မော်လမြိုင် – နိုဝင်ဘာ(၁)
ဓမ္မဘက်တော်သားတွေကို ရုပ်ရောစိတ်ပါ ညှင်းပန်းနှိပ်စက်နေတဲ့ စစ်ကောင်စီကို နည်းလမ်းမျိုး စုံနဲ့ တုံ့ပြန်ရမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။
ဒီနေ့ နိုဝင်ဘာလ(၁) ရက်နေ့မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၇၃) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာအခုလိုပြောခဲ့တာပါ။
“ကျွန်တော်တို့ ဓမ္မဘက်တော်သားတွေကို ရုပ်ရောစိတ်ပါ ညှင်းပန်း နှိပ်စက်နေတဲ့ အကြမ်းဖက် သမားတွေကို ကျွန်တော်တို့အနေနဲ့လည်း နည်းလမ်းမျိုးစုံနဲ့ တုံ့ပြန်ရမှာ ဖြစ်ပါတယ်။ ကျွန်တော် တို့ အထူးသတိပြုရမယ့် ကိစ္စတစ်ခုလည်း ရှိ ပါတယ်။ တော်လှန်ရေးဟာ အချိန်ကြာလာတာ နဲ့ အမျှ အကြမ်းဖက် စစ်ကောင်စီက အရင်းအမြစ်တွေ အားလုံးကို အသုံးပြုပြီး တော်လှန် ရေး အင်အားစုတွေကို ဒုက္ခပေးနိုင်ဖို့ တစ်ခုပြီးတစ်ခု စီစဉ်နေမှာ ဖြစ်ပါတယ်” လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပေါင်းစပ်လုပ်ဆောင်ကြရတာဖြစ်တဲ့အတွက် အတူတကွတုံ့ပြန်ဆောင်ရွက်ရမယ့်ကိစ္စတွေမှာကြန့်ကြာတာ မျိုးတွေရှိနေတယ်လို့ သူက ပြောပါသေးတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝန်ကြီးဌာနတွေအနေနဲ့ တစ်နှစ်အစီအစဉ်အတွက် ကဏ္ဍ အလိုက်လုပ်ဆောင်ရမှာတွေရှိသလို တချို့ဝန်ကြီးဌာနတွေဟာ (၄)ခု (၅) ခုပေါင်းစပ်လုပ်ဆောင် မှ အောင်မြင်မှာတွေပါဝင်နေလို့ တိုင်ပင်ဆွေးနွေးပြီး ကောင်းမွန်တဲ့ အစီအစဉ်တွေချမှတ်နိုင်ဖို့ လိုအပ်တယ်လို့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
စစ်ကောင်စီကို တိုက်ခိုက်မယ့်တစ်နှစ်အစီအစီအစဉ်အတွက် ထိထိရောက်ရောက်အကျိုးရှိစေဖို့ ကိုလည်း တိုင်ပင်ကြိုးစား လုပ်ဆောင်ရမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အဲ့ဒီနောက် အစည်းအဝေးမှာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက UNHCR နဲ့ ဆက်သွယ်ဆောင်ရွက်နိုင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်