မဲဆောက် – အောက်တိုဘာ(၂၇)
မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တ အရိယာဘိဝံသ(နိုင်ငံရေးအကျဥ်းသားဟောင်း) ဟာ ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံမှာ နှလုံးသွေးကြောပိတ်ရောဂါနဲ့ရုတ်တရက် ဘဝနတ်ထံပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။
ဒီနေ့ အောက်တိုဘာလ(၂၇) ရက်နေ့ ညထိုင်းဒေသစံတော်ချိန် ည(၉) နာရီဝန်းကျင်မှာ ပျံလွန်တော် မူသွားတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။
မြဝတီမင်းကြီးဆရာတော် ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ပြန်လည်လွတ် မြောက်လာချိန်ကစပြီး လွတ်မြောက်နယ်မြေ တောထဲတစ်နေရာမှာ သီတင်းသုံးပြီးနောက် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ပြောင်းရွှေ့သီတင်းသုံးနေချိန်မှာ ပျံလွန်တော်မူသွားတာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်