မော်လမြိုင် – အောက်တိုဘာ(၂၇)

စစ်ကောင်စီတပ်သားတွေဟာ မူးယစ်ဆေးဝါးသုံးစွဲပြီးမှသာ ရှေ့တန်းထွက်တဲ့ အထောက်အထား တွေရရှိထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၆) ရက်နေ့က အပတ်စဉ် ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) ရဲဘော်တွေကို ပြောခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

“စစ်သုံ့ပမ်းတွေလက်ရဖမ်းမိတဲ့အချိန်တိုင်း သူတို့ကိုယ်မှာ ဆေးပြားတွေ ဆောင်ထားတာ တွေ့ရသလို သူတို့ကိုယ်တိုင်လည်း ဆေးသုံးပြီးမှ ရှေ့တန်း ထွက်ရဲတော့တယ်ဆိုတာ ဝန်ခံကြတယ်။ အောက်ခြေ စစ်သားတွေသာမက စစ်ကြောင်းမှူးတွေ၊ အရာရှိတွေအပါအဝင် အများစုဆေးသုံးကြတယ်ဆိုတဲ့ သက်သေတွေ၊ အထောက်အထားတွေ၊ ငါတို့ရရှိထားတယ်” လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ဆေးစွဲနေတဲ့ စစ်တပ်တစ်ခုအနေနဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတာမဆန်း ဘူးလို့ ကာကွယ်ရေးဝန်ကြီးက ပြောပါသေးတယ်။

လက်ရှိမြေပြင်တိုက်ပွဲတွေမှာ တော်လှန်ရေးအင်အားစုတွေကို မယှဉ်နိုင်တော့ဘဲ အကျအဆုံးများ လာတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ စစ်ရေးထွက်ပေါက်အဖြစ် လေကြောင်းတိုက်ခိုက်မှုတွေ ပိုမို လုပ် ဆောင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အသုံးပြုတာဟာ နည်းလမ်းတစ်ခုသာ ဖြစ်ပြီး အဲ့ဒီလက်နက်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြပ်မတ်ထားတဲ့အတွက် ပစ္စည်းရဖို့ အချိန်ယူ ကြိုးစား ရသလို အလုံအလောက်ဖြန့်ကျက်တပ်ဆင်နိုင်ဖို့ လည်း အကန့်အသတ်ရှိနေတာကြောင့် ရဲဘော်တွေအနေနဲ့ ဥာဏ်သုံးပြီး ရန်သူ့လေကြောင်းဟန့်တားနိုင်မယ့် နည်းလမ်းသစ်တွေ ရှာဖွေ ရမှာဖြစ်တယ်လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.