တိုကျို၊ အောက်တိုဘာ (၂၇)

ကျန်းမာရေး ဝန်ကြီးရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ရှီဂီယူကီ ဂိုတို ကို  ဂျပန်ဝန်ကြီးချုပ် ဖူမီယို  ကီရှီဒါက စီးပွား ရေးဝန်ကြီးအဖြစ် ထပ်မံခန့်အပ်လိုက်ပါတယ်။

ယခင်စီးပွားရေးဝန်ကြီးဟောင်းကို နုတ်ထွက်ဖို့အတွက် အတိုက်အခံလွှတ်တော်အမတ်တွေက ရက်သတ္တပတ် ပေါင်းများစွာ တောင်းဆိုနေခဲ့ပြီး ဂျပန်အစိုးရအတွက် လိပ်ခဲတည်လည်းဖြစ်နေတဲ့ အခြေအနေတစ်ရပ် ဖြစ်ပေါ်ခဲ့ရတာပါ။ 

ဒါပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ရက်နေ့မှာတော့ စီးပွားရေးဝန်ကြီးဟောင်းဟာ ရာထူးကနေ နုတ်ထွက် သွားခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါကတော့ လက်ရှိခန့်အပ်လိုက်တဲ့ ဂိုတိုဟာ သူ့ရဲ့ နိုင်ငံရေး အတွေ့အကြုံ၊ မြင့်မားတဲ့ စွမ်းဆောင်နိုင်ရည်တို့နဲ့ အတူ၊ လူမှုရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို စိတ်အားထက်သန်တဲ့သူ ဖြစ် တာကြောင့် ဒီအချက်တွေအပေါ် အခြေခံပြီး ပြန်လည် ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျပန်အစိုးရအနေနဲ့ ငွေကြေးတန်ဖိုး ကျဆင်းမှုတွေဖြစ်နေတဲ့ စီးပွားရေးကို ကုစားဖို့အတွက် အသုံးစားရိတ် ဘတ်ဂျက်တွေနဲ့ အရေးတကြီးလုပ်ဆောင်ရမယ့် တာဝန်တွေကို ရင်ဆိုင်နေရချိန်မှာပဲ ဂိုတိုကို ပြန်လည် ခန့်အပ် တဲ့ အခြေအနေဟာ ထွက်ပေါ်လာခဲ့တာပါ။

ဝန်ကြီးချုပ်အနေနဲ့ ၃၂နှစ်အတွင်း ယန်းငွေတန်ဖိုးဟာ အနိမ့်ဆုံးကို ကျဆင်းနေတဲ့ ကြားမှာ နေထိုင်မှု စားရိတ် တွေမြင့်တက်နေမှုကို တန်ပြန်ဖို့အတွက် အောက်တိုဘာ လကုန်မှာ ကုစားရေး အစီအစဉ်တွေကို သတ်မှတ် မယ်လို့လည်း ကတိပြုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၂၄) ရက်နေ့မှာ အာဏာရပါတီမှ အရာရှိတစ်ဦးကတော့ အဲဒီလိုလုပ်ဆောင်မှုဟာ စုစုပေါင်း ယန်းငွေ ၂၆ထရီလီယံရှိနိုင်မှ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဇူလိုင်လအတွင်းဖြစ်ပွားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ ဖြစ်ရပ်ကြောင့် နိုင်ငံရေး ပုံရိပ် ထိခိုက်မှု ကျဆင်းနေတဲ့ ရာမာဂီဝါဟာ ကီရှီဒါအစိုးရ အဖွဲ့က ပထမဦးဆုံး နုတ်ထွက်လာခဲ့သူလည်း ဖြစ်ပါတယ်။

ဂိုတို Goto ရဲ့တာဝန်ယူနိုင်မှုအပိုင်းနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက ဝန်ကြီးချုပ်ကို မေးမြန်းခဲ့ရာမှာ တော့  သူ က “ကျယ်ပြန့်တဲ့ ရှုထောင့်ကနေ လူမှုစီးပွားပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်မယ်လို့ ယုံကြည်ပါ တယ်” လို့ ပြောကြားခဲ့တာပါ။ 

ဂိုတိုကို စီးပွားရေးဝန်ကြီးအဖြစ် ပြန်လည် ခန့်အပ်ခြင်းဟာ ကျန်းမာရေးဝန်ကြီးဟောင်းအဖြစ် တာဝန်ယူချိန် ကိုရိုနာနှင့်ပတ်သက်တဲ့ မူဝါဒတွေကို ကိုင်တွယ်ခဲ့တဲ့  အတွေ့အကြုံအပေါ် အခြေခံပြီး စဉ်းစားတာလည်း ဖြစ်နိုင်တယ်လို့  ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးပညာရှင်တစ်ဦးက ပြောပါတယ်။ 

“Kishida အုပ်ချုပ်ရေးဟာ ဆောင်းရာသီမှာ ကိုရိုနာဗိုင်းရပ်ပြန်လည်ဖြစ်ပွားလာမှာကို စိုးရိမ်နေနိုင်ပြီး အဲဒီအချက်ဟာ နှုတ်ထွက်ပြီးသား ဝန်ကြီးဟောင်းတစ်ဦးကို ပြန်လည် ရွေးချယ်မှုအတွက် အကြောင်းရင်း တစ်ခုဖြစ်နိုင်တယ်”လို့ ဒိုင်ဝါ Daiwa Securities မှ စီးပွားရေးပညာရှင်အကြီးအကဲ တိုရူ ဆူအိဟီရို Toru Suehiro ကပြောကြားခဲ့ပါတယ်။

Ref; Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.