မော်လမြိုင်၊ နိုဝင်ဘာ(၂)

မွန်ပြည်နယ်မှာ မိုးစပါးပေါ်ချိန် စပါးတင်းတစ်ရာကို ကျပ် ၁၀ သိန်းဝန်းကျင် ပေါက်ဈေးရှိပေမယ့် အာ ဏာ သိမ်းမှုကြောင့် အထွေ ထွေကုန်စရိတ် အဆမတန်မြင့်တက်နေတဲ့အတွက် အကျိုးမြတ် မရှိနိုင်ဘူးလို့ စပါးစိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြော ပါတယ်။

ပြည်နယ်အတွင်းမှာတော့ မိုးစပါးပေါ်ချိန် ဆန်ကြမ်းအုပ်စုဝင် စပါးတင်းတစ်ရာကို ကျပ် ၁၀ သိန်း ဝန်းကျင်၊ စစ်ချောအုပ်စုဝင် ပေါ်ဆန်ကတော့ တင်းတစ်ရာကို ကျပ် ၁၂ သိန်းဝန်းကျင် ပေါက်ဈေး ရှိနေတာပါ။

ဒါပေမယ့် အခုစပါးဈေးနှုန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဖြစ်ပေါ်ခဲ့တဲ့ စပါးဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် တင်းတစ်ရာလျှင် ကျပ် ၃ သိန်းကနေ ၆ သိန်းလောက်ထိ ဈေးနှုန်း ကျဆင်းနေတာ ဖြစ်ပါတယ်။

လက်ရှိ စပါးဈေးဟာ စပါးစိုက်ပျိုးချိန်က သွင်းအားစု အပါအဝင် အထွေထွေ ကုန်ကျစရိတ် မြင့်တက်မှုနဲ့ နှိုင်းယှဉ်ရင် စိုက်ပျိုးစ ရိတ်နဲ့ ကိုက်ညီမှုမရှိတဲ့ အတွက် အကျိုးအမြတ် မရှိနိုင်ဘူးလို့ စပါးစိုက် တောင်သူတစ်ဦးက ပြောပါတယ်။

“စပါး စိုက်ပျိုးတာနဲ့တော့ ဘယ်ကိုက်ပါ့မလဲ။ စပါးဈေးက အများကြီး ကျတာပေါ့။ကျန်တဲ့ ဈေးနှုန်းတွေက မကျမှ မကျဘဲ။ ဓာတ်မြေဩဇာတို့ ၊သွင်းအားစု၊ စက်သုံးဆီတို့ ၊ဓာတ်မြေဩဇာ သွင်းအားစုက မကျတော့ တောင်သူတွေ နောက်တခါ ရိတ်ခ တွေကလည်း ဈေးက မြင့်လာတာပေါ့နော်။ ဒါကြောင့် တောင်သူတွေ အဖို့တော့ သိပ်တွက်ခြေ မကိုက်ဘူးပေါ့။ အကယ်၍ အခု အရင်းအနှီး မရှိတဲ့ တောင်သူတွေ ငွေအပို အလျှံ မရှိတဲ့ တောင်သူတွေ ကျတော့ ပေါ်တာနဲ့ ရောင်းရမယ် ဆိုရင် သူတို့ အတွက် အခက်အခဲက ဘာရှိနေလဲဆိုတော့သူတို့အတွက် အမြတ်အစွန်း မရှိဘူးပေါ့နော်။ ဒီထက် ကျဖို့ ရှိပါတယ်။ အခုတောင် စပါး ပေါ်ကာစ တောင်မှ (၁၂)သိန်းလောက် ပြုတ်တယ် ဆိုတော့ စပါးတွေ ကောင်း ကောင်း လှိုင်လာပြီး ဆိုရင်တော့ နည်းနည်း ထက်ကျဖို့ ရှိတာပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တောင်သူတွေဟာ စပါးပေါ်ကာလမှာ စပါးဈေးနှုန်း ထင်သလောက် မရတာအပြင် စပါးဈေးနှုန်း ထပ်မံကျ ဆင်းလာမှာကို စိုးရိမ်နေကြတာပါ။

တချို့ တောင်သူတွေကတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေး သွင်းအားစုဈေးနှုန်း ကြီး မြင့်နေတဲ့ အတွက် သွင်းအားစု မထည့် နိုင်တာကြောင့် စပါးအထွက်နှုန်း လျော့ကျမှုကိုပါ ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် ဒီနှစ်မှာလည်း စပါးကွင်းဖျက်ပိုးတွေကြောင့် ကွင်းလုံးကျွတ် ပျက်စီးမှုတွေ ရှိခဲ့တဲ့အတွက် စပါးစိုက်တောင်သူတချို့ အရှုံးနဲ့ပါ ကြုံတွေ့နေရပါတယ်။

“စပါးတော့ ထွက်တော့ ထွက်တယ်ပေါ့နော်။ ပိုးထိလို့ အများကြီး ပျက်စီးနေပြီ။ ဘာပိုးလည်း မသိဘူး။ ဖြုတ်ပိုးလိုပဲ သေးသေး လေးတွေ။ မြေပါ နီတယ်။သူစားလိုက်ပြီးတော့ အပင်က မီးလောင် သလိုမျိုး ဖြစ်သွားတာပေါ့ကွယ်။ ခြောက်သွားတာပေါ့။ တော် တော်လေး ပျက်စီးသွားကြတယ်။ တကွင်းလုံးပဲ။ အခု လယ်တိုင်း လိုလိုပဲ။ တချို့ကျတော့ (၁၀)ဧကဆို (၁၀)ဧက ပြောင်သွားရော။ တချို့ကျတော့ (၂) ဧက (၃)ဧကလောက်ပဲ ကျန်တာပေါ့ ။အဲဒီလိုမျိုး။ အများကြီး ရှုံးတယ်။ ဝဲဈေးကလည်း (၁)သိန်းကျော် (၂)သိန်း နီးပါးလောက် ဖြစ်နေပြီး ဆိုတော့ အဲဒါ အခု ရှုံးနေပြီး အခု”လို့ ဆိုပါတယ်။

စပါးစိုက်တောင်သူတွေဟာ ပြီးခဲ့တဲ့နှစ် မိုးစပါး စိုက်ပျိုး ရာသီတုန်းကလည်း သဘာဝဘေးနဲ့ ဖျက်ပိုးတွေ ကျရောက်ခဲ့တာကြောင့် မိုးစပါး အထွက်နှုန်း နည်းပါးခဲ့သလို စစ်တပ် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ သွင်းအားစုစရိတ် မြင့်တက်မှုတွေကြောင့်လည်း အရှုံးပေါ်ခဲ့ရတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ မိုးစပါး စိုက်ဧက ၇ သိန်းနီးပါး ရှိနေတာ ဖြစ်ပြီး နှစ်စဉ် စပါးတင်းပေါင်း သိန်း ၄ သိန်းကျော် ထွက်ရှိနေတာပါ။

ထွက်ရှိလာတဲ့ စပါးတွေကို ကြိတ်ခွဲပြီး တိုင်းနဲ့ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် စပါးစိုက်တောင်သူတွေဟာ စစ်တပ် အာဏာသိမ်းမှုဒဏ်ကို တခြားလုပ်ငန်းတွေ နည်းတူ အကြီးအကျယ် ခံစားနေရတာ ဖြစ်ပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.