အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “KIA ရဲ့ State Show ပွဲနေရာက အရပ်ဘက်ပစ်မှတ်နေရာ မဟုတ်ပါဘူး KIA တပ်မဟာ ၉ ရဲ့ ဌာနချုပ်စခန်း” ဆိုတဲ့ သတင်းကို စိစစ်ပေးသွားမှာပါ။

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံတဲ့အကြောင်းအရာတွေကို အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ Han Nyein Oo တယ်လီဂရမ်ကနေ အောက်တိုဘာလ (၂၅)ရက်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဗုံးကြဲတဲ့ Anang Pa (အနန့်ပါ) နေရာသည် KIA စစ်ဌာနချုပ်ဖြစ်တယ်ဆိုပြီး Han Nyein Oo တယ်လီဂရမ်က ရုပ်သံတွေ၊ ဓာတ်ပုံတွေနဲ့အတူ ဖြန့်‌ဝေရေးသားထားခြင်း ဖြစ်ပါတယ်။

သတင်းအမှားလွှင့်နေတဲ့ ပေ့ချ်တွေကို အောက်ပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။

https://bit.ly/3N5rT6Z

ပိုစ့်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်တာကို စိစစ်တွေ့ရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ စစ်ကောင်စီဗုံးကြဲတဲ့ Anang Pa (အနန့်ပါ) နေရာဟာ KIA စခန်းမဟုတ်ဘဲ ခရီး သွားတွေ ခေတ္တနားခိုတဲ့ ဈေးဆိုင်တန်း စခန်းငယ်လေးသာဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂွန်မော်က အသိပေးရေးသားထားတာတွေ့ရပါတယ်။

ပြည်တွင်းသတင်းဌာနများရဲ့သတင်းဖော်ပြချက်လင့်

THE IRRAWADDY BURMESE သတင်းဌာနလင့်

https://bit.ly/3D9naN4

MIZZIMA သတင်းဌာနလင့်

https://bit.ly/3TXbYKd

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” KIA ရဲ့ State Show ပွဲနေရာက အရပ်ဘက်ပစ်မှတ်နေရာ မဟုတ်ပါဘူး… KIA တပ်မဟာ ၉ ရဲ့ ဌာနချုပ်စခန်း” ဆိုတဲ့ သတင်းဟာ ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ကာ ဖြန့်‌ဝေနေတဲ့ သတင်းအမှား တခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.