October 2022

ဘီးလင်းမြို့နယ်မှာ NLD ပါတီ ထောက်ခံသူတွေနဲ့ ဒေသခံတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

ဘီးလင်း၊ အောက်တိုဘာ (၄) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီထောက်ခံသူတွေ အပါအဝင် ဒေသခံအရပ်သားပြည်သူတွေ ဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာနေ NLD ပါတီ ထောက်ခံသူ ဖြစ်တဲ့ ဦးဟိန်းဇော်လတ်နဲ့ဦးပွင့်ဦးတို့ ၂ ဦးကို စစ်ကောင်စီတပ်က…

စစ်ကောင်စီက အင်တာပိုလ်ထံ အချက်အလက် ပေးပို့မှုဟာ စိုးရိမ်စရာမရှိဘူးလို့ ဥပဒေပညာရှင်တွေ ပြော

ရန်ကုန်၊ အောက်တိုဘာ (၄) အာဏာသိမ်း စစ်ကောင်စီက ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ သူတို့အလိုရှိတဲ့သူတွေကို နိုင်ငံတကာ မှုခင်းရဲတပ်ဖွဲ့ အင်တာပိုလ်ထံ အချက်အလက် ပေးပို့မှုဟာ စိုးရိမ်စရာမရှိသလို အင်တာပိုလ်ကလည်း ပူးပေါင်းဆောက်ရွက်မှာ မဟုတ်ဘူးလို့ ဥပဒေပညာရှင်တွေ ပြောဆိုလိုက်ပါတယ်။ စစ်ကောင်စီဟာ သူတို့ အကြမ်းဖက်ပုဒ်မတွေတပ်ပြီး ဖမ်းဝရမ်းထုတ်ထားတဲ့ ပြည်ပရောက်နေသူတွေကို ပြန်လည်လွှဲပြောင်းပေးဖို့အတွက် အင်တာပိုလ်အပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ထားတယ်လို့ စစ်ကောင်စီ…

နိုင်ငံတဝန်းမှာ အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သန်းကျော်အထိ ရှိလာ

မော်လမြိုင်၊ အောက်တိုဘာ (၄) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် စက်တင်ဘာလကုန်ထိ တိုက်ပွဲတွေအပြင် ဘဝမလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ တစ်သန်းကျော်အထိ ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA)က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ UNOCHA ရဲ့ အစီရင်ခံစာအရ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့…

မွန်ပြည်နယ်မှာ စစ်တပ်နဲ့ ရဲက ခြိမ်းခြောက်ငွေကြေး တောင်းခံမှု ဆက်တိုက်ကျုးလွန်လာ

မော်လမြိုင်၊ အောက်တိုဘာ (၄) မွန်ပြည်နယ်တဝန်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေး အကြောင်းပြပြီး ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးရာမှာ ခြိမ်းခြောက် ငွေကြေး တောင်းခံမှုတွေ ဆက်တိုက် ကျူးလွန်နေတယ်လို့ ဒေသခံတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအရ ဆိုပြီး ကား၊ ဆိုင်ကယ်တွေမှာ ဖောက်ခွဲရေး ပစ္စည်း ပါမပါ စစ်ဆေးပြီးနောက်…

လေတပ် CDM တပ်ကြပ်ကြီး ဇေယျနဲ့ ဆက်သွယ်မေးမြန်းချက်

ကယားပြည်နယ်၊လွိုင်ကော်လေဆိပ်မှာ ခရီးသည်တင် လေယာဉ်တစ်စီး ဆင်းသက်ဖို့ ကြိုးပမ်းနေစဉ် ပစ်ခတ်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။ လေယာဉ်ပစ်ခတ်တဲ့ဖြစ်စဥ်ကို ကျွန်တော် သတင်းမှာတွေ့လိုက်တာတော့ ပေ ၃၅၀၀ လို့ ပြောတယ်။ ပေ ၃၅၀၀ ဆို အနည်းဆုံးကိုက် ၁၀၀၀ ကျော်တယ်။ PDFတွေအနေနဲ့ ဒီလေယာဉ်ကို ပစ်တာ ဘာမှ အဓိပ္ပါယ်မရှိဘူးလို့ ထင်တယ်။ ခရီးသည်…

