ရောမ  – အောက်တိုဘာ(၂၇) 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က လွန်ခဲ့တဲ့ နှစ်(၆၀) က ကျူးဘားဒုံးကျည်စစ်ပွဲနဲ့ လက်ရှိ ကမ္ဘာ့ အခြေအနေတွေကို နှိုင်းယှဉ်ပြီး ယူကရိန်းအပေါ်နျူကလီးယားစစ်ပွဲ ခြိမ်းခြောက်မှုအန္တရာယ်ကို ရှောင်ရှားကြဖို့ နိုင်ငံရေးသမားတွေကို ငြိမ်းချမ်းရေးစကား ပန်ကြားခဲ့ပါတယ်။ 

ကမ္ဘာတစ်ဝှမ်းငြိမ်းချမ်းရေးနဲ့ ပရဟိတ အကျိုးဆောင်အဖွဲ့ဖြစ်တဲ့ အီတလီနိုင်ငံ Sant’ Egidio Community ကစီစဉ်ကျင်းပတဲ့ သုံးရက်ကြာ ကွန်ဖရင့်မှာ ကိုလက်ဆီယမ်ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်ခဲ့တာဖြစ်ပါတယ်။ 

ဘာသာရေးအုပ်စုအသီးသီးက သီးခြားဆုတောင်းပြီးနောက် ထူထောင်ပေါင်းများစွာကို ပြောဆို ခဲ့တဲ့ သူ့ရဲ့မိန့်ခွန်းမှာ ဖရန်စစ်က “မိုက်မဲတဲ့ ဖြစ်ရပ်မှန်က ဝမ်းနည်းစရာကောင်းသည်မှာ အင်အား ကြီးတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အစီအစဥ်များကို လူတွေရဲ့ တရားမျှတသောဆန္ဒအတွက် အခွင့်မသာခဲ့ဘူး” လို့ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ယူကရိန်းမှာ နျူလက်နက်အသုံးပြုနိုင်ခြေနဲ့ ပတ်သက်ပြီး ဘယ်တော့မှ ထပ်မကြားရ တော့ဘူးလို့ မျှော်လင့်ထားတဲ့ အရာတွေနဲ့ ခြိမ်းခြောက်ခံနေရပြီး ဟီရိုရှီးမားနဲ့ နာဂါဆာကီတို့ နောက်ပိုင်းမှာ အဏုမြူလက်နက်တွေ ထုတ်လုပ်စမ်းသပ်ဖို့ ဆက်တိုက်ဖြစ်နေတယ်လို့ ပြောခဲ့ ပါတယ်။ 

၁၉၆၂ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ကျူးဘားဒုံးကျည်စစ်ပွဲကြီး အရှိန်မြင့်လာချိန်မှာ ပုပ်ရဟန်းမင်းကြီး John XXIII က ကမ္ဘာကြီးကို ပြန်ခေါ်ဆောင်လာဖို့ ခေါင်းဆောင်တွေကို မေတ္တာရပ်ခံခဲ့တဲ့ ရေဒီယို သဝဏ်လွှာကို မိန့်ကြားခဲ့ဖူးတယ်လို့ သိရပါတယ်။ 

“ယနေ့ ငြိမ်းချမ်းရေးဟာ ပြင်းထန်စွာ ချိုးဖောက်၊ ချေမှုန်းကာ နင်းချေခံနေရပြီး ဥရောပဟာ လွန်ခဲ့သော ရာစုနှစ်တွင် ကမ္ဘာစစ်ကြီးနှစ်ခု၏ ကြောက်မက်ဖွယ်ကောင်းမှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသည့် တိုက်ကြီးတစ်ခုဖြစ်ခဲ့တယ်” လို့ ဖရန်စစ်က မိန့်ဆိုခဲ့ပါတယ်။ 

ရှေ့ဟောင်းကိုလက်ဆီယမ်ရှေ့စင်မြင့်ပေါ်မှာ ပုပ်ရဟန်းမင်းကြီးနား ထိုင်နေတဲ့ အသက်(၉၁) နှစ်အရွယ်အီဒစ်ဘရက်တ်ဟာ အီတလီမှာနေထိုင်တဲ့ ဟန်ဂေရီဖွားအသက်ရှင်ကျန်ရစ်သူနဲ့ စာရေးဆရာဖြစ်သူက အဲ့ဒီအချိန်က စပြီး စစ်ပွဲတွေဟာ သွေးထွက်သံယိုနဲ့ ကမ္ဘောမြေကို ဆင်းရဲမွဲတေစေခဲ့သလို လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေက တေ့ ပိုမိုဆိုးရွားတယ်လို့ ပြောခဲ့ ပါတယ်။ 

ပိတ်ပွဲအခမ်းအနားကို ခရစ်ယာန်၊ဂျူး၊အစ္စလာမ်ဘာသာဝင်တွေ၊ဆစ်ခ်ဘာသာဝင်တွေ၊ဗုဒ္ဓ ဘာသာဝင်တွေနဲ့ တခြားဘာသာတွေက ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပြီး ဆီးရီးယား ဒုက္ခသည်တစ်ဦးက ဖတ်ကြားခဲ့တဲ့ အစည်းအဝေးရဲ့ နောက်ဆုံးပန်ကြားစာမှာ နျူလက်နက် ထုတ်လုပ်တာကို ပိတ်ပင်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဘာသာရေးခေါင်းဆောင် ပတ်ထရီယာကီရို က ယူကရိန်းစစ်ပွဲကို အကြောင်းပြပြီး နိုင်ငံအာဏာပိုင်တွေရဲ့ ကြိုးကိုင်တာကို ခံခဲ့ရတဲ့အတွက် ဒီလို ဖိအားတွေကို တွန်းလှန်ဖို့ ပြင်သစ်သမ္မတက ဖွင့်ပွဲမှာ တိုက်တွန်းထားပါတယ်။ 

 Sant’ Egidio Community ကစီစဉ်ကျင်းပတဲ့ သုံးရက်ကြာ ကွန်ဖရင့်ကို ရောမမြို့က ဆင်ခြေဖုံး စင်တာတစ်ခုမှာ ကျင်းပခဲ့ပြီး ပြင်သစ်သမ္မတ မာကွန်နဲ့ အီတလီသမ္မတ တို့က ဆွေးနွေးပွဲကို ဖွင့် လှစ်ပေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.