ဘန်ကောက်၊ အောက်တိုဘာ (၂၈)
ထိုင်းတောင်ပိုင်းက ပြည်နယ် ရှစ်ခုမှာ အခုလ ၁၅ရက်တာ ကာလအတွင်း သေနတ်၂၆၃ လက်နဲ့ ကျည်၁၇၀၂တောင့်ကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
အခုလအစောပိုင်းက နောင်ဘူလမ်ဖူ ခရိုင်ဒေသန္တရမှာရှိတဲ့ နေ့ကလေးထိန်းဂေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပြီးမှာ တရားမဝင်တဲ့ လက်နက်တွေကို ဖမ်းဆီးဖို့အတွက် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အမိန့်ပေးခဲ့တာပါ။
အောက်တိုဘာ ၁၀ ရက်နေ့ မှ၂၄ ရက်အတွင်း ခရိုင်ဒေသန္တရ ရဲတပ်ဖွဲ့ဟာ ကရာဘီ Krabi၊ ချွန်ဖွန် Chump hon၊ နခွန်ဆီရီ သမ်မာရတ် Nakhon Sri Thammarat၊ ဖန်င Phang Nga၊ ဖူးခက် Phuket၊ ရနောင်း Ranong နှင့် ဆူရတ်ဌာနီ Surat Thani ခရိုင်ဒေသန္တရတွေမှာ စစ်ဆေးရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး ဒီလိုသေ နတ်အလက် ပေါင်းများစွာ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဟာ ဖမ်းဆီးမှုပေါင်း ၃၆၃ ကြိမ် လုပ်ဆောင်ခဲ့ပြီး ရိုးရိုးသေနတ် ၂၆၀ လက်၊ စစ်သုံး သေနတ် ၃ လက်နဲ့ ကျည် ၁၇၀၂ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တာပါ။
ထိုင်းနိုင်ငံရှိ ရာဇဝတ်မှုတွေမှာ သေနတ်တွေ မကြာခဏ အသုံးပြုလေ့ရှိပြီး သေနတ်တွေကြောင့် နေ့စဉ်နှင့် အမျှ အသက်ဆုံးရှုံးရတဲ့ ပြဿနာကြီး တစ်ခုဖြစ်လာပါတယ်။
ထိုင်းနိုင်ငံမှာ သေနတ်တွေ ရှိနေခြင်းဟာ လူထုကို ကြောက်ရွံ့မှု ဖြစ်စေပါတယ်လို့ ခရိုင်ရဲတပ်ဖွဲ့ နယ်မြေ ၈ မှ ရဲမှူးက ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံတွင်း သေနတ်မှုခင်းတွေကို တားဆီးဖို့ ရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့တဲ့ ဝန်ကြီးချုပ် ပရာယွတ်ရဲ့ အမိန့်အရ ထိုင်းနိုင်ငံအနှံ့ရှိ ရဲတပ်ဖွဲ့ဝင်တွေဟာ တရားမဝင် ကိုင်ဆောင်နေတဲ့ သေနတ်တွေကို လိုက်လံဖမ်းဆီးနေတယ်လို့ အရာရှိက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အထူးသဖြင့် စိတ်ကြွဆေးပြားတွေကို နှိမ်နင်းဖို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းထားပါသေးတယ်။
မနေ့က အောက်တိုဘာ ၂၆ရက်နေ့မှာတော့ ထိုင်းတောင်ပိုင်း ထရန် Trang ပြည်နယ်ရှိ နိုက်ကလပ်တစ်ခုမှာ အမျိုးသားတစ်ဦးကို ရဲအရာရှိတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ ကမ္ဘာတစ်ဝှမ်း သေနတ်နဲ့ ဆက်စပ်ပြီး သေဆုံးမှုအများဆုံးနိုင်ငံတွေမှာ အဆင့် ၁၅ ရှိနေပြီး ဖိလစ်ပိုင်ပြီးလျှင် အရှေ့တောင်အာရှမှာ အဆင့် ၂ မှာ ရှိနေတာပါ။
Ref,The Thaiger