November 9, 2022

YBS (၆၁) ယာဉ်လိုင်းပေါ်မှာ လုယက်ခဲ့သူတွေကို ဖမ်းမိ

ရန်ကုန် – နိုဝင်ဘာ(၉) ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် သမိုင်းစျေးဘူတာရုံလမ်းမှာ YBS (၆၁) ကားပေါ်တက်ပြီး ခရီးသည် တွေကို သံတုတ်နဲ့ ရိုက်ကာ ဖုန်းလုယူခဲ့တဲ့အတွက်ကို ဒီနေ့ နိုဝင်ဘာလ(၉) ရက်နေ့က ဖမ်းဆီးရမိခဲ့ တယ်လို့ ရန်ကုန်တိုင်းဒေသကြီးမြို့ပြသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTA) က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၇) ရက်နေ့ ညနေပိုင်းက သံတုတ်တွေကိုင်ထားတဲ့ လူတစ်စုဟာ…

စစ်လေယာဉ်ဝယ်ပေးတဲ့ အဝယ်တော်တွေကို အမေရိကန်ပိတ်ဆို့အရေးယူ

ဝါရှင်တန် – နိုဝင်ဘာ(၉) အာဏာသိမ်းစစ်ကောင်စီကို စစ်လေယာဉ်တွေ ဝယ်ယူပေးနေတဲ့ အဝယ်တော်တွေကို အမေရိကန် နိုင်ငံက ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က နိုဝင်ဘာလ(၈) ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီကို စစ်ဘက်သုံးလေယာဉ် တွေဝယ်ယူပေးနေတဲ့ Sky Aviator Company Limited နဲ့ ကုမ္ပဏီဒါရိုက်တာဖြစ်သူ ကျော်မင်းဦး ကို…

ဘုရားဖူးတွေကို PDF တွေ မနှောက်ယှက်ပါ

အမှန်/အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်၊အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတုသတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” မုံရွာမြို့၊ ကျောက္ကာရွှေဂူနီဘုရား မုခ်ဦးရှေ့၌ ပြည်သူများဘုရားလာဖူးရင် ပစ်သတ်မယ်ဆိုပြီး လက်နက်ကိုင် ခြိမ်းခြောက်” ဆိုတဲ့ အကြောင်းအရာကို…

အာရှလမ်းမှာ ခရီးသည်တင်ကားမှောက်လို့ (၇) ဦးသေဆုံး

ကော့ကရိတ် – နိုဝင်ဘာ (၉) ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အာရှလမ်း တောနော်ရေတံခွန်းနားမှာ ဒီနေ့ နိုဝင်ဘာလ (၉) ရက်နေ့ မနက်ပိုင်းက ခရီးသည်တင်ကားတစ်စီးတိမ်းမှောက်ပြီး (၇) ဦးသေဆုံးသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ မနက် (၉) နာရီဝန်းကျင်က မြဝတီကနေ ဘားအံကို ဆင်းလာတဲ့ ခရီးသည်တင် အန်စာတုံးကားဟာ အရှိန်မထိန်းနိုင်ဘဲ…

လိင်တူဆက်ဆံခြင်းဟာ စိတ်ပိုင်းဆိုင်ရာပျက်စီးခြင်းဖြစ်တယ်လို့ ကာတာ ကမ္ဘာ့ဖလားသံအမတ်ပြော

ကာတာ၊ နိုဝင်ဘာ (၉) ကာတာမှာ ပြင်ဆင်နေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပဖို့ နှစ်ပတ်မပြည့်မီအချိန်မှာ ကာတာကမ္ဘာ့ဖလား သံတမန်တစ်ဦးက လိင်တူဆက်ဆံခြင်းဟာ”စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတယ်” လို့ ဂျာမန်ရုပ်သံ ZDFကို ပြောကြားခဲ့လို့ ပွဲဆူနေပါတယ်။ ဒိုဟာမှာ ရိုက်ကူးခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ကာတာနိုင်ငံလက်ရွေးစင်ဟောင်း ခါလစ်ဆာမန်းက ကာတာမှာ လိင်တူဆက်ဆံမှုဟာ တရားမဝင်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာနိုင်ငံကို လာရောက်မယ့် ဧည့်သည်တစ်သန်းကျော်ကို…

ထိုင်းမှာ နိုင်ငံခြားသားမြေယာပိုင်ဆိုင်မှုနိုင်မှု ဥပဒေကြမ်း အသက်ဝင်ချိန်ကို ရွှေ့ဆိုင်း

ဘန်ကောက်၊ နိုဝင်ဘာ (၉) လွန်ခဲ့တဲ့ လအတွင်းက ထိုင်းအစိုးရက ကြေငြာခဲ့တဲ့ နိုင်ငံခြားသား မြေယာပိုင်ဆိုင်မှု ဥပဒေကြမ်း အသက် ဝင်မှုအချိန်ကို ရွှေ့ဆိုင်းကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။ အဲဒီ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အစိုးရအေဂျင်စီတွေအကြား မူဝါဒပိုင်းတွေကို ဆွေးနွေးနေဆဲဖြစ်တာကြောင့် ပယ်ချမှာ မဟုတ်ပေမယ့်လည်း အချိန်ကာလတစ်ခုကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာပါ။ ဝန်ကြီးချုပ် ပရာယွတ်ရဲ့ အစိုးရအဖွဲ့ကတော့…

ရုရှားကို လက်နက်ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို မြောက်ကိုရီးယား ပယ်ချ

ပြုံယမ်း – နိုဝင်ဘာ(၉) ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားနိုင်ငံကို မြောက်ကိုရီးယားက အမြှောက်ကျည်တွေ ထောက် ပံ့နေတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲပြောဆိုမှုဟာ အခြေအမြစ်မရှိဘူးလို့မြောက်ကိုရီးယားနိုင်ငံ ပိုင် KCNA သတင်းဌာနက ဖော်ပြထားပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ သူတို့ရဲ့ အကြီးဆုံး လေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေ ချိန်မှာ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်အပါအဝင် လက်နက်စမ်းသပ်မှုတွေ အရှိန် အဟုန်မြင့်လာပြီးနောက် ကိုရီးယားကျွန်းဆွယ်မှာ…

ပေါင်မြို့နယ်မှာ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

ပေါင်၊ နိုဝင်ဘာ (၉) မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က ပေါင်မြို့နယ်၊ အုန်းတပင်ကျေးရွာ၊ ကော့ကံ(အလယ်)ရွာမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ပုန်းခိုနေတဲ့ နေရာတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန်…

ရခိုင်မှာ စစ်ကောင်စီက စစ်ရှောင်စခန်းတာဝန်ခံတွေကို လိုက်လံဖမ်းဆီးနေလို့ စစ်ဘေးရှောင်တွေ အခက်ကြုံနေ

စစ်တွေ၊ နိုဝင်ဘာ (၉) ရခိုင်ပြည်နယ်မှာ စစ်ရှောင်စခန်းတာဝန်ခံတွေကို စစ်ကောင်စီဘက်က လိုက်လံဖမ်းဆီးတာတွေ လုပ် ဆောင်နေတာကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ ရိက္ခာနဲ့ နေစရာ အခက်အခဲတွေ အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ စစ်ဘေးရှောင်ဦးရေ သိန်းနဲ့ချီနေတဲ့ ရခိုင်ပြည်နယ်က စစ်ရှောင်စခန်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့စကပြီး ဖျက်သိမ်းကြဖို့နဲ့ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ဖို့ စစ်ကောင်စီက…