ရန်ကုန် – နိုဝင်ဘာ(၃)
ရုရှားနိုင်ငံဖက်ဒရယ်ငွေကြေးစောင့်ကြည့်ရေးအဖွဲ့ က ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့(FATF) လို မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းဖို့ လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁) ရက်နေ့က ရုရှားနိုင်ငံပိုင် အင်တာဖက်စ်သတင်းဌာနက ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ ရုရှားနိုင်ငံက ရေနံ၊စက်သုံးဆီနဲ့ ဓာတ်မြေဩဇာ တင်သွင်းဖို့ ပြင်ဆင်နေပြီး ရုရှားဘဏ်နဲ့ မြန်မာပြည်တွင်ဘဏ်တွေကြား ချိတ်ဆက်အသုံးပြုနိုင်ဖို့ လုပ် ဆောင်နေတယ်လို့ ဆိုထားပါတယ်။
ရုရှားဖက်ဒရယ်ငွေကြေးစောင့်ကြည့်ရေးအဖွဲ့က မြန်မာကို အမည်ပျက်စာရင်းသွင်းလိုက်ရင် လည်း အာဏာသိမ်းစစ်ကောင်စီနဲ့ ရုရှားတို့ရဲ့ နိုင်ငံရေး၊စစ်ရေးအရ ဆက်ဆံမှုတွေနဲ့ပတ်သက် ပြီး အကျိုးသက်ရောက်မှုမရှိနိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါ တယ်။
“ မြန်မာပြည်နဲ့ရုရှားတို့ နိုင်ငံရေး၊စစ်ရေးအရ ဆက်ဆံမှုကို ဘာမှ အကျိုးသက်ရောက် မှုရှိမှာ မဟုတ်ပါဘူး။ဆက်လုပ်ကြမှာပါဘဲ။သို့သော် ဆက်လုပ်ကြတဲ့အခါမှာ ရုရှားဘက် က လည်း ဒေါ်လာနဲ့မပြောတော့ဘူး၊ နောက်အလားတူ တရုတ်ဘက်ကလည်း ယွမ်ငွေနဲ့ပဲ ဆက်ဆံ မယ်၊ ဒေါ်လာနဲ့မဆက်ဆံဘူးဆိုပြီးတော့ ပြောဆိုဆက်ဆံလာနိုင်ပါတယ်” လို့ ဦးသန်းစိုးနိုင်က သံလွင်တိုင်းမ် ပြောပါတယ်။
ရုရှားနိုင်ငံဖက်ဒရယ်ငွေကြေးစောင့်ကြည့်ရေးအဖွဲ့ (Rosfinmonitoring) က အမည်ပျက်စာရင်း သတ်မှတ်ဖို့ရှိတဲ့မူကြမ်းအမိန့်ကို သူတို့ရဲ့ ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းဆိုင်ရာ မူကြမ်း တွေကိုတင်ထားတဲ့ အွန်လိုင်းအချက်အလက်စင်တာမှာ ဖော်ပြထားတာဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီကို ငွေကြေးခဝါချမှုတွေနဲ့ အကြမ်းဖက်မှုတွေမှာ ငွေကြေးထောက်ပံ့တာလို တရားမဝင်ငွေကြေးစီးဆင်းမှုတွေကို ဖြေရှင်းချိန်မှာ FATF ကအကြံပြုထားတဲ့ အချက်တွေကို အကောင်အထည်မဖော်နိုင်ဘူးဆိုတဲ့အချက်တွေနဲ့ ပြီးခဲ့တဲ့အောက်တိုဘာလက အမည်ပျက် စာရင်းသွင်းလိုက်တာဖြစ်တယ်လို့ FATF က ကြေညာခဲ့တာပါ။
FATF ကအမည်စာရင်းသွင်းထားတဲ့ အီရန်နဲ့ မြောက်ကိုရီးယား ပြီးရင် မြန်မာနိုင်ငံဟာ တတိယမြောက်နိုင်ငံအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်