November 3, 2022

ထီးလင်းတိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းထူချွန်ဆုရတပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး သေဆုံး

ထီးလင်း – နိုဝင်ဘာ(၃) မကွေးတိုင်း ထီးလင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းထူးချွန်ဆုရ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောက်ထိုက်အပါအဝင် ခြောက်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ စစ်တပ် အသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁) ရက်နေ့က စစ်ကောင်စီတပ်နဲ့ ယောကာကွယ်ရေးတပ်ဖွဲ့ – YDF ထီးလင်း တို့တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ စစ်ကောင်စီတပ်သားတွေရဲ့ သေ ဆုံးနေတဲ့ ရုပ်အလောင်းတွေကို မီးရှို့ထားတဲ့ ပြာပုံတွေကို…

ရုရှားက မြန်မာကို ငွေကြေးအမည်ပျက်စာရင်းသွင်းဖို့လုပ်ဆောင်နေ

ရန်ကုန် – နိုဝင်ဘာ(၃) ရုရှားနိုင်ငံဖက်ဒရယ်ငွေကြေးစောင့်ကြည့်ရေးအဖွဲ့ က ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့(FATF) လို မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းဖို့ လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁) ရက်နေ့က ရုရှားနိုင်ငံပိုင် အင်တာဖက်စ်သတင်းဌာနက ဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီကတော့ ရုရှားနိုင်ငံက ရေနံ၊စက်သုံးဆီနဲ့ ဓာတ်မြေဩဇာ တင်သွင်းဖို့ ပြင်ဆင်နေပြီး ရုရှားဘဏ်နဲ့ မြန်မာပြည်တွင်ဘဏ်တွေကြား ချိတ်ဆက်အသုံးပြုနိုင်ဖို့ လုပ် ဆောင်နေတယ်လို့ ဆိုထားပါတယ်။ ရုရှားဖက်ဒရယ်ငွေကြေးစောင့်ကြည့်ရေးအဖွဲ့က မြန်မာကို…

ဟောလိုဝင်းဖြစ်စဉ်အတွက် ဖြေရှင်းချက်ပေးဖို့ တောင်ကိုရီးယားရဲတပ်ဖွဲ့ကို ဝန်ကြီးချုပ်တောင်းဆို

ဆိုးလ်၊ နိုဝင်ဘာ (၃) လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ရတဲ့ ဆိုးလ်မြို့ရဲ့ ဟောလိုဝင်းပွဲမတိုင်ခင် နာရီပိုင်းအတွင်း အရေးပေါ်ဖုန်း ခေါ်ဆို မှုအများအပြားလက်ခံရရှိချိန် ဆိုးလ်မြို့ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုတုန့်ပြန်ခဲ့သလဲဆိုတဲ့ အကြောင်းကို ဖြေရှင်းဖို့ တောင်ကိုရီးယား အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဟန်ဒက်ဆို က ဒီနေ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ တောင်း ဆိုလိုက်ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် လူ…

မြောက်ကိုရီးယားရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် တောင်ကိုရီးယားမှာ လေကြောင်းတိုက် ခိုက်မှုသတိပေးသံတွေထွက်ပေါ်

ဆိုးလ် – နိုဝင်ဘာ(၃) မြောက်ကိုရီးယားက ပင်လယ်ထဲကို ဒုံးကျည်(၁၇) စင်းပစ်လွှတ်ခဲ့တဲ့အထဲက ဒုံးကျည်တစ်စင်း ဟာတောင်ကိုရီးယား ကမ်းရိုးတန်းမှ ကီလိုမီတာ (၆၀) အောက်နေရာကို ကျရောက်ခဲ့တာကြောင့် လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေ ထုတ်ပြန်ကာ တောင်ကိုရီးယားသူ သူတို့ရဲ့ ဒုံးကျည် တွေကို ပြန်လည်ပစ်လွှတ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ တောင်ကိုရီးယားရဲ့ နေပိုင်နက်နားမှာ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပထမဆုံးအကြိမ် ကျရောက်ခဲ့တာဖြစ်သလို မြောက်ကိုရီးယားက တစ်ရက်တည်း…

လူပေါင်း၁၃၅ဦးအထိ သေခဲ့ရတဲ့ တံးတားပျက်ကျမှု ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းဖို့ မိုဒီအမိန့်ပေး

မော်ဘီ၊ နိုဝင်ဘာ(၃) အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ လူပေါင်း ၁၃၅ ဦးအထိ သေဆုံးခဲ့ပြီး လူအချို့ဆေးရုံတက်ရောက် ကုသရတဲ့ အထိ ဖြစ်စေခဲ့တဲ့ တံတားပြိုကျတဲ့နေရာသို့ သွားရောက်ခဲ့ပြီး ဒီဖြစ်ရပ်ကို သင်ခန်းစာယူသင့်တယ်လို့ နိုဝင်ဘာ ၂ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ မိုဒီရဲ့ ဇာတိမြို့ ဂူဂျာရက်မှာရှိတဲ့ မာချ်ချူ Machchhu မြစ်ကမ်းနံဘေးမှာ ဒေသခံတွေစုရုံးရောက်ရှိလာချိန်မှာ တော့ အိန္ဒိယစစ်တပ်၊ ရေတပ်နဲ့ အမျိုးသား…

နိုင်ငံတဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ကလေးသူငယ် ၅ သိန်းကျော်အထိ ရှိလာ

ရန်ကုန်၊ နိုဝင်ဘာ(၃) နိုင်ငံတစ်ဝန်းမှာ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့အတွက် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ကလေးသူငယ် ၅၂၀,၀၀၀ ကျော်ထိ ရှိလာတယ်လို့ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ Save the Children က နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Save the Children ရဲ့ အဆိုအရ အာဏာသိမ်းမှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒသမ ၄…

စစ်အာဏာသိမ်း (၆၄၀) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၄၀၈ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၃) AAPP ရဲ့ နိုဝင်ဘာ (၂) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၃၈)ရက်အတွင်း ပြည်သူ (၂၄၀၈)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၀၄၀ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၈၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမို မြင့်တက်လာ

မော်လမြိုင်၊ နိုဝင်ဘာ(၃) မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် မြို့ပြနဲ့ ကျေးလက်ဒေသတွေမှာ မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမို မြင့်တက်လာတယ်လို့ မူးယစ်ဆေးဝါးနဲ့ လူငယ်အရေး ဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲမှုဟာ ရေး၊ သံဖြူဇရပ်နဲ့ မုဒုံမြို့နယ်တို့မှာ သိသိသာသာ မြင့်တက်လာတာ ဖြစ်ပြီး ကျန်မြို့နယ်တွေ ဖြစ်တဲ့ ပေါင်၊ ချောင်းဆုံ၊ မော်လမြိုင်၊ ကျိုက်မရော၊…

ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရတာကြောင့် ၉ ဦး သေဆုံး

ရေး၊ နိုဝင်ဘာ (၃) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ တစ်ရက်တည်း စစ်ကောင်စီယာဉ်တန်း ၂ ကြိမ် ခြုံခိုတိုက်ခိုက်ခံရ တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးသွားတယ်လို့ တောင်ညိုပြည်သူ့ပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်မှာ လမ်းကင်းချဖို့လာတဲ့ စစ်ကောင်စီကား ၂ စီးကို ဝဲခမိကျေးရွာနဲ့ရွာသာ အေးကျေးရွာကြားမှာ…