ကျောက်ကြီးမှာ လက်နက်ကြီး ထိမှန်တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ကျောက်ကြီး၊ အောက်တိုဘာ (၄) ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဘောကထာကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ကျောက်ကြီးမြို့နယ် ဘောကထာကျေးရွာအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီး တချက်ပစ်ခတ်ခဲ့တာကြောင့်…

ခေါဇာမြို့မှာ မွန်ပြည်တပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ် နှစ်ဖက် ထိခိုက်ကျဆုံးရှိခဲ့

ခေါဇာ – အောက်တိုဘာ (၃) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့မှာ ဒီကနေ့ အောက်တိုဘာလ (၃) ရက်နေ့ ညနေ ၅ နာရီလောက်က မွန်ပြည်ကာကွယ်ရေးတပ် တောင်ပိုင်းအဖွဲ့ စစ်ကြောင်းနဲ့ စစ်ကောင်စီ ခလရ – ၃၁ တပ်ရင်းတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSDF-S က သတင်းထုတ်ပြန်ထားပါတယ်။ နာရီဝက်နီးပါးကြာမြင့်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး…

ပတ်ဝန်းကျင်ရွာတွေကို အနိုင်ကျင့်နှိပ်စက်နေတဲ့ ပျူစောထီးရွာကို ပြည်သူ့ကာကွယ်ရေးတပ် တွေတိုက်ခိုက်

ပေါက် – အောက်တိုဘာ(၃) ဒေသတွင်းကျေးရွာတွေကိုအနိုင်ကျင့်ဗိုလ်ကျတာတွေလုပ်ဆောင်နေတဲ့ ပျူစောထီးရွာကို ကာ ကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ပြီး ပျူစောထီးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇) ဦးသေဆုံးကာ အယောက်(၅၀) ကျော်အရှင်ဖမ်းဆီးရမိ ခဲ့တယ် လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိုင် မြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မကွေးတိုင်း ပေါက်မြို့နယ်မှာရှိတဲ့ ဇီးပြားရွာဟာ ပတ်ဝန်းကျင်ကျေးရွာတွေက ပြည်သူတွေ ရဲ့ ပစ္စည်းတွေကိုလုယက်တာ၊ ပြည်သူတွေကို သတ်ဖြတ်တာတွေလုပ်ဆောင်ပြီး အနိုင်ကျင့်ဗိုလ် ကျနေတာပါ။ “ဒီပတ်ဝန်းကျင်ရွာတွေကို…

စစ်ကောင်စီလက်ထက် လွတ်လပ်စွာပြောဆိုဝေဖန်ခွင့် သုညအောက် ရောက်လာ

မော်လမြိုင်၊ အောက်တိုဘာ (၃) မြန်မာနိုင်ငံက သတင်းမီဒီယာတွေအပါအဝင် ပြည်သူလူထုရဲ့ လွတ်လပ်စွာပြောဆိုဝေဖန်ခွင့် ( Freedom of Expression ) ဟာ အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ အဆိုးရွားဆုံးချိုး ဖောက်ခံနေရပြီး မီဒီယာတွေဟာလည်း ဆက်လက်ရပ်နိုင်ဖို့ အတတ်နိုင်ဆုံး ကျားကန်ထိန်းကျောင်းနေရတယ်လို့ နိုင်ငံရေးသမားတွေနဲ့ ဝါရင့်မီဒီယာသမားတွေက ထုတ်ဖော်ပြောပါတယ်။ လူ့အခွင့်အရေး အပြည့်အဝရရှိတဲ့ ဒီမိုကရေစီ စနစ်နဲ့ အတူ ယှဉ်တွဲပါလာတဲ့…