တနင်္သာရီ၊ နိုဝင်ဘာ (၂)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာနဲ့ဘန်လောကျေးရွာအတွင်း ဖြစ်ပွားနေတဲ့ နှစ်ဖက် တိုက်ပွဲတွေကြောင့် ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါ တယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကပြီး ညောင်ပင်ကွင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။အဲဒီတိုက်ပွဲဟာ ဘန်လောကျေးရွာထိ ကူးစက်လာပြီးနောက် လက်ရှိအချိန်ထိ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေ တာပါ။

နှစ်ဖက်တိုက်ပွဲကြောင့် ညောင်ပင်ကွင်း၊ ဘန်လော၊ ခြောက်မိုင်၊ ထုံတော်၊ မုတ်ဆိတ်ကွင်း၊ ကျွဲထိန်းကွင်းကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၈ ရွာက ဒေသခံပြည်သူ ၃၀၀၀ ကျော်ဟာ နီးစပ်ရာ ဆွေမျိုးတွေရှိရာ ကျေးရွာတွေနဲ့ တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ဒ့ါအပြင် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်တာကြောင့် ဒေသခံ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး၊ နေအိမ် ၁၅ လုံးထက်မနည်း ထိခိုက်ပျက်စီးထားပါတယ်။

ဘက်မလိုက်ပျောက်ကြားများအဖွဲ့ တာဝန်ရှိသူ တစ်ဦးကလည်း နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေ အနေနဲ့ ဘေးလွတ်ရာမှာ ပြောင်းရွှေ့နေထိုင်ပေးကြဖို့ တိုက်တွန်းတာပါ။

တနင်္သာရီတိုင်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ နှစ်ဖက်တိုက်ပွဲ တွေကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတာပါ။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.