October 28, 2022

ထောင်ဝင်စာတွေ့ခွင့်နဲ့ ပါဆယ်ပို့ခွင့်တွေ စစ်ကောင်စီပြန်ဖွင့်ခွင့်ပေးမယ်လို့ဆို

ရန်ကုန် – အောက်တိုဘာ(၂၈) ရန်ကုန်တိုင်း အင်းစိန်အကျဉ်းထောင်ဗုံးပေါက်ကွဲမှုဖြစ်စဉ်ပြီးနောက် ပိတ်ပင်ထားတဲ့ ပါဆယ်ပို့ ခွင့် ထောင်ဝင်စာတွေ့ခွင့်နဲ့ ထောင်တွင်းတရားရုံးတွေကို လာမယ် အောက်တိုဘာ(၃၁) ရက်နေ့မှာ ပြန်လည်ဖွင့်ခွင့်ပေးဖို့ရှိနေတယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်းစိန်ထောင်ဗုံးပေါက်ကွဲခဲ့တဲ့ နေ့စပြီး ပါဆယ်ပို့ခွင့်၊ထောင်ဝင်စာတွေ့ခွင့်နဲ့ အကျဉ်းထောင် တရားရုံးတွေကို ပိတ်ထားခဲ့တာပါ။ “ကျွန်တော်တို့ သတင်းကြားနေရတာရှိပါတယ်။ သူတို့လက်ထဲမှာဘဲရှိနေတာဆိုတော့ သေချာ တော့ မပြောနိုင်သေးပါဘူး။ ပြန်ဖွင့်ခွင့်ပေးမယ်ဆိုရင်တော့…

အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေး တင်းတင်းကျပ်ကျပ်ဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ် အမိန့်ပေး

ဘန်ကောက်၊ အောက်တိုဘာ(၂၈) လာမယ့်လမှာ ကျင်းပတော့မယ့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Apec) ထိပ်သီးအစည်း အဝေးအတွက် ဘေးကင်းရေး အစီအမံတွေကို ထားရှိဖို့ အမျိုးသားလုံခြုံရေးကောင်စီ(NSC) ကို ထိုင်းဝန်ကြီး ချုပ် ပရာယွတ်ချန်အိုချာက အမိန့်ပေးလိုက်ပါတယ်။ အောက်တိုဘာ ၂၆ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးမှာ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်က ထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်ပြီး…

ထိုင်းတောင်ပိုင်းမှာ ၁၅ ရက်အတွင်း သေနတ် ၂၆၃ လက် ဖမ်းဆီးရမိ

ဘန်ကောက်၊ အောက်တိုဘာ (၂၈) ထိုင်းတောင်ပိုင်းက ပြည်နယ် ရှစ်ခုမှာ အခုလ ၁၅ရက်တာ ကာလအတွင်း သေနတ်၂၆၃ လက်နဲ့ ကျည်၁၇၀၂တောင့်ကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ အခုလအစောပိုင်းက နောင်ဘူလမ်ဖူ ခရိုင်ဒေသန္တရမှာရှိတဲ့ နေ့ကလေးထိန်းဂေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပြီးမှာ တရားမဝင်တဲ့ လက်နက်တွေကို ဖမ်းဆီးဖို့အတွက် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အမိန့်ပေးခဲ့တာပါ။ အောက်တိုဘာ ၁၀ ရက်နေ့…

အမေရိကန်နဲ့ အပြန်အလှန် အကျိုးရှိဖို့ လုပ်ဆောင်လိုတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ပြော

ပေကျင်း – အောက်တိုဘာ(၂၈) တရုတ်နဲ့ အမေရိကန်တို့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်ဖို့ နည်းလမ်း ရှာရမယ်လို့ တရုတ်သမ္မတ ရှီကျင်းဖျင်က သူ့ရဲ့ တတိယအကြိမ် သမ္မတသက်တမ်း စတင်ထမ်း ဆောင်ချိန်မှာ ပြောခဲ့တယ်လို့ CCTV ရုပ်သံ မှာ ဖော်ပြထားပါတယ်။ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ထိုင်ဝမ်ကို ရန်စမှုတွေနဲ့ ဟောင်ကောင်မှာ ဖြိုခွင်းမှုတွေအပါအဝင် ရှင်ကျန်းက အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး…

အာဏာသိမ်းမှုကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ဧရာမရွှေ့ပြောင်းမှုတွေ ဖြစ်ပေါ်လာ

ရန်ကုန်၊ အောက်တိုဘာ (၂၈) စစ်တပ် အာဏာသိမ်းပြီးနောက် ပိုမိုပြင်းထန်လာတဲ့ ပဋိပက္ခနဲ့ စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ဧရာမရွှေ့ပြောင်းမှုတွေနဲ့ လူသားချင်းစာနာမှုအကြပ်အတည်းအသစ်ကို ဖြစ်ပေါ်စေခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်(KPSN)ရဲ့ အောက်တိုဘာ (၂၆)ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီအစီရင်ခံစာအရ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ စစ်ဘေးရှောင်ဒုက္ခသည်ဦးတွေရဲ့ ရွှေ့ပြောင်းမှုအသစ်အဖြစ် တောင်ငူခရိုင်မှာ ၇၅၀၀ ကျော်၊ ညောင်လေးပင်ခရိုင်မှာ…

ကယားပြည်နယ်ထဲက လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ထဲက လူမှုကယ်ဆယ်ရေးအဖွဲ့တွေဟာ လုံခြုံရေးအတွက် အသက်အန္တရာယ်စိုးရိမ်နေရတဲ့ကြားထဲကနေ ကယ်ဆယ်ရေး လုပ်ငန်းတွေ အခက်အခဲ ဆောင်ရွက်နေရတာပါ။ ဒါကြောင့် ကယားပြည်နယ်အတွင်း ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးရာမှာလည်း ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲ။ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ရာမှာလည်း ဘယ်လို လူနာတွေကို အဓိက ကူညီဆောင်ရွက်ပေးနေရလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကယားပြည်နယ်ထဲက လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးနဲ့…

စစ်အာဏာသိမ်း (၆၃၄) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၃၉၈ ဦး အထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ (၂၈) AAPP ရဲ့ အောက်တိုဘာလ (၂၇) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၃၄)ရက်အတွင်း ပြည်သူ (၂၃၉၈)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၅၉၈၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၈၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

မြန်မာစစ်တပ်ကို လောင်စာဆီ ပိတ်ဆို့ အရေးယူဖို့ တောင်းဆို

မော်လမြိုင်၊ အောက်တိုဘာ (၂၈) အရပ်သားတွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ကျုးလွန်နေတဲ့ မြန်မာစစ်တပ်ကို နိုင်ငံ တကာအနေနဲ့ လောင်စာဆီ ပိတ်ဆို့အရေးယူမှုတွေ ချက်ချင်းချမှတ်ဖို့ ဒီမိုကရေစီအရေး တက်ကြွလှုပ် ရှားသူတွေက တောင်းဆို ဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်ဟာ အခုနောက်ပိုင်းကာလတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာသလို ပြည်သူတွေ နေထိုင်တဲ့နေရာတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့အတွက် အရပ်သားပြည်သူတွေ…

ပေါင်မြို့နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

ပေါင်၊ အောက်တိုဘာ (၂၈) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတပင်ကျေးရွာအုပ်စု ကော့ကံ(အလယ်ရွာ)ကို ရောက်နေတဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် (ပကဖ)အချို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တည်ခိုးနေတဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဘက်က သတင်းရပြီးနောက် လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု…