နိုင်ငံတဝှမ်းမှာ အာဏာသိမ်း စစ်ကောင်စီဘက်က အကြမ်းဖက်ပုဒ်မအမျိုးမျိုးတပ်ပြီး နေအိမ်တွေကို ချိပ်ပိတ် သိမ်းဆည်းတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ အဲဒီလို ချိပ်ပိတ်သိမ်းဆည်းရာမှာ နေအိမ်ရှိ တန်ဖိုး ပစ္စည်း တစ်ခုမကျန် သိမ်းယူမှုတွေကိုပါ လုပ်ဆောင်လာပါတယ်။ ဒါကြောင့် နေအိမ်ချိပ်ပိတ်ခံရပြီးနောက် တန်ဖိုးရှိ ပစ္စည်းတစ်ခုမကျန် သိမ်းဆည်းခံရတာဟာ ဥပဒေနဲ့ ညီညွတ်မှုရှိပါသလား။ သိမ်းဆည်းခံရတဲ့ တန်ဖိုးရှိ ပစ္စည်းတွေဟာ ရုံးတော်သို့ ရောက်မလာဘဲ ပျောက်ဆုံးနေမှုတွေဟာ ဘယ်သူတွေအပေါ်မှာ တာဝန်ရှိပါသလဲ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေ တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံးအနေနဲ့ အခုနောက်ပိုင်းကာလတွေမှာ စစ်ကောင်စီက နေအိမ်တွေကို ချိပ်ပိတ်ပြီးနောက် တန်ဖိုးရှိ ပစ္စည်းတစ်ခုမကျန် သိမ်းဆည်းတာတွေ တွေ့လာရပါတယ်။ ဒီကိစ္စရပ်ဟာ ဥပဒေနဲ့ ညီညွတ်မှု ရှိပါသလား။
မြန်မာနိုင်ငံမှာကျတော့ အထူးဥပဒေတွေရှိတယ်ဗျ။ ရာဇသတ်ကြီး ဥပဒေမှာပါတဲ့ ပုဒ်မတွေမှာ အရေးယူရင် တော့ ပစ္စည်းသိမ်းတာတွေ ဘာတွေ မရှိဘူး။ သို့သော် အထူးဥပဒေတွေမှာ ပြဌာန်းထားတာရှိတယ်။ များသော အားဖြင့် အခုဆောင်ရွက်နေတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေလိုဟာမျိုး၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေလိုဟာမျိုး၊ နောက်မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဥပဒေလိုဟာ မျိုးမှာ ကျ တော့ ဘာပြဌာန်းချက်ပါလဲဆိုတော့ ပြစ်မှုကျူးလွန်သူကို ဆင့်ခေါ်တဲ့ ပြစ်ဒဏ်ချမှတ်ရုံတင်မကဘဲနဲ့ အဲဒီ ပြစ်မှု နဲ့ ပတ်သက်လိုသမျှ မရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းပေါ့။ တိုက်ခန်းတို့၊ မြေယာတို့၊ နောက်ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း ပေါ့။ ကားတို့၊ ဆိုင်ကယ်တို့၊ ငွေတို့ စသည်ဖြင့် ဒါတွေကို နိင်ငံတော်ဘဏ္ဏာ အဖြစ်သိမ်းဆည်းရမည် လို့ပါ တယ်။ ကျွန်တော်တို့ ဘာကိုကြည့်လဲဆိုတော့ အဲ့ဒီသိမ်းဆည်းခံရတဲ့ ပုဂ္ဂိုလ်သည် ဘယ်ဥပဒေ၊ ဘယ်ပုဒ်မနဲ့ ဆွဲထားတာလဲ။ အကြမ်းဖက်မှု ဥပဒေနဲ့အဆွဲခံရတယ်ဆိုရင် တချို့ပုဒ်မတွေက သိမ်းစရာမလိုဘူး။ ဥပမာ-အကြမ်းဖက်မှု ဥပဒေပုဒ်မ၅၀(ည)ဆို မသိမ်းဘူး။ ၄၉တို့၊ ၅၁တို့၊ ၅၀တို့ ဖြစ်သွားရင် အကြမ်းဖက်အဖွဲ့တွေလို့ သူတို့ သတ်မှတ်ထားတဲ့ NUG ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီးတော့ လက်နက်တွေသိုလှောင် တာ၊ သူတို့ ပုန်းအောင်းဖို့စီစဉ်ပေးတာတို့ စသဖြင့် အဲဒီလိုပုဒ်မတွေနဲ့ စွဲရင်တော့ တရားစွဲပြီးတော့ သင့်လျော်တဲ့ ပြစ်ဒဏ်တွေ ချမှတ်တာရှိတယ်။ ဒါ့အပြင် သူနေထိုင်တဲ့ အဆောက်အဦးကို နိုင်ငံတော် ဘဏ္ဏာအဖြစ် သိမ်းဆည်းတာ ရှိတယ်။ နောက်တစ်ခါ ဒီအမှုနဲ့ပတ်သက်တဲ့ မရွေ့ပြောင်းနိုင်သော ပစ္စည်းတွေပေါ့။ ကားတို့၊ ယာဉ်တို့၊ စက်ပစ္စည်း ကိရိယာတွေပေါ့။ ဒါတွေလည်းပဲ နိုင်ငံတော်ဘဏ္ဏာ အဖြစ် သိမ်းဆည်းတာရှိတယ်ပေါ့။ ဥပဒေက ဒီလိုခွင့်ပြုထားသော်လည်း ဥပဒေအရ ဒီလိုသိမ်းပြီဆိုရင် ဘာလုပ်ရမလဲ ဆိုတော့ သိမ်းဆည်းတဲ့ ပစ္စည်းတွေကို ဥပေဒေနဲ့အညီ သက်သေတွေနဲ့ သိမ်းဆည်းရမယ်။ ပြီးရင် အဆောက်အဦးတွေကို ချိတ်ပိတ် တယ်ဟေ့ဆိုရင် လည်းပဲ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ(၈၇)အရ ဘာကြောင့်သိမ်းတယ်ဆိုပြီးတော့ ဝရမ်း တောင်း ပြီးမှ သိမ်းရမှာပေါ့။ ပစ္စည်းတွေသိမ်းတယ်ဆိုရင် အဲဒီပစ္စည်းတွေကို သက်ဆိုင်ရာရှာဖွေ သက်သေတွေ ရှေ့မှောက်မှာ ရှာဖွေသိမ်းဆည်းပြီးတော့မှ သိမ်းဆည်းခံရသူက အပ်နှံကြောင်း လက်မှတ်ထိုးရမယ်။ ရှာဖွေ သိမ်းဆည်းတဲ့ အရာရှိကလည်း လက်မှတ်ထိုးရမယ်။ သက်သေတွေလည်း လက်မှတ်ထိုးရမယ်။ ဒီတော့ ကျွန် တော်တို့ အမှုတွေမှာကျတော့ နေအိမ်တွေကို ချိတ်ပိတ်တာက ဥပဒေနဲ့အညီဝရမ်းကပ်တာတို့၊ သိမ်းတာတို့ လုပ်ပေမယ့် ပစ္စည်းတွေ သိမ်းဆည်းတဲ့ အခါမှာကျတော့ တရားရုံးအထိ ဥပဒေနဲ့အညီရောက်လာတာက ဖုန်းတို့၊ လက်တော့တို့၊ ဒီလောက်ပဲရောက်လာတာ။
