အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ အမှတ်(၂) ရပ်ကွက်ရှိ လူနေအိမ်တစ်ချို့ကို နိုဝင်ဘာလ ၁ ရက်နေ့ အကြမ်းဖက်သမားများမှ မီးပုလင်းများဖြင့် ပစ်ပေါက် ” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့လူမှု ကွန်ရက်နဲ့ တယ်လီဂရမ်ကနေ နိုဝင်ဘာလ (၂)ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုတွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

https://t.me/dgf21news/27883

ပိုစ့်ပါအကြောင်းအရာကို သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ရဲစခန်းနှင့်မနီးမဝေးက နေအိမ်တချို့ မီးရှို့ခံရတာ အမှန်တကယ်ဖြစ်ပွားခဲ့တာကို တွေ့ရှိရပါတယ်။

ဒါပေမယ့် စစ်တပ်ထောက်ခံသူတွေ စွပ်စွဲရေးသားထားသလို PDF တွေလုပ်ဆောင်တာလို့ သက်သေအခိုင်အမာ မရှိတာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ မန္တလေးတိုင်း ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ အမှတ်(၂)ရပ်ကွက် ရဲစခန်း အောက်တိုဘာ(၂၉)ရက်က စီးနင်းတိုက်ခိုက်ခံရကာ စစ်ကောင်စီသစ္စာခံ ရဲ(၁၁)ယောက် သေပြီးနောက် စစ်အုပ်စုက ငါ့သရောက်မြို့ အဝင်အထွက်ကအစ အတင်းအကျပ် စစ်ဆေးနေပြီး မြို့အနှံ့ ကင်းပုန်းတွေဝပ်နေကာ နေ့ညမပြတ်စောင့်ကြည့်နေတယ်လို့ Mandalay_Free_Pressသတင်းဌာနကဒေသခံများ ကို မေးမြန်းကာ ရေးသားဖော်ပြထားပါတယ်။

နိုဝင်ဘာ၁ရက်နေ့မှာတော့ စစ်ကောင်စီကင်းပုန်းတွေချထားတဲ့ ရဲစခန်းနှင့်မနီးမဝေးက နေအိမ်တချို့ မီးရှို့ခံရတာဖြစ်ပါတယ်။

စစ်အုပ်စုက ငါ့သရောက်တမြို့နယ်လုံး၊ တနယ်လုံးကို ပိုက်စိပ်တိုက် စစ်ဆေးနေပြီး ကင်းပုန်းတွေပါ ထားရှိတာကြောင့် တော်လှန်ရေး အဖွဲ့အစည်းတွေက လာပြီးမီးရှို့မှာ မဟုတ်သလို ပြည်သူတွေကလည်း လုပ်တာမဟုတ်ဘူးလို့ ဒေသခံတွေ ပြောဆိုချက်ကို Mandalay_ Free_ Pressသတင်းဌာနက မေးမြန်းကာ ရေးသားဖော်ပြထားပါတယ်။

Mandalay_Free_Press သတင်းဌာနရဲ့ သတင်းလင့်- https://bit.ly/3NAMvo3

People’s Springသတင်းဌာနရဲ့ သတင်းလင့်- https://bit.ly/3Nxvvir

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ အမှတ်(၂) ရပ်ကွက်ရှိ လူနေအိမ်တစ်ချို့ကို နိုဝင်ဘာလ ၁ ရက်တွင် အကြမ်း ဖက်သမားများမှ မီးပုလင်းများဖြင့်ပစ်ပေါက်” ဆိုတဲ့ သတင်းဟာ ဖြစ်စဥ်အမှန်ကို သက်သေအခိုင်အလုံမရှိဘဲ PDF တွတွေကျူးလွန်ခဲ့သယောင် စစ်တပ်ထောက်ခံသူတွေဘက်က စွပ်စွဲရေးသားထားတဲ့ သတင်းအမှားတခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.