ရန်ကုန် – အောက်တိုဘာ(၂၈)

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ တေးသံရှင်ပိုပိုနဲ့ ဗျူးတီးဘလော့ဂါ ဝင်းမင်းသန်းတို့ ဒီနေ့ အောက်တိုဘာလ(၂၈) ရက်နေ့ ညပိုင်းက ပြန်လည်လွတ်မြောက်သွားပြီ လို့အင်းစိန်ထောင်ရဲ့ အမည်မဖော်လိုတဲ့ဝန်ထမ်းတစ်ဦးက အတည်ပြုပါတယ်။

သူတို့နှစ်ဦးကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလမှာ စစ်ကောင်စီကဖမ်းဆီးခဲ့ပြီးနောက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-(က) အပါအဝင် တခြားပုဒ်တွေနဲ့ စစ်ကောင်စီက ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းဆန့်ကျင်ရေးတွေမှာ ပါဝင်ခဲ့တဲ့သူတွေကို စစ်ကောင်စီက ပုဒ်အမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချထားတာဖြစ်ပါတယ်။

သူတို့(၂) ဦးဟာ အင်းစိန်ထောင်ထဲမှာ (၁) နှစ်နဲ့ (၆) လလောက်နေခဲ့ရပြီးနောက် ပြန်လည်လွတ် မြောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

တေးသံရှင်ပိုပို၊ဗျူးတီးဘလော့ဂါ ဝင်းမင်းသန်းတို့နဲ့အတူ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာ မိုက်တီးလည်းပြန်လွတ်လာတယ်လို့ ပြောပေမယ့် ဒါရိုက်တာမိုက်တီးပြန်လည်လွတ် မြောက်လာတာနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ အတည်မပြုနိုင်ခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.