ငွေကြေးနဲ့ ကားတွေ၊ ဆိုင်ကယ်တွေက ရှာဖွေပုံစံက ပါမလာတော့ဘူး။ သိမ်းဆည်းစဉ်ကတော့ သိမ်းဆည်း ခံ လိုက်ရတယ်။ ဘယ်အဖွဲ့အစည်း ဘယ်သူ့ဆီမှ ရောက်မသွားပဲနဲ့ ကာယကံရှင်တွေမှာ နစ်နာဆုံးရှုံးရတာတွေ တော့အများကြီးရှိတယ်။ ဥပဒေမှာတော့ ပြဌာန်းထားတာသည် ဥပဒေပြဌာန်းချက်တော့ရှိတယ်။ သို့သော် လက်တွေ့သိမ်းဆည်းတဲ့ အခါမှာတော့ သိမ်းဆည်းလိုက်တဲ့ ပစ္စည်းတွေသည် သက်သေခံပစ္စည်းအဖြစ် တရား ရုံးရှေ့ကို ပြည့်ပြည့်စုံစုံ ရောက်လာတာမရှိဘူး။ ဒီလိုပဲပြောရမှာပဲ။
-နောက်ပြီး ဘယ်လို ပုဒ်မတွေက နေအိမ်တွေကို ချိပ်ပိတ်ပြီးနောက် တန်ဖိုးရှိ ပစ္စည်းတစ်ခုမကျန် သိမ်းဆည်း လို့ ရပါသလဲ။ အဲဒီလို ဆောင်ရွက်ရာမှာလည်း တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေကရော ဘယ်လိုတွေ ရှိနေ လဲ။
သူစွဲတဲ့ပုဒ်မက အကြမ်းဖက်မှု ဥပဒေပုဒ်မ ၄၉တို့၊ ပုဒ်မ၅၀တို့၊ ၅၁ က၊ခ၊ဂ တို့ဆို ရှိသမျှပစ္စည်း အကုန် သိမ်း သွားတယ်။ သိမ်းသွားပြီးတော့မှ အမှုနဲ့တိုက်ရိုက် သက်ဆိုင်တဲ့ပစ္စည်းတွေကို ရှာဖွေပုံစံနဲ့ အသိမ်းပြတယ်။ ခုဏက ဖုန်းလိုဟာမျိုး၊ မှတ်ပုံတင်တို့၊ နိုင်ငံကူးလက်မှတ်တို့၊ နောက်ဘဏ်စာအုပ်တို့ ဒီလောက်တော့ပြတယ်။ သို့သော် ခုဏ ကားတို့၊ ဆိုင်ကယ်တို့ ငွေကြေးတို့၊ အဲဒါတွေကျ တရားဝင် တရားရုံးရှေ့ကို သက်သေခံအဖြစ် တင်သွင်းတဲ့အထဲ ပါမလာတော့ဘူး။ ရှာဖွေသိမ်းဆည်းတဲ့နေရာမှာ လက်မှတ်ထိုးထားတဲ့ အရာရှိဆီမှာ တရား ရုံးရောက်ရင် တော်တော်လေးရှင်းရတယ်။ သူ့ကိုအပ်ပေးတဲ့ ပစ္စည်းလောက်ပဲ သိတာကိုး။ လက်မှတ်ထိုးပေး ထားတာ။ ဒါပေမယ့်ရုံးရှေ့ရောက်လို့ ကျွန်တော်တို့ရဲ့ အမှုသည်တွေက တရားရုံးမှာ ထွက်ဆိုတဲ့အခါမှာ ကျွန် တော်တို့ဆီက ဒါတွေသိမ်းသွားပါတယ်။ စာရင်းနဲ့တကွ တင်ပြတော့ ကွာဟနေတော့ သိမ်းဆည်းတဲ့ နေရာမှာ လက်မှတ်ထိုးတဲ့ အရာရှိက တော်တော်လေးရှင်းရတယ်။ များသောအားဖြင့် အမှုတော်တော် များများမှာတော့ လွတ်ကင်းသွားပေမယ့် အဲ့ပစ္စည်းတွေက ပြန်မရကြတာများတယ်။ ဘာလို့မရလဲဆိုတော့ ဥပဒေအရ ပြဌာန်း ထားတာက သက်သေခံပစ္စည်းအဖြစ် ရှာဖွေပုံစံနဲ့ သိမ်းဆည်းထားတဲ့ပစ္စည်းတွေလား။ အမှုပြီးသွားတော့ အမှု မှာ နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းတဲ့ အမှုမဟုတ်ဘူးဆိုရင် ကာယကံရှင်ကို ပြန်ထုတ်ပေးတာကိုး။ ဒီရှာဖွေပုံ စံနဲ့ သိမ်းတာမဟုတ်တဲ့အတွက် တရားရုံးမှာလည်း ပြန်ထုတ်ပေးဖို့ တာဝန်မရှိတော့ဘူး။ ဘယ်တွေရောက် မှန်း မသိ ပျောက်ဆုံးကုန်တာပေါ့။ ဆုံးရှုံးကုန်တာပေါ့။
-နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို သက်ဆိုင်ရာ မိသားစုဝင်တွေကရော ပြန်လည်တောင်း ယူ ခွင့်ရှိပါသလား။
ဒီပစ္စည်းတွေကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းပါတယ်လို့ တရားရုံးအမိန့်ထဲမှာ မပါဘူးဆိုရင် တရားရုံးကို ပြန် လျှောက်ရတယ်။ ကာယကံရှင်နဲ့ အုပ်ထိန်းသူ၊ မိဘ၊ ဇနီး၊ ခင်ပွန်း၊တစ်ယောက်ယောက် က ဒီအမှုနဲ့ ပတ် သက်လို့ အမိန့်စာနဲ့ ဘယ်နေ့၊ ဘယ်ရက် အပြီး ချမှတ်ပြီးပါပြီ၊ အဲဒီ အမိန့်ထဲမှာ သက်သေခံပစ္စည်းကို ဖျက်ဆီး ဖို့၊ သို့သော် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဖို့ အစီအစဉ်မရှိပါဘူး။ ဒါကြောင့် သက်သေခံပစ္စည်းတွေ ပြန်လည်ပြီး တော့ ထုတ်ယူခွင့်ပြုပါ ပြန်လျှောက်ရင် တရားရုံးက ပြန်ပြီးတော့ ထုတ်ပေးလိုက်တာပါ။
-နောက်ဆုံးအနေနဲ့ နေအိမ်ချိတ်ပိတ်ပြီးနောက် သိမ်းဆည်းခံလိုက်ရတဲ့ ပစ္စည်း ပျောက်ဆုံးမှုတွေဟာ ဘယ်သူ တွေအပေါ်မှာ တာဝန်ရှိပါသလဲ။ ပြီးတော့ သိမ်းဆည်းခံလိုက်ရတဲ့ ပစ္စည်းတွေကရော နိုင်ငံတော်ဘဏ္ဍာထဲ ဘယ်လိုပုံစံတွေနဲ့ ရောက်ရှိသွားတာလဲ။
အဲဒါကကျတော့ သူကတရားရုံးတွေမှာ တကယ့်သက်သေခံပစ္စည်းတွေ ရှာဖွေပုံစံနဲ့ အပ်နှံထားတယ်ဆိုရင် တရားရုံးက လာထုတ်တဲ့ အထိစောင့်ပေးရတာပေါ့။စောင့်ပေးပြီးတော့မှ သူ့ကို သတ်မှတ်ထားတဲ့ သက်တမ်း ရှိတယ်။ တချို့ပစ္စည်းတွေက(၅)နှစ်၊ တချို့ပစ္စည်းတွေက(၁၀)နှစ်၊ တချို့ပစ္စည်းတွေက (၁၅)နှစ် အဲဒီ သက် တမ်းကာလ ကျော်သွားတဲ့အထိ လာမထုတ်ဘူးဆိုတဲ့ အခါကျတော့မှ အဲဒါကိုဖျက်ဆီးမိန့် တောင်းပြီးတော့မှ တရားရုံးရဲ့ စည်းကြပ်မှုနဲ့ ဖျက်စီးရတယ်။ တချို့ပစ္စည်းတွေသည် မပျက်စီးသေးဘူး။ တန်ဖိုးရှိတယ်ဆိုရင် လေ လံတင်ခွင့်ပေါ့။ လေလံတင်ခွင့် တောင်းခံထားပြီးတော့မှ ရရှိလာတဲ့ငွေတွေကို နိုင်ငံတော်ဘဏ္ဏာ စာရင်းထဲ ထည့်ပေးရတယ်။