အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်၊အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတုသတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” မုံရွာမြို့၊ ကျောက္ကာရွှေဂူနီဘုရား မုခ်ဦးရှေ့၌ ပြည်သူများဘုရားလာဖူးရင် ပစ်သတ်မယ်ဆိုပြီး လက်နက်ကိုင် ခြိမ်းခြောက်” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့မြန်မာမျိုး ချစ်၊ Han Nyein Ooအစရှိတဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ကနေ နိုဝင်ဘာလ (၈)ရက် နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “စစ်ကိုင်းတိုင်း မုံရွာမြို့၊ ကျောက္ကာရွှေဂူနီဘုရား မုခ်ဦးရှေ့၌ ပြည်သူများ ဘုရားလာဖူးရင် ပစ်သတ်မယ်ဆိုပီး လက်နက်ကိုင်ပြီး ခြိမ်းခြောက်…သတင်းမှန်” ဆိုပြီး လက်နက်ကိုင်ထားတဲ့ PDF တွေရဲ့ ဓာတ်ပုံတွေနဲ့အတူ ဖြန့်ဝေခဲ့ကြတာပါ။

စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုတွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/3fRbXZKhttps://bit.ly/3EhiCG3https://bit.ly/3tfKdBh

ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ နိုဝင်ဘာလ ၇ရက်က ကျောက္ကာရွှေဂူနီဘုရားအနီးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပူးပေါင်းသပိတ် ပြုလုပ် နေတာကို PDFတွေကဝန်းရံပေးနေခြင်းသာ ဖြစ်ပါတယ်။

မုံရွာမြို့အတွင်းမှာ စစ်ကောင်စီတပ်သားများလုံခြုံရေးတင်းကြပ်စွာချထားတဲ့အတွက်ကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှာ ပါဝင်နေတဲ့ ဒေသခံလူငယ်များ ဖမ်းဆီးခံရတာမျိုး မရှိစေရန်ဒေသခံPDFအဖွဲ့ဖြစ်တဲ့ God of Monywa People Defence force က ဝန်းရံပေးနေခြင်းသာ ဖြစ်တယ်လို့ Mizzima သတင်းဌာနက ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

Mizzima သတင်းဌာနရဲ့ သတင်းလင့်

https://bit.ly/3hr4MYW

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “မုံရွာမြို့၊ ကျောက္ကာရွှေဂူနီဘုရား မုခ်ဦးရှေ့၌ ပြည်သူများ ဘုရားလာဖူးရင် ပစ်သတ်မယ်ဆိုပီး လက်နက်ကိုင်ပြီး ခြိမ်းခြောက်” ဆိုတဲ့ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်ကစွပ်စွဲရေးသားထားတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.