October 27, 2022

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ အိမ်နဲ့မြေဝယ်ယူနိုင်ပြီ

ဘန်ကောက်၊ အောက်တိုဘာ (၂၇) ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေကို အိမ်နဲ့ မြေ ဝယ်ယူခွင့်ပြုဖို့ ထိုင်းအစိုးရအဖွဲ့က ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့က အဓိက ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတစ်ဦးဟာ အနည်းဆုံး ဘတ်ငွေ သန်း ၄၀ ရင်းနှီးမြှုပ်နှံပြီး သုံးနှစ်အတွင်း အဲဒီ ရင်း နှီးမြှုပ်နှံမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့လျှင် အိမ်နှင့်မြေကို ဝယ်ယူနိုင်မှာ…

နျူကလီးယား စစ်ပွဲ အန္တရာယ်ကို ရှောင်ရှားကြဖို့ ပုပ်ရဟန်းမင်းကြီး ပန်ကြား

ရောမ – အောက်တိုဘာ(၂၇) ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က လွန်ခဲ့တဲ့ နှစ်(၆၀) က ကျူးဘားဒုံးကျည်စစ်ပွဲနဲ့ လက်ရှိ ကမ္ဘာ့ အခြေအနေတွေကို နှိုင်းယှဉ်ပြီး ယူကရိန်းအပေါ်နျူကလီးယားစစ်ပွဲ ခြိမ်းခြောက်မှုအန္တရာယ်ကို ရှောင်ရှားကြဖို့ နိုင်ငံရေးသမားတွေကို ငြိမ်းချမ်းရေးစကား ပန်ကြားခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းငြိမ်းချမ်းရေးနဲ့ ပရဟိတ အကျိုးဆောင်အဖွဲ့ဖြစ်တဲ့ အီတလီနိုင်ငံ Sant’ Egidio Community ကစီစဉ်ကျင်းပတဲ့ သုံးရက်ကြာ ကွန်ဖရင့်မှာ ကိုလက်ဆီယမ်ဥက္ကဋ္ဌအဖြစ်ဆောင်…

ဂျပန်နိုင်ငံရဲ့ကျန်းမာရေးဝန်ကြီးအဖြစ်က နုတ်ထွက်ခဲ့တဲ့ ဝန်ကြီးဟောင်း စီးပွားရေးဝန်ကြီးဖြစ်လာ

တိုကျို၊ အောက်တိုဘာ (၂၇) ကျန်းမာရေး ဝန်ကြီးရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ရှီဂီယူကီ ဂိုတို ကို ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက စီးပွား ရေးဝန်ကြီးအဖြစ် ထပ်မံခန့်အပ်လိုက်ပါတယ်။ ယခင်စီးပွားရေးဝန်ကြီးဟောင်းကို နုတ်ထွက်ဖို့အတွက် အတိုက်အခံလွှတ်တော်အမတ်တွေက ရက်သတ္တပတ် ပေါင်းများစွာ တောင်းဆိုနေခဲ့ပြီး ဂျပန်အစိုးရအတွက် လိပ်ခဲတည်လည်းဖြစ်နေတဲ့ အခြေအနေတစ်ရပ် ဖြစ်ပေါ်ခဲ့ရတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ရက်နေ့မှာတော့ စီးပွားရေးဝန်ကြီးဟောင်းဟာ…

တရားလွှတ်တော် ရှေ့နေ တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

နိုင်ငံတဝှမ်းမှာ အာဏာသိမ်း စစ်ကောင်စီဘက်က အကြမ်းဖက်ပုဒ်မအမျိုးမျိုးတပ်ပြီး နေအိမ်တွေကို ချိပ်ပိတ် သိမ်းဆည်းတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ အဲဒီလို ချိပ်ပိတ်သိမ်းဆည်းရာမှာ နေအိမ်ရှိ တန်ဖိုး ပစ္စည်း တစ်ခုမကျန် သိမ်းယူမှုတွေကိုပါ လုပ်ဆောင်လာပါတယ်။ ဒါကြောင့် နေအိမ်ချိပ်ပိတ်ခံရပြီးနောက် တန်ဖိုးရှိ ပစ္စည်းတစ်ခုမကျန် သိမ်းဆည်းခံရတာဟာ ဥပဒေနဲ့ ညီညွတ်မှုရှိပါသလား။ သိမ်းဆည်းခံရတဲ့ တန်ဖိုးရှိ ပစ္စည်းတွေဟာ ရုံးတော်သို့ ရောက်မလာဘဲ ပျောက်ဆုံးနေမှုတွေဟာ ဘယ်သူတွေအပေါ်မှာ…

