October 29, 2022

ဘာလီကျွန်းမှာ နိုင်ငံခြားသားတွေ ၁၀နှစ်အထိ နေထိုင်ခွင့်ရမယ့် ဗီဇာသစ်စတင်ခွင့်ပြု

ဂျာကာတာ၊ အောက်တိုဘာ (၂၉) ဘာလီကျွန်းမှာ နိုင်ငံခြားသားတွေ ၁၀ နှစ်အထိ နေထိုင်နိုင်မယ့် ဗီဇာအသစ်တစ်မျိုးကို အင်ဒိုနီးရှားက ခွင့်ပြု ပေးခဲ့ပါတယ်။ ဒါဟာ ဘာလီကျွန်းကို နိုင်ငံခြားသားတွေရဲ့ ဒုတိယအိမ်အဖြစ် ပြုလုပ်နိုင်မယ့် ဗီဇာမူဝါဒသစ်ဖြစ်တယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ယာယီညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့တာပါ။ “ဘာလီကျွန်းနဲ့ တခြားနေရာတွေကို နိုင်ငံခြားခရီးသွားတွေကို လာရောက်ဖို့ ဆွဲဆောင်တဲ့ ရည်ရွယ်ချက်ပါ”လို့ သူကပြောပါတယ်။ “ဒုတိယအိမ်”…

ယူကရိန်းစစ်ပွဲအတွင်း အသုံးပြုတဲ့ ရုရှားထုတ်လက်နက်တွေကို မြန်မာစစ်ကောင်စီ အသုံးပြုနေ

နယူးယောက်၊ အောက်တိုဘာ (၂၉) ယူကရိန်းကို ကျူးကျော်စစ်ပြုလုပ်ရာမှာ ရုရှားက သုံးခဲ့တဲ့ လက်နက်အမျိုးအစားတွေကို မြန်မာစစ်ကောင်စီက အသုံးပြုပြီး ပြည်သူလူထုကို သတ်ဖြတ်နေတာဖြစ်တယ်လို့ ကုလအရေးကျွမ်းကျင်သူက ပြောကြားခဲ့ပြီး မြန်မာ စစ်ကောင်စီကို ဖိအားပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးရဲ့ အောက်တိုဘာ၂၇ရက်နေ့က ပြော ကြားချက်မှာောတ့ မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူမှုတွေနဲ့ လက်နက်ရောင်းချမှုကို ပိတ်ဆို့နိုင်ရေး ဦးတည်…

လုံခြုံရေးကောင်စီရဲ့ အချိန်တွေကို ရုရှားဖြုန်းတီးနေတယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေစွပ်စွဲ

ယူကရိန်းမှာ စစ်ဘက်ဆိုင်ရာ ဇီဝဗေဒအစီအစဉ်တွေ ကျန်ပြန့်စွာ ပူးပေါင်းကြံစည်မှုတွေ ရှိနေ တယ်လို့ အမေရိကန်က ထပ်မံစွပ်စဲခဲ့တာပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အချိန်တွေကို ဖြုန်းတီးခဲ့တဲ့အတွက် အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှားကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဇီဝလက်နက် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ရုရှားက လုံခြုံရေးကောင်စီမှာ အနည်းဆုံး နှစ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပြီး အမေရိကန်နဲ့ ယူကရိန်းတို့က သူတို့မှာ ဇီဝလက်နက်အစီအစဉ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။…

ဘုံသဘောတူညီချက် မလိုက်နာနိုင်ကြောင်း စစ်ကောင်စီ တုံ့ပြန်မှုဟာ အာဆီယံကို စိန်ခေါ်မှု ဖြစ်

