October 2022

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့ ပြင်ဆင်နေပြီလို့ NUG ပြော

မော်လမြိုင်၊ အောက်တိုဘာ (၂၈) အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ခုခံတုံ့ပြန်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေပြီလို့ အမျိုးသားညီညွတ်အစိုးရ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံတဝန်းက နှစ်ဖက်တိုက်အတွင်း စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်းကာလတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာသလို ပြည်သူတွေ နေထိုင်တဲ့နေရာတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် ကျုးလွန်နေတာပါ။ အဲဒီထဲမှာတော့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းကျေးရွာရှိ…

ကျိုက်ထီးရိုးတောင်တစ်ဝိုက်မှာ စစ်ကောင်စီ တပ်အင်အား ၂၀၀ ကျော် ထပ်မံတိုးချဲ့လာ

ကျိုက်ထို၊ အောက်တိုဘာ (၂၈) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ပေါ်နဲ့တောင်အောက်ကျေးရွာတွေမှာ စစ်ကောင်စီတပ်က တပ်အင်အား ၂၀၀ ကျော် ထပ်မံတိုးချဲ့လာတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၂၆ ရက်နေ့မှာ ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာထဲကို တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်း တစ်ကြောင်း၊…

ထားဝယ်အရှေ့တောဒေသကို ဆန်သယ်ယူခွင့် စစ်ကောင်စီ ကန့်သတ်လာ

ထားဝယ်၊ အောက်တိုဘာ (၂၈) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီက ဆန်သယ်ယူခွင့် ကန့်သတ်လာတာကြောင့် မကြာမီကာလအတွင်း ဆန်ပြတ်လပ်မှုနဲ့ ကြုံလာနိုင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းပိုင်းကစပြီး ထားဝယ်အရှေ့တောဒေသဘက်ကို ဆန်သယ်ယူခွင့် ကန့်သတ်လာတာ ဖြစ်ပါတယ်။ ဆန်သယ်ယူလာတဲ့ ကုန်တင်ကားတွေကိုလည်း စစ်ကောင်စီ ပကာရီနဲ့ ဗျောတောဝစစ်ဆေးရေး ဂိတ်တွေမှာ…

မြဝတီမင်းကြီးဆရာတော် ဘဝနတ်ထံပျံလွန်တော်မူ

မဲဆောက် – အောက်တိုဘာ(၂၇) မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တ အရိယာဘိဝံသ(နိုင်ငံရေးအကျဥ်းသားဟောင်း) ဟာ ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံမှာ နှလုံးသွေးကြောပိတ်ရောဂါနဲ့ရုတ်တရက် ဘဝနတ်ထံပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။ ဒီနေ့ အောက်တိုဘာလ(၂၇) ရက်နေ့ ညထိုင်းဒေသစံတော်ချိန် ည(၉) နာရီဝန်းကျင်မှာ ပျံလွန်တော် မူသွားတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ မြဝတီမင်းကြီးဆရာတော် ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ပြန်လည်လွတ် မြောက်လာချိန်ကစပြီး…

စစ်အာဏာရှင်ကျရှုံးရေး ချီတက်သပိတ်မှောက်

မန္တလေး – အောက်တိုဘာ(၂၇) မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် သပိတ်အင်အားစုကဦးဆောင်ပြီး ဒီနေ့ အောက်တိုဘာလ (၂၇) ရက်နေ့ ညပိုင်းက စစ်အာဏာရှင်ကျရှုံးရေး ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ-CJ

ထီးလင်းမှာ စစ်ကောင်စီက တစ်ရက်တည်း နှစ်ကြိမ်တိုင်မီးရှို့နေ

ထီးလင်း – အောက်တိုဘာ(၂၇) မကွေးတိုင်း ထီးလင်းမြို့နယ်က ထန်းပင်ကုန်းရွာကို စစ်ကောင်စီတပ်သားတွေဟာတစ်ရက် တည်း နှစ်ကြိမ်တိုင် မီးရှို့နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ အောက်တိုဘာလ(၂၇) ရက်နေ့ မနက်(၇) နာရီခွဲလောက်ကစတင်မီးရှို့နေတဲ့အင်အား(၁၀၀) ဝန်းကျင်ပါတဲ့စစ်ကြောင်းဟာ ထန်းပင်ကုန်းရွာကို အောက်တိုဘာလ(၂၆) ရက်နေ့က ရောက်ရှိ လာတာပါ။ စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာကို မနက်အစောပိုင်းထဲက မီးရှို့ပြီးနောက် မနက် (၈)…

စစ်ကောင်စီတပ်သားတွေ မူးယစ်ဆေးသုံးပြီးမှ ရှေ့တန်းထွက်တဲ့ အထောက်အထားတွေ NUG ရရှိထား

မော်လမြိုင် – အောက်တိုဘာ(၂၇) စစ်ကောင်စီတပ်သားတွေဟာ မူးယစ်ဆေးဝါးသုံးစွဲပြီးမှသာ ရှေ့တန်းထွက်တဲ့ အထောက်အထား တွေရရှိထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၆) ရက်နေ့က အပတ်စဉ် ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) ရဲဘော်တွေကို ပြောခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ “စစ်သုံ့ပမ်းတွေလက်ရဖမ်းမိတဲ့အချိန်တိုင်း သူတို့ကိုယ်မှာ ဆေးပြားတွေ ဆောင်ထားတာ တွေ့ရသလို သူတို့ကိုယ်တိုင်လည်း ဆေးသုံးပြီးမှ ရှေ့တန်း ထွက်ရဲတော့တယ်ဆိုတာ…

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံဝန်ကြီးတွေအရေးပေါ်ဆွေးနွေးနေ

ဂျကာတာ – အောက်တိုဘာ(၂၇) မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာမှုကြောင့် လူဒါဇင်ပေါင်းများစွာသေဆုံး ခဲ့ရတာနဲ့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စတင်နိုင်ဖို့အတွက် အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးတွေက အောက်တိုဘာလ(၂၇) ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံက အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ ကျင်းပတဲ့ အဲ့ဒီအစည်းအဝေးကို မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေတော့ ပါဝင်ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး တက်ကြွ လှုပ်ရှားသူထောင်ပေါင်းများစွာကို ဖမ်းဆီးကာ…

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ အိမ်နဲ့မြေဝယ်ယူနိုင်ပြီ

ဘန်ကောက်၊ အောက်တိုဘာ (၂၇) ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေကို အိမ်နဲ့ မြေ ဝယ်ယူခွင့်ပြုဖို့ ထိုင်းအစိုးရအဖွဲ့က ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့က အဓိက ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတစ်ဦးဟာ အနည်းဆုံး ဘတ်ငွေ သန်း ၄၀ ရင်းနှီးမြှုပ်နှံပြီး သုံးနှစ်အတွင်း အဲဒီ ရင်း နှီးမြှုပ်နှံမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့လျှင် အိမ်နှင့်မြေကို ဝယ်ယူနိုင်မှာ…