ဘန်ကောက်၊ အောက်တိုဘာ (၂၇)

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေကို  အိမ်နဲ့ မြေ ဝယ်ယူခွင့်ပြုဖို့ ထိုင်းအစိုးရအဖွဲ့က ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့က အဓိက ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတစ်ဦးဟာ အနည်းဆုံး ဘတ်ငွေ သန်း ၄၀ ရင်းနှီးမြှုပ်နှံပြီး သုံးနှစ်အတွင်း အဲဒီ ရင်း နှီးမြှုပ်နှံမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့လျှင် အိမ်နှင့်မြေကို ဝယ်ယူနိုင်မှာ ဖြစ်ပြီး လယ်ယာမြေ ဥပဒေ ပုဒ်မ ၆၃ အရ ဝယ်ယူတဲ့ မြေဟာ (၁၆၀၀ စတုရန်းမီတာ) ထက် မပိုရဘူးလို့ သတ်မှတ်ထားခဲ့တာပါ။

အဲဒီဥပဒေသစ်ဟာ တော်ဝင်ဂေဇက်မှာ မကြာမီထုတ်ပြန်မှာဖြစ်ပြီး တစ်လအကြာမှာ အသက်ဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဥပဒေဟာ ၅နှစ်အတွင်း သက်ရောက်မယ်လို့ ဝန်ကြီးအဖွဲ့ကပြောပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်ဖို့အတွက် အခုနှစ်အစောပိုင်းမှာ ပြည်ထဲရေး ဝန်ကြီးဌာန က အဆိုပြုခဲ့တာပါ။

မြေ ဒါမှမဟုတ် အိမ်ဝယ်ဖို့ လျှောက်ထားတဲ့ နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ သူတို့ရဲ့ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အထောက်အထားတွေကို  ထုတ်ပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားသား ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ မြို့ပြစီမံကိန်းဥပဒေတွေ အောက်မှာ အိမ်တွေသို့မဟုတ် မြေကွက်တွေကို ဘန်ကောက်၊ ပတ္တယား ဒါမှမဟုတ် အခြား “လူနေရပ်ကွက်”တွေမှာ ဝယ်ယူနိုင်ပြီး စစ်ဘက် ဆိုင်ရာ နယ်မြေတွေမှာတော့ ဝယ်ယူခွင့်ရရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကအသုံးပြုဖို့ အတွက်သာ မြေ/အိမ်ပိုင်ဆိုင်မှုကို  အသုံးပြုရမှာဖြစ်ပြီး “ဒေသခံအသိုင်းအဝိုင်း အတွင်း ကိုယ်ကျင့်တရား၊ ဓလေ့ထုံးတမ်း သို့မဟုတ် လူနေမှုပုံစံကို မချိုးဖောက်ပဲ လေးစားလိုက်နာရမယ်” လို့လည်း သတ်မှတ်ထားတာပါ။

အိမ်ရာဝယ်ယူဖို့ လျှောက်ထားရာမှာတော့  နိုင်ငံခြားသားတွေဟာ ပြည်ထဲရေးဝန်ကြီးဌာနထံကနေ  ခွင့်ပြုချက် ရယူမှာ ဖြစ်ပြီး မြေယာဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားရမှာ ဖြစ်ပါတယ်။

မြေယာအိမ်ပိုင်ဆိုင်မှု လျှောက်လွှာကို အတည်ပြုပြီးတာနဲ့ ရက် ၆၀ အတွင်း ဒေသဆိုင်ရာ မြေယာဌာ နကို အကြောင်းကြားရမယ်လို့လည်း ပါရှိပါတယ်။

ဝယ်ယူသူအနေနဲ့  ၎င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ရုတ်သိမ်းလိုပါက ရက် ၆၀ အတွင်း တာဝန်ရှိသူတွေကို အကြောင်းကြားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားသားတွေအနေနဲ့ မြေတစ်ဧကကို တစ်ကြိမ်သာ ဝယ်ယူခွင့်ရှိပြီး မြေရဲ့အစိတ်အပိုင်းနဲ့  ဒါမှမဟုတ် အားလုံးကို ပြန်လည်ရောင်းချလိုလျှင်တော့  ကန့်သတ်ချက်အချို့ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

အခုချိန်မှာတော့တော့ ပဏာမခြေလှမ်းအနေနဲ့ ချမ်းသာတဲ့ ထိုင်းနိုင်ငံပြင်ပမှ အငြိမ်းစားတွေ၊ ဒစ်ဂျစ်တယ်နည်း ပညာ ပညာရှင်တွေနဲ့ ပညာတတ် လူတန်းစားတွေကို ဆွဲဆောင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

Ref,The Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.