ဝါရှင်တန် – နိုဝင်ဘာ(၉)
အာဏာသိမ်းစစ်ကောင်စီကို စစ်လေယာဉ်တွေ ဝယ်ယူပေးနေတဲ့ အဝယ်တော်တွေကို အမေရိကန် နိုင်ငံက ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က နိုဝင်ဘာလ(၈) ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီကို စစ်ဘက်သုံးလေယာဉ် တွေဝယ်ယူပေးနေတဲ့ Sky Aviator Company Limited နဲ့ ကုမ္ပဏီဒါရိုက်တာဖြစ်သူ ကျော်မင်းဦး ကို ပိတ်ဆို့အရေးယူခဲ့တာဖြစ်တယ်လို့ဆိုထားတာပါ။
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီး အရပ်သားပြည်သူတွေ ကိုသတ်ဖြတ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက ထပ်တိုးအရေးယူမှု တွေလုပ်ဆောင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ အရပ်သားပြည်သူတွေကို သေစေ လောက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေသလို မြန်မာပြည်သူတွေအပေါ်မှာလည်း ရက် စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောထားပါတယ်။
စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တရားမျှတမှုရရှိစေဖို့နဲ့ တာဝန်ယူမှု၊တာဝန်ခံ မှုရှိစေဖို့ ဆောင်ရွက်ရမှာဖြစ်ပြီး ဝင်ငွေရလမ်း အရင်းအမြစ်တွေကို ဖြတ်တောက်တာတွေလုပ် ဆောင်ဖို့အတွက် မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုထားပါ တယ်။
ပြည်သူတွေကို ရက်ရက်စက်စက် အကြမ်းဖက်မှုတွေလုပ်ဆောင်နေတဲ့ စစ်အာဏာရှင်တွေကို ရင်ဆိုင်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုကရပ်တည်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်