဲ့ ဥပဒေတွေကြောင့် တိုင်းရင်းသားဘာသာစကားအခြေပြု သင်ကြားတဲ့ တိုင်းရင်းသားဒေသက ကျောင်းတွေမှာ ဘယ်လိုမျိုး ရိုက် ခတ်မှုတွေ ရှိလာနိုင်မလဲ။

အများကြီး ရိုက်ခတ်နိုင်တာပေါ့။ ဒါကတော့ စစ်အာဏာရှင်ရဲ့ ထိန်းချုပ်နယ်မြေကို ထိခိုက်နိုင်တာပေါ့နော်။ ဒါပေမယ့်လည်း အခြားသော တိုင်းရင်းသားဒေသမှာတော့ သူ့ဘာသူ သွားနေတယ်ဆိုတော့ ဒါပေမယ့်လည်း သူ့ဘာသာ ဘယ်လိုပဲ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဒီလိုဥပဒေပြောင်းမှ တိုင်းရင်းသားဒေသက ကျောင်းတွေက ရိုက် ခတ်မှု ရှိတာမဟုတ်ဘူး။ ဒီလိုပဲ တိုင်းရင်းသားဒေသက ကျောင်းတွေဖြစ်ဖြစ်၊ ပြည်မက ကျောင်းတွေဖြစ်ဖြစ် ထိခိုက်မှုတွေ ရှိနေတာပဲ။ ခုတုံးလုပ်မှုတွေ ရှိနေတာပဲ။ ခံရတာ ပညာရေးဌာန အများဆုံး ခံရတယ်။ ဒါကတော့  ဗိုလ်ချုပ် ခင်ညွန့်တို့ လက်ထက်က အကွက်ပုံစံပဲပေါ့နော်။

အကွက်ကျကျ ပညာရေးစနစ်ကိုနှစ်(၅၀)၊ နှစ်(၃၀)နဲ့ ဖျက်ဆီးတယ်။ လုံး၀ နလံမထူနိုင်အောင် ပညာတတ်မရှိမှ သာတိုင်းပြည်ကို ကောင်းကောင်း အုပ်ချုပ်လို့ရတဲ့ ဟာမျိုးတွေပေါ့။ တအားပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း တစ်ခု မှာတော့ အခက်အခဲတွေ အများကြီးဖြစ်လာနိုင်တယ်။ တိုင်းရင်းသား ဒေသတွေမှာတော့ အခုမှ မဟုတ်ဘူး။ ဟိုးအရင်တုန်းကတည်းက ရိုက်ခတ်တယ်။ ရုပ်ပိုင်းဆိုင်ရာ ဖြင့်သော်လည်းကောင်း၊ စိတ်အားဖြင့် သော်လည်း ကောင်း၊ ဒါအများကြီး ထိုးနှက်မှုတွေ ရိုက်ခတ်မှုတွေ ရှိတယ်ပေါ့။ သူ့ဘာသာဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၁၉) လုပ်တာပဲ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် လုပ်တာတစ်ပိုင်း။ ကျွန်တော်တို့ကတော့ ၂၀၀၈ဖွဲ့စည်းပုံဥပဒေကို လက် ခံတာမဟုတ်ဘူး။

(၄၁၉)ဆိုတာလည်း ကျွန်တော်တို့ အယုံအကြည်မရှိဘူး။ နောက်တစ်ခုက အယုံအကြည်ရှိခဲ့ရင်တောင် ဥပဒေ လမ်းကြောင်းအရ ဖြစ်သင့်လား၊ မဖြစ်သင့်လားဆိုတာ စဉ်းစားရမယ်။ ဒါတွေက စစ်ကောင်စီ လက်ထက်မှာ ဖြစ်တာ။ ကျွန်တော်တို့ရဲ့ပညာရေး၊ စာပေ၊ယဉ်ကျေးမှု ဘယ်လောက်အထိ ဖိနှိပ်မှုရှိနေလဲဆိုလို့ရှိရင် အခြား သော စစ်ကောင်စီနဲ့ တွေ့ပြီးတောင်းဆိုနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီဆိုတာက စစ်ကောင်စီပေးတာ။ တကယ် လား။ ဒါမှမဟုတ် တကယ်မပေးတဲ့ ရွှေရည်စိမ်လား။ အဲဒီ ရွှေရည်စိမ်တောင်မှ ဖြစ်နိုင်ပါ့မလားပေါ့။ စဉ်းစားစ ရာအများကြီးရှိတယ်။ ဘာတွေ ကျွန်တော်တို့ မျှော်လင့်နေတာလဲ။ ကိုယ်ကျိုးအတွက်လား၊ အများအကျိုး အတွက်လား။ ဒါတွေအများကြီး စဉ်းစားရမှာပေါ့။ လူမျိုးတစ်ခုကို ဦးဆောင်နေတဲ့ အဖွဲ့အစည်း ဒါမှမဟုတ်ရင်လည်း လူမျိုးစု တစ်စုကို ကိုင်တွယ်နေတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူမျိုးစုတစ်စုက ပေါက်ဖွားလာတဲ့ အဖွဲ့အစည်းတွေ အနေ နဲ့ ဒါအများကြီး စဉ်းစားစရာတစ်ခု ဖြစ်လာတယ်ပေါ့။ အများကြီး ဒီထက်ပိုပြီးတော့လည်း ပညာရေးအရ ဖိနှိပ်မှုပဲ ရှိသေးတယ်။ ဆေးဘက်ဆိုင်ရာ၊လူမှုရေးဆိုင်ရာ ဖိနှိပ်မှုတွေ အများကြီး ဖြစ်လာနိုင်စွမ်းရှိတယ်။ နောက်ဆုံး ကျွန်တော်တို့ သူတို့ဘက်က ပြောပြောနေတဲ့ ကျုပင်ခုတ်၊ ကျုငုတ်မကျန် ဆိုတဲ့ဟာမျိုးက လက်နက်နဲ့ပဲ မ ဟုတ်ဘဲနဲ့ ဒါ အခြားသော နည်းလမ်းတွေက ပါဝင်လာပြီပေါ့။ လူမျိုးကြီးဝါဒကို သိသိသာသာကြီး ဒါထိုး ဖောက် ဝင်ရောက်လာတယ်ဆိုတဲ့ ဟာမျိုး လူမျိုးတုန်း သတ်ဖြတ်မှုကို သိသိသာသာကြီး လုပ်လာကြ တယ်ဆိုတဲ့ ဟာ မျိုးကို ကျွန်တော်တို့ မြင်တွေ့ရတယ်ပေါ့။ ဒီဥပဒေ စာရွက်တစ်ရွက်ကနေပေါ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.