ဆိုးလ်၊ နိုဝင်ဘာ (၃)

လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ရတဲ့ ဆိုးလ်မြို့ရဲ့ ဟောလိုဝင်းပွဲမတိုင်ခင် နာရီပိုင်းအတွင်း အရေးပေါ်ဖုန်း ခေါ်ဆို မှုအများအပြားလက်ခံရရှိချိန် ဆိုးလ်မြို့ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုတုန့်ပြန်ခဲ့သလဲဆိုတဲ့ အကြောင်းကို ဖြေရှင်းဖို့ တောင်ကိုရီးယား အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဟန်ဒက်ဆို က ဒီနေ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ  တောင်း ဆိုလိုက်ပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် လူ ၁၅၆ ဦး သေဆုံးခဲ့ပြီး ၁၇၂ ဦး ဒဏ်ရာရရှိကာ ၃၃ ဦး ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး သေဆုံးသူများထဲမှာ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ နိုင်ငံသား ၂၆ ဦးထက်မနည်း ပါဝင်ခဲ့တာပါ။

“ရဲတပ်ဖွဲ့ဟာ စေ့စေ့စပ်စပ် စစ်ဆေးမှုတွေပြုလုပ်ပြီး အများပြည်သူကို ရှင်းလင်းပွင့်လင်းမြင်သာစွာ တင်ပြရပါ မယ်” လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အလုပ်အဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ် ဟန် က ပြောကြားခဲ့ ပါတယ်။

သုံးနှစ်အတွင်း ပထမဆုံးကျင်းပခဲ့တဲ့ Halloween ပွဲတော်ကို လူကြိုက်များတဲ့ အီတဲဝန် Itaewon ခရိုင်ရဲ့ ကျဉ်းမြောင်းတဲ့ လမ်းတွေနဲ့ လမ်းကြားတွေမှာ ကျင်းပခဲ့ပြီး လူငယ် သောင်းနဲ့ ချီ စုဝေးခဲ့ကြတာပါ။

နိုဝင်ဘာ(၁)ရက်နေ့မှာ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့တဲ့ အရေးပေါ်ခေါ်ဆိုမှုတွေရဲ့  မှတ်တမ်းတွေဟာ အဲဒီ ဖြစ်ရပ် မတိုင်ခင် လေးနာရီခန့်အကြာမှာ စတင်ခဲ့တာဖြစ်ပြီး အဲဒီခေါ်ဆိုမှုတွေဟာ လူအသေအပျောက်ဖြစ်နိုင်တဲ့ ပထမဆုံးသတိပေးချက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဟာ အလားတူ ခေါ်ဆိုမှု ၁၀ ခုကို လက်ခံရရှိခဲ့ပြီး ခေါ်ဆိုသူတွေဟာ အရေးပေါ်အခြေအနေ ဖြစ် နေ ကြောင်းပြောကြားခဲ့ပြီး  စိတ်ပျက်အားငယ်မှုတွေနဲ့ တောင်းပန်ခဲ့ကြတယ်လို့ သိရပါတယ်။

ကျဉ်းမြောင်းပြီး လျှောစောက်တဲ့ လမ်းကြားထဲမှာရှိတဲ့ လူတွေ အချင်းချင်း အပေါ်မှ မပြုတ်ကျမီ မိနစ်ပိုင်းအလို မှာ နောက်ဆုံး ဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့တာကိုလည်း တွေ့ရှိခဲ့ရတာပါ။

သက်သေတွေရဲ့ မှတ်တမ်းတွေဟာ လမ်းမကြီးပေါ်မှာ ရဲအချို့က ယာဉ်ကြေတွေကို ရှင်းလင်းနေခြင်းကိုသာ တွေ့ရှိရပြီး လူစည်ကားတဲ့ လမ်းကြားတွေနဲ့ လမ်းနံဘေးမှာတော့  ရဲရဲအရာရှိအနည်းငယ်သာရှိတာကို မျက်မြင်သက်သေတွေရဲ့ မှတ်တမ်းတွေက ပြသနေပါတယ်။

တောင်ကုန်းတွေနဲ့ ကျဉ်းမြောင်းတဲ့ လမ်းကြားတွေကြောင့် လူသိတဲ့ ဧရိယာဖြစ်တဲ့ အီတဲဝန် Itaewonမှာ အခင်း ဖြစ်ပွားရာညမှာ လူပေါင်းတစ်သိန်း ခန့် ရှိမယ်လို့ ခန့်မှန်းရပြီး တာဝန်ကျရဲအရာရှိ ၁၃၇ ဦးရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဖုန်းခေါ်ဆိုမှု ၁၁ ခုအနက် လေးခုအတွက် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့ကြောင်း ရဲအရာရှိ တစ်ဦးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“တစ်စုံတစ်ယောက်က ၁၁၂ ကို ဖုန်းခေါ်ဆိုတဲ့အခါ အဲ့ဒီအခြေအနေက အရမ်းအရေးတကြီးဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ အကူအညီ ဒါမှမဟုတ် လုပ်ဆောင်ချက်တွေ အရမ်းလိုအပ်နေတဲ့ အချိန်ဖြစ်ပါတယ်” လို့ တောင်ကိုရီးယား အရေးပေါ် ရဲတပ်ဖွဲ့ရဲ့ အရေးပေါ်ဖုန်းလိုင်းအခြေအနေကို ကိုးကားပြီး ဝန်ကြီးချုပ်ဟန်က ပြောကြားခဲ့တာပါ။

လူပေါင်း ၃၀၄ဦး သေဆုံးခဲ့တဲ့ ၂၀၁၄ခုနှစ် ကူးတို့ နစ်မြုပ်မှုနောက်ပိုင်း အဲဒီဖြစ်ရပ်အပေါ် အဓိကအချက်အဖြစ် ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဆိုင်ရာ မှားယွင်းတဲ့ လုပ်ဆောင်မှုတွေအပေါ်မှာပါ ထပ်မံဝေဖန်မှုတွေ မြင့်တက် လာခဲ့ပါ တယ်။

အမျိုးသားရဲချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးတို့ကို ချက်ခြင်းထုတ်ပယ်ရန် လွှတ်တော်အမတ်တွေကလည်း တောင်းဆို နေကြတာပါ။

တောင်ကိုရီးယားရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် ယွန်းဟီကီယန်  Yoon Hee-keun ကတော့ အခင်းဖြစ်ပွား ရာနေရာမှာလူစုလူဝေးထိန်းချုပ်မှုကို လုံလောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိတာကို အသိအမှတ်ပြုခဲ့ပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့လည်း ကတိပြုခဲ့ပါတယ်။

Ref; CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.