ရန်ကုန်၊ အောက်တိုဘာ (၂၉) အာဏာသိမ်းစစ်ကောင်စီက အာဆီယံ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက်(၅) ချက်ကို မလိုက်နာနိုင်ကြောင်း တုံ့ပြန်မှုဟာ အာဆီယံကို စိန်ခေါ်လိုက်တာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေ ဝေဖန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ (၂၇) ရက်နေ့က အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံ ခြား ရေးဝန်ကြီးကြီး အရေးပေါ်အစည်းအဝေး တက်ရောက်ခွင့်မရခဲ့တဲ့အတွက် စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက်တွေကို လိုက်နာမှာ မဟုတ်ဘူးလို့…

စစ်အာဏာသိမ်း (၆၃၅) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၄၀၁ ဦး အထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ (၂၉) AAPP ရဲ့ အောက်တိုဘာလ (၂၈) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၃၅)ရက်အတွင်း ပြည်သူ (၂၄၀၁)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၅၉၈၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၈၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

၁၇ ကြိမ်မြောက် KNU ကွန်ကရက် ညီလာခံကို ထပ်မံရွှေ့ဆိုင်း

မော်လမြိုင်၊ အောက်တိုဘာ (၂၉) (၁၇)ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး(KNU) ကွန်ဂရက်ညီလာခံကို အခုနှစ်အတွင်း ကျင်းပပြုလုပ်ဖို့ စီစဉ်ထားရှိပေမယ့် ပြင်းထန်လာတဲ့ တိုက်ပွဲတွေအပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အခြေအနေတွေကြောင့် ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။ KNU ကွန်ဂရက်ညီလာခံကို ပြီးခဲ့တဲ့နှစ်တွေကတည်းက ကျင်းပပြုလုပ်ဖို့စီစဉ်ထားရှိပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ် အာဏာသိမ်းတဲ့အခြေအနေတွေကြောင့် ညီလာခံကျင်းပပြုလုပ်မှုကို ရွှေ့ဆိုင်းထားတာ ဖြစ်ပါတယ်။ KNU…

စစ်ရေးအရှိန်မြှင့်တင်တော့မှာ ဖြစ်လို့ လူထုတွေ သတိထားသွားကြဖို့ မွန်တော်လှန်ရေးအင်အားစုတွေ သတိပေး

မော်လမြိုင်၊ အောက်တိုဘာ (၂၉) မွန်ပြည်နယ်အတွင်းမှာ လာမယ့် ပွင်းလင်းကာလကစပြီး စစ်အုပ်စုပြုတ်ကျရေးအတွက် စစ်ဆင်ရေးတွေ အရှိန်မြှင့်တင်တော့မှာ ဖြစ်တာကြောင့် လူထုတွေအနေနဲ့ အထူးသတိထားသွားလာကြဖို့ မွန်တော်လှန်ရေး အင်အားစုတွေက သတိပေးလိုက်ပါတယ်။ မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်နဲ့ ရေးမြို့နယ်တို့မှာ အခုရက်ပိုင်းအတွင်း ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် (KNLA) အပါအဝင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်နဲ့…

ရွေးကောက်ပွဲအမှုအတွက် မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ဆေး

မော်လမြိုင်၊ အောက်တိုဘာ (၂၉) အာဏာသိမ်း စစ်ကောင်စီက တရားစွဲထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအတွက် အောက်တို ဘာ ၂၈ ရက်နေ့ ရုံးချိန်းမှာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ…

စစ်အုပ်စုထောက်ခံသူတွေ ဖမ်းခိုင်းတာကြောင့် ကျိုက်ထိုမြို့နယ်ထဲက ဒေသခံ ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံထားရ

ကျိုက်ထို၊ အောက်တိုဘာ (၂၉) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ တတိယအပတ်ကစပြီး စစ်အုပ်စု ထောက် ခံသူတွေရဲ့ တယ်လီဂရမ်အကောင့်တွေကနေ ဖမ်းဆီးခိုင်းနေတာကြောင့် ဒေသခံ ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်အုပ်စုထောက်ခံသူဟာ သူတို့ရဲ့ တယ်လီဂရမ်အကောင့်တွေမှာ စစ်ကောင်စီကို ဆန့်ကျင်သူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုထောက်ခံသူတွေနဲ့ စစ်အာဏာရှင်…