တရားရေးဝန်ထမ်းတွေ နိုင်ငံရေးဆိုင်ရာ ထင်မြင်ယူဆချက်တွေ မရေးဖို့ ကန့်သတ်တားမြစ်ခံရ

မော်လမြိုင်၊ အောက်တိုဘာ (၂၇) စစ်ကောင်စီ လက်အောက်ခံ တရားရေးဝန်ထမ်းတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ထင်မြင်ယူဆချက်တွေကို လူမှုကွန်ယက် စာမျက်နှာတွေအပေါ်မှာ ရေးသားတွေ မလုပ်ဖို့ စစ်ကောင်စီ ပြည်ထောင်စုတရားသူ ကြီးချုပ်ရုံးက ညွှန်ကြားလာတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ ပြည်ထောင်စုတရားသူကြီးချုပ်ရုံးက တရားရေးဝန်ထမ်းတွေအနေနဲ့ လူမှုကွန်ယက်စာမျက် နှာတွေမှာ နိုင်ငံရေးဆိုင်ရာ ထင်မြင်ယူဆချက်တွေ မရေးဖို့၊ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ရေးသားမှုတွေ…

စစ်အာဏာသိမ်း (၆၃၃) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၃၉၄ ဦး အထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ (၂၇) AAPP ရဲ့ အောက်တိုဘာလ (၂၆) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၃၃)ရက်အတွင်း ပြည်သူ (၂၃၉၄)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၅၉၆၈ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၇၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

အနန့်ပါ လေကြောင်းတိုက်ခိုက်မှုအပေါ် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ EAOs တွေ နှုတ်ဆိတ်နေ

ဖားကန့်၊ အောက်တိုဘာ (၂၇) ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်ရှိ အနန့်ပါဒေသမှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အ ရပ်သားပြည်သူတွေ ဒါဇင်ချီ သေဆုံးဒဏ်ရာရတဲ့ ဖြစ်စဉ်အပေါ် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေ နှုတ်ဆိတ်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဝေဖန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)…

ဝန်ထမ်းတွေကို လက်နက်ထုတ်ပေးပြီး ကိုယ့်ရုံးကိုယ် လုံခြုံရေးယူဖို့ မွန်ပြည်နယ် စစ်ကောင်စီ ကြံစည်

မော်လမြိုင်၊ အောက်တိုဘာ (၂၇) တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေနဲ့ မကြာခဏ တိုက်ခိုက်ခံနေရတဲ့ ဒေသတွေက ဌာနဆိုင်ရာဝန်ထမ်းတွေကို လက်နက် အကန့်အသတ်နဲ့ ထုတ်ပေးပြီး ကိုယ့်ရုံးကိုယ် လုံခြုံရေးယူပေးဖို့ မွန်ပြည်နယ် စစ်ကောင်စီက ကြိုးပမ်းနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ သီးတင်းပတ်တစ်ခုထဲမှာ စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ်အစိုးရအဖွဲ့က အရေးပေါ် လျှို့ဝှက် အစည်းအဝေးတစ်ခု ခေါ်ယူကျင်းပခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ ဝန်ထမ်းတွေကို လက်နက်ထုတ်ပေးပြီး…

မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်မှာ ခွင့်ပြုချက် မရှိဘဲ သွားလာတာတွေ မလုပ်ဖို့ KTLA သတိပေး

မြဝတီ၊ အောက်တိုဘာ (၂၇) ကော့ကရိတ်မြို့တွင်း တိုက်ပွဲတွေကြောင့် မြဝတီ-ကော့ကရိတ်အာရှလမ်းမပေါ်မှာ ခရီးသွားလာနေကြတဲ့ ပြည်သူတွေအနေနဲ့ အထူးသတိပြုသွားလာကြဖို့ ကော်သူးလေစစ်ဦးစီးချုပ် စောနယ်ဒါးမြက အောက်တိုဘာ ၂၆ ရက်နေ့မှာ လက်မှတ်ရေးထိုးပြီး သတိပေးကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။ ကရင်ပြည်(ကော်သူးလေ)နယ်နိမိတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကော်သူးလေတပ်မတော်သားတို့အကြား စစ်ရေးတင်းမာမှုတွေဖြစ်ပေါ်နေပြီး တိုက်ပွဲအရှိန်အဟုန်မြင့်တက်လာမှာဖြစ်တဲ့အတွက် အာရှလမ်း အသုံးပြုသွားလာခြင်းကို တိုက်ပွဲဖြစ်ပေါ်နေစဉ်ကာလအတွင်း သတိထား သွားလာအသုံးပြုဖို့ အသိပေးတယ်လို့ ကြေငြာချက်မှာ ဖော်ပြပါရှိပါတယ်။…